ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 1, 2011

ထိုင်နေကောင်းသား ထသွားမှဂျိုကာဖြစ်

>

ခုတလော ငယ်စဉ်ကျောင်းနေဘက်ဖြစ်ခဲ့ဖူးတဲ့၊ သန်းဝေ ဆိုသူ ခဏခဏသတိယနေမိတယ်။ မူလကတော့ သူ့နာမယ် သန်းဝေပေါ့ နောက်တော့ဂျိုကာ သန်းဝေဖြစ်သွားရတယ်။ ဖြစ်သွားရ ပုံက ဒီလိုပါ…

ကျနော်တို့ငယ်စဉ်က ဒီဇင်ဘာကျောင်းသားအားကစားပွဲတော်အတွက် ဆောင်းဦးပေါက်တွင် ပြည်နယ်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပလေ့ရှိ ကြပါတယ်။ ကျနော်တို့ကျောင်းအသင်းရဲ့ ဘောလုံးပွဲတိုင်း၊ ကျနော်တို့မြို့နယ်အသင်းနဲ့ ကန်တဲ့ ဘောလုံးပွဲတိုင်းမှာ၊ သန်းဝေဟာ အ တက်ကြွဆုံး ဘောလုံးပွဲပရိဿ တစ်ယောက်ဆိုရင်မမှားပါဘူး။

တကယ်တော့ သူဟာ ဘောလုံးကန်တာထက် ခြင်း(ဝိုင်းခြင်း)ခတ်တာကို အားသန်တယ်။ အကြောင်းရင်းကလည်း ငယ်ငယ်က သူ့ကို ဘောလုံးအရှိန်ပြင်းပြင်းနဲ့ မှန်ခဲ့ဖူးကတည်းက ဘောလုံးကိုလန့်နေခဲ့တာတဲ့။ ဒါပေမဲ့ ကျောင်းပေါင်းစုံဘောလုံးပွဲမှာ ကျောင်းအလိုက် ကျောင်း သူ လေးတွေလည်း လာရောက်အားပေးတတ်ကြတော့ကာ မောင်မင်းကြီးသားလည်း ထို အ ကြောင်းအားဖြင့် ဘောလုံးပွဲကြည့်ပရိဿဖြစ်လာရပါတယ်တဲ့။ တက်တက်ကြွကြွ အားပေး တတ်သူလည်းဖြစ်။ လူကလည်းထွား၊ အသံကလည်းအောင်၊ စကားကလည်းတတ် ဆိုတော့ ကာ သူ့ကိုခင်မင်သူက များမှများပါဘဲ။ တခါတလေမှာတော့ အမြှောက်ကောင်းရင် ဂွေးတက် အောင်ကတဲ့လူစား လို့လည်းဆိုလို့ရပါတယ်။

သူအားပေးတဲ့အသင်းရှုံး နိမ့်ခဲ့ရင်ဖြင့် ဒီအပေါ်မှာ အားမလိုအားမရဖြစ်ကာ ပြစ်တင် ဝေဖန် တတ်လာပါတယ်။ ဒီလိုနဲ့ အလယ်တန်းကျောင်းသား အာဘောင်အာရင်း သံသံနဲ့ ဘောပွဲ ဝေ ဖန်ရေး ဆရာလေးဖြစ်မှန်းမ သိဖြစ်လာတယ်။

ကျနော်တို့ကျောင်းအသင်း၊ ကျနော်တို့ မြို့နယ်အသင်းရှုံးပြီး နောက်ရက်ဆိုရင် ကျောင်းဘေး ကညောင်ပင်အောက်မှာ ၅တန်း၊ ၆တန်း၊ ရတန်း ၊ ၈တန်း ကျောင်းသားတွေကိုစု ပြီး မောင်မင်း ကြီးသားက အပီ ဝေဖန်ပြလေ့ရှိတယ်၊ “. ဟို..ကောင်က ဘယ်လိုညံ့လို့၊…. ဘယ်လိုလုပ်ရမှာ ကို မလုပ်လိုက်လို့ဂိုးမရတာ..နာသွားတာပေါ့၊ ဂိုးရခွင့်ရှုံးရတာပေါ့…ဒီကောင်က ဘယ်ဘက်ကို ခေါက် ညာခြေနဲ့ ကန်သွင်းရမှာ… ဒီကောင် ညံ့လို့ ဂိုးမရတာပေါ့..” စသည်ဖြင့်။

နောက်တော့ သူဝေဖန်မှုက တ ဖြည်းဖြည်းတော့ အဆင့်မြှင့်လာတယ်။ နိုင်ငံခြားပွဲတွေ၊ ကမ္ဘာ့ ပွဲတွေကိုတောင်ဝေဖန်လာတယ်။ “… အဲဒီနေရာမှာ ဗဟာဒူး သာဆိုရင် ဘယ်လိုလုပ်လိုက်မှာ၊ ပီလီဆိုရင်တော့ ဒီနေရာမှာ ဘယ်လိုကန် တာ..” စသည်ဖြင့် ဝေဖန်တတ်လာတယ်။ အများ အားဖြင့် သူ့ဝေဖန်ရေးထဲမှာ.. “ဟိုကောင်ညံ့ လို့…. ဒီကောင်ညံ့လို့… ဟိုလိုကန်ရမှာ… ဒီလိုလှည့်ကန်ရမှာ… ဟိုဘက်က ဖြတ်ကန်ရမှာ… အသင်းခေါင်းဆောင်လုပ်ပီပီ.. ဒီလိုလုပ် ရမှာ..ဟိုလိုလုပ်ရမှာ…ဒါကိုများ…ဒီလောက်တောင်..ညံ့ရတယ်လို့ကွာ….” စသည်ဖြင့်ပြစ်တင် ဟန်တွေပိုများတယ်။ အထူးသဖြင့်တော့ အသင်း ခေါင်းဆောင်ကို အပြစ်ဖို့ပါတယ်။ ဟိုလူနဲ့ ဟိုလူနေရာပြောင်းမှာ၊ ဟို ရွေ့သည်ရွေ့လုပ်ရမှာကို မလုပ်လို့ပေါ့ကွာ၊ တကယ်တော့ လူလဲပစ်ရမှာလို့ အားမလိုအားမရနဲ့၊ သူ့ကိုယ်သူ နည်းပြဆရာအတတ်ကိုကျွမ်းသလိုလို၊ အသင်းအုပ်ချုပ်မှုကျွမ်းသလိုလိုပုံမျိုး ဝေဖန်လေ့ရှိတယ်။

တနေ့မှာ တခြားကျောင်းတစ်ကျောင်းက (ခပ်ညံ့ညံ့အသင်း)နဲ့ကျနော်တို့ကျောင်းအသင်း ပြိုင် ပွဲကစားဖို့ရှိရာ ကျနော်တို့ ကျောင်းအသင်းမှ ဘောသမား နှစ်ယောက်သုံးယောက်မှာ ရုတ်တ ရက် တုတ်ကွေးကြောင့်ဖျား နေကြတဲ့အတွက်၊ သူတို့နေရာမှာ လူစားထိုးလိုနေတော့ကာ ဝေ ဖန်ကောင်းတဲ့ မောင်မင်းကြီးသားကိုလည်း ဆရာက ဝင်ကစားခိုင်းပါတော့တယ်။ တကယ်တော့ သူကငြင်းလိုက်သင့်တယ်လေ။ သူမငြင်းခဲ့ဘူး၊ ဝင်ကပြချင်တဲ့ဇောကပ်နေပုံရ တယ်။

ဟန်ပန်အပြည့်နဲ့ ကွင်းထဲပြေးဝင်သွားလိုက်ပုံက အပီအပြင်ဘဲ၊ မောင်သန်းဝေမှ ဟုတ်ရဲ့လား ထင်ရတယ်။ ဒါပေမဲ့ ၁၅ မိနစ်လောက်ဘဲ ကစားရသေးတယ် မောင်မင်းကြီးသား ကိုးယိုး ကားယားတွေဖြစ်နေပါလေရော။ ပထမတချက်က ဖိနပ်မနိုင်ဘူး၊
ဒီတော့ မပြေးနိုင်ဘူး။ ဒုထိယ အချက်က လေ့ကျင့်ထားတာမရှိဘူး၊

ဒီတော့ယုံတောင်ပြေး ခွေးမြောက်လိုက်လိုဖြစ် နေတယ်။ တတိယအချက်က ပြိုင်ပွဲ ကစားတဲ့အတွေ့အကြုံမရှိဘူး၊ ပရိဿအော်သံ အားပေး သံကိုလန့်နေတယ်၊ တခါတခါ အော် သံကြားရင်ကြောင်အမ်းအမ်းရပ်နေတတ်တယ်။ ဒီတော့ ကွင်းထဲမှာ ဂျိုကာကိုဖြစ်လို့နေပါတယ်။ ပရိဿအတွက်ရီစရာဖြစ်နေသလို၊ တချိန်ထဲမှာဘဲ ပူညံပူညံတွေဖြစ်လာပြီး သူ့ကိုထွက်ခိုင်းဖို့လှမ်းအော်သံတွေကြားလာရပါတော့တယ်။ နောက် ၁၀ မိနစ်လောက်အကြာမှာတော့ ဆရာက သူ့ကိုထွက် ခိုင်းလိုက်ရပါတော့တယ်။ သူ့ခမျာမှာ လည်း မျက်နှာပူစွာနဲ့ဘဲ၊ ရှေ့မျက်နှာ နောက် ထားလို့ ထွက်လာခဲ့ရပါတယ်။

တချို့ ကျောင်းသားများက

သူကို “ ဟေ့.. သန်းဝေ…မင်း ကစားတတ်တာဘော လုံးမဟုတ်ဘူးကွ၊ ပရိဿက ကစားတာ ကိုကြည့်ချင်တာပါ၊ ဂျိုကာလုပ်တာကိုကြည့်ချင်တာ မဟုတ်ပါဘူး။ မနက်ဖန်မှ ညောင်ပင် အောက်မှာ မင်းကို ဝေဖန်ခိုင်းရမယ်ဟေ့…”လို့ ထေ့ငေါ့ငေါ့ ဝိုင်းအော်ကြတယ်။

အဲဒီနေ့ကစလို့ ဘော့လုံးဝေဖန်ရေး ဆရာကြီးမောင်သန်းဝေမှာ..အော်…လက်တွေ့မှာတော့.. ပြောရသလောက်မလွယ်ပါလားဆိုတာ…သဘောပေါက်သွားပုံရတယ်။ သူ့နာမယ်လည်း ဘော လုံးပွဲအမှတ်တရ အပေါင်းအသင်းတွေကြားမှာ ဂျိုကာသန်းဝေလို့ အမည်တွင်ခဲ့ရပါတော့ တယ်။

ခုတလော ဂျိုကာသန်းဝေကို မကြာမကြာ သတိယစေတာက “……အသစ်ကပြန်စကြစို့” ဆိုတဲ့ ဒေါက်တာ လွမ်းဆွေ ဆောင်းပါး ရဲ့ စေ့ဆော်မှု ကြောင့်ဖြစ်မယ်ထင်ပါတယ်။

**ဝင်းမောင်**

၁၁ - မေလ ၂၀၁၁။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)