(200 hospitalized by 'food poisoning')
**ဖိလစ်ပိုင်နိုင်ငံ၌ အစာအဆိပ်သင့်မှုဖြစ်ပွား ၊လူ ၂၀၀ ခန့် ဆေးရုံတင်ပို့ရ**
(မနီလာ၊ ဇွန် ၁၄)
ဖိလစ်ပိုင်နိုင်ငံ ဘူလာကန်ပြည်နယ်မြောက်ပိုင်းတွင် ဇွန် ၁၄ ရက်က မွေးနေ့ပွဲတစ်ရပ်၌ ကျွေးမွေးသော အစားအစာများကို စားသုံးကြပြီးနောက် လူ ၂၀၀ ခန့် အစာအဆိပ်သင့်ကာ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒေသန္တရကျန်းမာရေးအရာရှိ ဒေါက်တာရီဇွလ်လီလူကတ်စ်က ပြောကြားသည်။ အစာအဆိပ်သင့်မှုဖြစ်ပွားသူ အများစုမှာ ကလေးငယ်များဖြစ်ကြပြီး ၀မ်းဗိုက်နှင့် ရင်ဘတ်များအောင့်ခြင်းနှင့် နာကျင်ခြင်းများ ခံစားခဲ့ကြရကြောင်း ၄င်းတို့အား ဆေးရုံး၌ ဆေးကုသမှုခံယူစေခဲ့သဖြင့် ဝေဒနာခံစားနေမှုများ သက်သေစေခဲ့ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**နယူးဇီလန် ခရစ်ချက်မြို့၌ ငလျင်လှုပ်၊ နေအိမ်များပျက်စီးလူ ၄၀ ကျော်ဒဏ်ရာရ**
(၀ယ်လ်လင်တန်၊ ဇွန် ၁၄)
နယူးဇီလန်နိုင်ငံ ခရစ်ချက်မြို့တွင် ဇွန် ၁၃ ရက်က အင်အားချစ်ခ်ျတာစကေး ၆ ရှိသော ငလျင်ထပ်မံလှုပ်ခဲ့ရာ နေအိမ်များပျက်စီးပြီးလူ ၄၀ ကျော် ဒဏ်ရာရှိခဲ့ကြောင်း နယူးဇီလန်အရာရှိများက ဇွန် ၁၄ ရက် ၌ ပြောကြားသည်။ ယင်းနေ့က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ ရှိ ငလျင်လှုပြီး နောက်မကြာမီ ၄င်းငလျင် ထပ်မံလှုပ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုသည် ခရစ်မြို့အနီးတွင် ကျရောက်သဖြင့် မြို့ဆင်ခြေဖုံး အရပ်များရှိ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ဒူဘီမီးတောင် ပေါက်ကွဲမှုဖြစ်ပွား ပြာမှုန်နှင့် မီးခိုးများပျံ့လွင့်နေ**
(တိုလိုမိ၊ ဇွန် ၁၄)
အာဖရိကအရှေ့ပိုင်း နိုင်ငံငယ်တစ်နိုင်ငံဖြစ်သည့် အီရီယရီရာနိုင်ငံရှိ ဒူဘီမီးတောင်သည် ဇွန် ၁၃ ရက်၌ ပေါက်ကွဲခဲ့ရာ ပြာမှုန်နှင့် မီးခိုးများ ဝေဟင်အမြင့် ၁၅ ကီလိုမီတာအထိ လွင့်ပျံ့လျက်ရှိကြောင်း ဒေသအရာရှိများက ဇွန် ၁၄ ရက်တွင် ပြောကြားသည်။ ၄င်းမီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်နေသော မီးခိုးပြာမှုန်များကြောင့် ဒေသအတွင်းလေကြောင်းပျံသန်းမှုများကို ထိခိုက်စေနိုင်ကြောင်း သက်ဆိုက်ရာက သတိပေးထားသည်။ ယင်းမီးခိုးနှင့် ပြာမှုန်များမှာ အိမ်နီးချင်းဆူဒန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ ဝေဟင်အထိလွင့်ပျံ့လျက်ရှိသည်။ အဆိုပါ မီးတောင်သည် လွန်ခဲ့သည့် ၁၈၆၁ ခုနစ် အနောက်ပိုင်း ယခုပထမအကြိမ်အဖြစ် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
t

No comments:
Post a Comment