ဦးဘကလေး (ရွှေတလေး) - ပထမ ကာတွန်းဆရာ
ပထမဆုံးသောကာတွန်းကို အင်္ဂလိပ်ဘာသာဖြင့်ရေးဆွဲခါ ရန်ကုန်ကောလိပ်
အင်္ဂလိပ်ဘာသာထုတ် မဂ္ဂဇင်းတခုတွင် ဖော်ပြခံခဲ့ရသည် ။
သူ၏ကာတွန်းသည် ပထမဆုံး မြန်မာကာတွန်းဆရာ၏ လက်ရာလည်းဖြစ်သည် ။
ထိုကာတွန်းကို ရန်ကုန်တိုင်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာ နော်လင်ဆိုသူက
လွန်စွာကြိုက်နှစ်သက်သွားပြီး ၊ သူ့သတင်းစာ၏ ခရစ္စမတ် အထူးထုတ်စာစောင်တွင်
နောက်ထပ်ကာတွန်းတခုထည့်သွင်းရန် ဦးဘကလေးကို ရေးဆွဲစေခဲ့သည် ။
ထိုစာစောင်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတ၀ှမ်းသို့ တင်ပို့
ဖြန့်ချီခဲ့ရာ ဦးဘကလေး၏ လက်ရာသည် အစမှာပင် နိုင်ငံခြားတိုင်းပြည်များထိ
ပျံ့နှံ့ခဲ့သည် ။
ထို့နောက် သူရိယ မဂ္ဂဇင်းတွင် မြန်မာဘာသာဖြင့် ကာတွန်းတပုဒ်ရေးသားခဲ့သည် ။
ထိုကာတွန်းကိုလည်း မြန်မာစာဖတ်ပရိသတ်က အလွန်သဘောကျခဲ့သောကြောင့် ဦးဘကလေး
ချက်ချင်းနာမည်ကြီးသွားခဲ့သည် ။
မြန်မာကာတွန်းရေးဆွဲရာတွင် ဘကြီးမေတ္တာတုံး ၊ ရွှေဘလေး ၊ ဘကလေး စသော
နာမည်အမျိုးမျိုးကို သုံးခဲ့သည် ။ နိုင်ငံရေး လူမှုရေး နှင့် ကြေငြာ
ကာတွန်းများဆွဲရာတွင် ထူးချွန်ရုံသာမက ၊ ပန်းချီ အနုပညာနှင့်
ကျောင်းပညာတွင်လည်း အောင်မြင်ခဲ့သည် ။ ထို့အပြင် ထူးချွန်သော
ရုပ်ရှင်အနုပညာရှင်လည်း ဖြစ်သည် ။ အလွမ်း ၊ အသော ၊ အကြမ်း စသည်ဖြင့်
ဘက်အမျိုးမျိုးမှ အမူအရာအမျိုးမျိုးနှင့် သရုပ်ဆောင်နိုင်ခဲ့သည် ။
သူ သရုပ်ဆောင်ခဲ့သော လူပျော်ကြီး ဦးရွှေရိုးဇာတ်ကောင်သည်
အလွန်ရေပန်းစားခါ ဦးရွှေရိုး အ၀တ်အဆင် ၊ ဦးရွှေရိုး အက ဟူ၍
တစ်နိုင်ငံလုံး ပေါ်ပေါက်ခဲ့သည် ။
ဇာတ်ကောင်တခုကို သရုပ်မဆောင်ခင် သူသည် ထိုဇာတ်ကောင်နှင့် ပတ်သက်သော
ပတ်ဝန်းကျင်သို့ သွားရောက်ပြီး အချိန်ယူခါ သေချာလေ့လာမှတ်သားတတ်သည် ။
သူသည် သရုပ်ဆောင်သူအဖြစ်သာမက ဇာတ်ညွှန်းရေးဆရာ ၊ ဒါရိုက်တာအဖြစ်လည်း
ဘက်စုံတော်သည်ဟု ဆိုနိုင်လောက်အောင် လုပ်ဆောင်နိုင်ခဲ့လေသည် ။
ကျမ်းကိုး။ ။မြန်မာ့သမိုင်း
ခင်မင်လေးစားသော
**ရွှေအိမ်စည်**

No comments:
Post a Comment