ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 12, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
**ဆိုယုဇ် တီအမ်အေ - ၀၂ အမ် အာကာသယာဉ်နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ချိတ်ဆက်မိ**
(ဟူစတန်၊ ဇွန် ၁၀ )
ရုရှားနိုင်ငံမှ လွှတ်တင်လိုက်သော ဆိုယုဇ် တီအမ်အေ - ၀၂ အမ် အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းနှင့် ဇွန် ၁၀ ရက် မော်စကိုစံတော်ချိန် နံနက် ၁ နာရီ ၂၂ မိနစ်၌ အောင်မြင်စွာ ချိတ်ဆက်မိခဲ့ကြောင်း အာကာသယာဉ်ခရီးစဉ်ထိန်းချုပ်ရေးအရာရှိများက ဇွန် ၁၀ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ ဆိုယုဇ် တီအမ်အေ - ၀၂ အမ် အာကာသယာဉ်နှင့်အတူအာကာသယာဉ်မှူးသုံးဦး လိုက်ပါသွားရာ ၄င်းတို့မှာ ရုရှားအာကာသယာဉ်မှူး ဆာဂျီဗော်လ်ကော့ဗ်၊ နာဆာအာကာသယာဉ်မှူး မိုက်ဖို့ဒ်ဆမ်နှင့် ဂျပန်အာကာသယာဉ်မှူး ဆာတိုရှီဖူရူကာဝါတို့ဖြစ်ကြသည်။ ယင်းအာကာသယာဉ်မှူး သုံးဦးတို့သည် နိုင်ငံတကာအာကာသယာဉ်စခန်း၌ ရောက်ရှိနေပြီးဖြစ်သော ရုရှားအာကာသယာဉ်မှူးနှစ်ဦးဖြစ်သည့် အင်ဒရီဘောရစ်ဆင်ကိုနှင့် အလက်ဇန္ဒြားဆားမိုကော့ယက်ဗ်အပါအ၀င်နာဆာ အာကာယာဉ်မှူး ရိုနယ်ဂါရန်တို့နှင့်ပူးတွဲကာ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။ ဆိုယုဇ် တီအမ်အေ - ၀၂ အမ် အာကာသယာဉ်ကို ဇွန် ၈ ရက်က ကာဇက်စတန်ရှိ ဘိုင်ကွန်နော အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ကားကြိတ်ခံရမှုကြောင့် ၁၈ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရရှိ**
(အမီဒါဘတ်၊ ဇွန် ၁၀ )
အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် ဇွန် ၉ ရက်က ကားလမ်းဘေး၌ အိပ်နေကြသူများအား ကုန်တင်ကားတစ်စီးက အရှိန်လွန်ပြီး တက်ကြိတ်ခဲ့ရာ ၁၈ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၀ ရက်၌ ပြောကြားသည်။ ဂူဂျာရက်ပြည်နယ် အမီဒါဘတ်မြို့မှကီလိုမီတာ ၉၀ ခန့်အကွာ၌ ကျင်းပလျက်ရှိသည့် ရိုးရာပွဲတော်သို့ ခြေကျင်းသွားကြသူများ အဝေးပြေးလမ်းမ ပေါ်ရှိ ကော်ဖီဆိုင်အနီးလမ်းဘေး၌ ညပိုင်း ခရီးတစ်ထောက် နား၍အိပ်နေကြစဉ် အဆိုပါ ကုန်တင်ကားက အရှိန်လွန်ပြီး တက်ကြိတ်မိခဲ့ရာမှ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၁၆ ဦးသည် နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများတွင် အမျိုးသမီးကိုးဦးပါဝင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)

**ဖိလစ်ပိုင်နိုင်ငံ၌ ဆာရီကာမုန်တိုင်းတိုက်ခတ် ခြောက်ဦးသေဆုံး ၂၇ ဦးပျောက်ဆုံး**
(မနီလာ၊ ဇွန် ၁၀ )
ဖိလစ်ပိုင်နိုင်ငံတွင် ဆာရီကာအမည်ရှိ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ၊ ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ဖိလစ်ပိုင်အရာရှိများက ဇွန် ၁၀ ရက်၌ ပြောကြားသည်။ ၄င်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တောင်တရုတ်ပင်လယ်ရှိ အက်စပရက်လီကျွန်းအနီးရေပြင်တွင် ဖိလစ်ပိုင်ငါးဖမ်းသမား ၂၆ ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ အနီလာမြို့တောင်ဘက် ဆရီရာယာမြို့တွင် မုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ထို့အတူ လူဇုန်ကျွန်းတွင်လည်း ဇွန် ၁၀ ရက်နံနက်က ဒေသခံရာပေါင်းများစွာ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေပြီး အချို့မှာ ရေဘေးဒုက္ခမှ ကင်းဝေးရန် ကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီကိုစောင့်မျှော်နေရသည်။ ၄င်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်း အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် တစ်နာရီ မိုင် ၄၀ နှုန်းဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းသို့ ဦးတည်ရွေ့လျားသွားကြောင်း သိရသည်။ (အမ်အင်န်အေ၊ အေအက်ဖ်ပီ)

**ဂျာမနီနိုင်ငံ၌ အီး- ကိုလိုင်းရောဂါဖြစ်ပွားမှုပဲပင်ပေါက် မသန့်ရှင်းမှုကြောင့်ဖြစ်ရ**
(ဘာလင်၊ ဇွန် ၁၀ )
လူ ၂၉ ဦးအထိ သေဆုံးခဲ့ရသော အီး- ကိုလိုင်း ဗက်တီးရီးယားပိုးရောဂါ ကူးပြန့်ပွာမှုဖြစ်ပေါ်စေသော အကြောင်းတရားမှာ ပဲပင်ပေါက် မသန့်ရှင်းမှုဖြစ်ကြောင်း ဂျာမနီနိုင်ငံရှိရောဂါထိန်းချုပ်ရေး အေဂျင်စီဖြစ်သော ရောဘတ်ကို့ခ်ျသိပ္ပံမှ စုံစမ်းစစ်ဆေးရေးမှူးများက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။ စပိန်နိုင်ငံမှ တင်သွင်းသော သခွားသီး၊ ခရမ်းချဉ်သီးနှင့် ဆလက်ရွက်တို့၌ ဗက်တီးရီးယာပိုးမွှားများ ပါဝင်မှုကြောင့် ဂျာမနီနိုင်ငံတွင် အီး - ကိုလိုင်းရောဂါးပိုးဆိုင်ရာ အစာဆိပ်သင့်မှုဖြစ်ရသည်ဟု ကနဦးအနေဖြင့် ထင်မြင်ယူဆခဲ့ကြသည်။ အီး - ကိုလိုင်းရောဂါပိုးကူးဆက်ခံရမှုကြောင့် လူပေါင်း ၃၀၀၀ ခန့် နာမကျန်းဖြစ်ခဲ့ရပြီး ဥရောပတိုက်တစ်ဝန်းတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။ (အင်တာနက်)

**လေဆင်နှာမောင်းဒဏ်မှ လွတ်မြောက်ခဲ့သော အမေရိကန်နိုင်ငံသားများ မှိုရောဂါတစ်မျိုးကူးစက်မှုနှင့်ရင်ဆိုင်ရ**
(ဂရင်းကောင်တီ၊ ဇွန် ၁၀ )
မေလအတွင်းတိုက်ခတ်ခဲ့သော ဂျိုပလင်းလေဆင်နှာမောင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ၌ အဆိပ်ပြင်းသော မှိုတစ်မျိုးကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝမ်များအား ဇွန် ၈ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ လေဆင်နှာမောင်းဒဏ်ခံခဲ့ရသော မစ်ဆူရီပြည်နယ်တစ်ဝန်းရှိ အမေရိကန်နိုင်ငံသားများ အကြား အဆိပ်ပြင်းသော မှိုကူးစက်မှု ကိုးမှုကို တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ Zygomysis အမည်ရှိ မှိုသည် လူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်နိုင်ပြီး မှိုကပ်စွဲခံရသည့် တစ်သျှူးများကို ပျက်စီးစေကြောင်းသိရသည်။ ဒဏ်ရာများကြောင့် အသက်မသေခဲ့ရသော်လည်း Zygomysis မှိုကူးစက်ကပ်စွဲခံရခြင်းကြောင့် အသက်သေဆုံးရသော မုန်တိုင်းဒဏ်မှ လွတ်မြောက်လာသူသုံးဦးမှ လေးဦးအထိရှိပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ Zygomysis မှိုသည် သွေးမှတစ်ဆင့်ကူးစက်တက်ပြီး သွေးလည်ပတ်မှုအပေါ်အကျိုးတက်ရောက်မှုရှိသည်။ အကယ်၍ ယင်းမှိုများသည် ခြေနှင့်လက်ကဲ့သို့သော အရိုးအဆစ်များအတွင်း ကပ်စွဲခဲ့ပါက လူနာ၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်သော်လည်း ဦးခေါင်းနှင့်နီးသော ဒဏ်ရာများ၌ ကပ်စွဲခဲ့ပါက ဦးနှောက်တစ်သျှူးများပျက်စီးနိုင်ပြီး လူနာ၏ အသက်ကို ကယ်တင်ရန် အခွင့်အရေးရှိသောမည်မဟုတ်ပေ။ Zygomysis မှိုစွဲရောဂါ၏ အဓိကလက္ခဏာများမှာ ဖျားနာခြင်း ခေါင်းကိုင်ခြင်း သွေးကြောများနာကျင်ခြင်းနှင့် ထူပိန်းလာခြင်း စသည်တို့ဖြစ်သည်။ ယင်းမှိုစွဲရောဂါကြောင့် အာရုံကြောများပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း ဦးနှောက်နှင့် အဆုတ်အတွင်း သွေးခဲ့ခြင်းအပြင် အသက်အန္တရာယ်ကို ထိခိုက်နိုင်သော ဝေဒနာများခံစားရတက်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)