ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 16, 2011

ဘ၀စစ်စစ်ထဲက စစ်

>
**မသေချာတဲ့ အနာဂတ်အရိပ်တွေ စေ့ဆော်မှုတိုးပွားလာ
မရေရာခဲ့ ဆင်ဆာဖြတ်အတိတ်မှာ မွေ့လျော်ဖို့ ကြိုးစားကြတယ်....။

**အိုမင်းရင့်ရော်တဲ့ ခန္ဓာအိမ်ထဲမှာ
ကြွေလွင့်သွားခဲ့ နုပျိုခြင်းများ ပြန်ကောက်
ဘ၀ခရီးတထောက်မှာ ယုံကြည်ရာ ရဲရဲ လျှောက်ရဦးမယ်....။

**ကံကြမ္မာမှာ ဖေ့စ်ဘုတ်(Face Book ) မရှိမှန်းသိရဲ့
ပြန်ကာလှန်ကာ မိတ်ဖြစ်ဆွေဖြစ် ရှာဖွေနေမိတယ်.....။

**ထိန်ချန်မေ့ပစ်လို့ မရတဲ့ ဘ၀လမ်းတိုတိုမှာ
အချိန်တန် အိမ်မပြန်ဖြစ်ခဲ့ နေ့ရက်များ ပိုမိုများပြားလာတယ်....။

**နှစ်အတန်ကြာ သိမ်းဆည်းထားတဲ့ တချို့ရဲ့ရိုးသားခြင်းများ
မိုးခါးရေတွေတိုက်စားလို့ ရေကာတာလိုကျိုးသွားမှာ စိုးရိမ်တယ်...။

**အတိတ်အကြောင်းတွေ စဉ်းစားရင်း
စိတ်ထောင်း ကိုယ်ကြေခဲ့မြို့ပြ
ရေကြည်ရာ မြက်နုရာရှာမရတဲ့ အမှောင်ညတွေက ခြောက်လှန့်နေတယ်..၊
ရှင်သန်ခြင်း အနီးအနားမှာ ဘယ်ကိုသွားရမှန်းမသိတဲ့
သေမင်းတမန် အဝေးပြေးလမ်းမတွေ တမျှော်တခေါ် ၊
စီးပွားရေး ဗိုက်နာတဲ့ကြားမှာ တိုက်တာမျှော်စင် မြင့်မြင့်များက
သားရေးသမီးရေး မစဉ်းစားအားတဲ့ နိမ့်ကျမှုတွေ ပြန်မြင်ယောင်မိကာ
လာရာလမ်းကို မငြိမ်းမချမ်း လှည့်ပြန်ဖို့ ခြေလှမ်းမပြင်တော့
အနာဂတ် နိုင်ငံတော်က ခြစား ပြိုပျက်နေတယ်....။

**အားလုံးက ချစ်တဲ့ ရွှေရည် ငြိမ်းချမ်းရေးနဲ့
အများက မုန်းခဲ့ ရေရှည်စစ်ဆိုတာ
ဘယ်တော့မှ မဆုံဆည်းမဲ့ အစိုးမရ မျဉ်းပြိုင် နှစ်ကြောင်းဆိုပေမဲ့
ပြိုင်မြင်းတွေလို လွတ်လပ်စွာ ကဆုန်ပေါက် ဒုန်းစိုင်းလိုက်ချင်လို့
အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းချီကားကို ခဏခဏ စိတ်ကူးနဲ့ဆွဲနေမိတယ်....။

**စစ် ဆိုတာ
တသက်စာအတွက် ရှေးဟောင်းပစ္စည်းတစ်ခုလို
လက်ရာမပျက် စုဆောင်းထားလို့ ကောင်းတဲ့အရာ မဟုတ်ဘူး..။

**အောင်ခိုင်မြင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)