ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 17, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
(Prison riot death toll rises to 19)
**ဗ င်နီဇွဲလား၌ အကျဉ်းသားများရန်ဖြစ်၊ ၁၉ ဦးသေဆုံး**

(ကာရာကတ်စ်၊ ဇွန် ၁၅)
ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကတ်စ်အနီးရှိ အီလ်ရိုဒီရိုအကျဉ်းထောင်တွင် ဇွန် ၁၄ ရက်က အကျဉ်းသားအုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၉ ဦးသေဆုံး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ဗင်နီဇွဲလားအရာရှိများက ဇွန် ၁၅ ရက်၌ ပြောကြားသည်။ (အင်တာနက်)

**အိန္ဒိယနှင့် သီရိလင်္ကာ ကူးတို့သင်္ဘောခရီးစဉ် စတင်**
(ကိုလံဘို၊ ဇွန် ၁၅)
အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၂၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ခရီးသည်တင် ကူးတို့သင်္ဘောပြေးဆွဲမှုကို စတင်လိုက်ပြီးဖြစ်ကြောင်း သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တူတီကိုရင်ပင်လယ်ဆိပ်ကမ်းမှ ဇွန် ၁၂ ရက်တွင် ထွက်ခွာလာခဲ့သော “ဆော်ရှားပရင့်စ်” အမည်ရှိ ကူးတို့သင်္ဘောသည် ကိုလံဘိုပင်လယ်ဆိပ်ကမ်းသို့ ဇွန် ၁၄ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်းနှစ်နိုင်ငံဆက်သွယ်နိုင်သည့် ကူးတို့သင်္ဘောခရီးစဉ်ကို ရပ်နားထားခဲ့ရသည်။ ခရီးသည် ၁၀၄၄ ဦးလိုက်ပါနိုင်သော အဆိုပါကူးတို့ သင်္ဘောသည် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် ကိုလံဘိုမြို့နှုင့် တူတီကိုရင်မြို့အကြား ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)

**တောင်အာဖရိကနိုင်ငံ၌ မီးလောင်မှုဖြစ်ပွား၊ ၁၂ ဦးသေဆုံး**
(ဂျိုဟန်နစ္စဘတ်၊ ဇွန် ၁၅)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့ အရှေ့ဘက် စပရင်းစ်မြို့တွင် ဇွန် ၁၄ ရက်က သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဌာန၌ မီးလောင်မှုဖြစ်ပွားရာ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အရာရှိများက ဇွန် ၁၄ ရက်၌ ပြောကြားသည်။ (အင်တာနက်)

**တရုတ်၌ ဓာတ်ငွေ့ဆိုင်ပေါက်ကွဲမှုဖြစ်ပွား**
(နန်နင်း၊ ဇွန် ၁၅)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်စီကျွမ်ံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘင်ယန်စီရင်စုတွင် ဇွန် ၁၄ ရက်က ဓာတ်ငွေ့အရောင်းဆိုင်တစ်ဆိုင်၌ ကားတစ်စီး ဓာတ်ငွေ့ဖြည့်စဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာ ရှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ဇွန် ၁၅ ရက်၌ ပြောကြားသည်။ (အင်တာနက်)

**ကိုလံဘီယာနိုင်ငံရှိ သတ္တုတွင်း၌ မြေပြို၊ အလုပ်သမား ငါးဦးထက်မနည်း သေဆုံး**
(ဘိုဂိုတာ၊ ဇွန် ၁၅)
ကိုလံဘီယာနိုင်ငံတောင်ပိုင်း ကော်ကာပြညနယ်ရှိ ရွှေဘူးဖော်ထုတ်လုပ်ရေး သတ္တုတွင်းတစ်တွင်း၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်းသေဆုံးကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။ ကော်ကာပြည် လိုပက်ဇ်ဒီမီကေးခရိုင်ရှိ ရွှေတူးဖော်ထုတ်လုပ်ရေး သတ္တုတွင်း၌ မြေပြိုမှုဖြစ်ပွားခဲ့ရာတွင် အလုပ်သမားငါးဦးသေဆုံးခဲ့ကြောင်း သေဆုံးသူငါးဦးမှာ အမျိုးသားလေးဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း ခရိုင်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး အိန်ဂျယ်ရက်စတိုက ပြောကြားသည်။ (အမ်အင်အေ၊ ဆင်ဟွာ)

စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)