**အိန္ဒိယနိုင်ငံမှ လူစီးရထားတစ်စင်းပေါ်၌ချိန်ကိုက်ဗုံးတလုံးအား လုံခြုံရေးတပ်ဖွဲ့ ကအချိန်မီဖယ်၇ှား**
(နယူးဒေလီ ဇွန်လ-18)
အိန္ဒိယနိုင်ငံအရှေ့ မြောက်ပိုင်း အာသံပြည်နယ်ဘက်မှလူတစ်ထောင်စီးနင်းလိုက်ပါလာသောလူစီးရထားတစ်စင်းအား ဇွန်လ၁၇
ရက်နေ့ ကအိန္ဒိယလုံခြုံရေးတပ်ဖွဲ့ ဝင်များက ရထားအားရပ်တန့် ပြီး သတင်းအရ ရှာဖွေရာ ချိန်ကိုက်ဗုံးတလုံးအားတွေ၇ှိခဲ့
ကြောင်း၊ မည်သူ၏လက်ချက်မှန်းစုံစမ်းနေဆဲဖြစ်ကြောင်း လုံခြုံေ၇းတပ်ဖွဲ့ အရာ၇ှိတဦးကပြောဆိုသည်။(အင်တာနက်)
(watch pentagon terror scare...)
**ပင်တဂွန်စစ်ဌာနချုပ်အနီးဖောက်ခွဲရန် ကြိုးပမ်း၊ကားတစ်စီးနှင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးမိ**
(၀ါရှင်တန်၊ ဇွန် ၁၈)
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အနီး ဇွန် ၁၇ ရက်ကဖောက်ခွဲရန် ကြံစည်ကြိုးပမ်းနေသည့် သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစ်စီးအတူ အမျိုးသားတစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း အေဘီစိသတင်းဌာနက ဇွန် ၁၈ ရက်၌ ထုတ်ပြန်သည်။ ၄င်းအမျိုးသားနှင့်အတူ အယ်လ်ခိုင်ဒါအဖွဲ့နှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် စာရွက်စာတမ်းအချို့တွေ့ရှိ ရသဖြင့် အမေရိကန်လုံးခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံတောင်ပိုင်း၌ ကုန်တင်သင်္ဘော ပေါက်ကွဲမီးလောင်၊ ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ**
(ကွမ်ကျို့၊ ဇွန် ၁၈)
တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်တောင်ဘက်၌ ဇွန် ၁၇ ရက် နံနက်ပိုင်းက ကုန်သင်္ဘောတစ်စင်းမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။ ယင်းသင်္ဘောမှာ ပြန်နယ်မြို့တော် ကွမ်ကျို့မြို့အနီးရှိ ရှီလူမြို့ ကုန်တင်ကုန်ချဆိပ်ကမ်းအလွန်၌ ဇွန် ၁၇ ရက်နံနက် ၁ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ သင်္ဘောပေါက်ကွဲမှုဖြစ်ပွားစဉ် သင်္ဘောပေါ်၌ လူမည်မျှရှိသည်ကို မသိရသေးကြောင်း၊ ပေါက်ကွဲပြီး မီးလောင်သည့်အတွက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ကနဦးသတင်းအဖြစ် ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
(Bomb on train)

No comments:
Post a Comment