ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 12, 2011

သာမန်လေ ပျော်ရွှင်လေ

>
တစ်ခါက စာကလေးတစ်ကောင်ဟာ သူ့ရဲ့ဘာမှထူးခြားမှုမရှိတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်ပျက်ညည်းတွားနေခဲ့တယ်။ တစ်ညမှာ စာကလေးဟာ သူ့ကိုယ်သူ ရောင်စုံအမွေးအတောင်နဲ့ လှပတဲ့ ဒေါင်းတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူဟာ လှပတဲ့အမွေးအတောင်ကို ဖြန့်ကား ပြီးသတ္တဝါတိုင်းကို ကြွားဝါနေခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကလာတဲ့ ဟိန်းဟောက်သံကို ကြားလိုက်တယ်။ တခြားသတ္တဝါငယ်လေးတွေလိုပဲ အမြင့်ကိုပျံဖို့၊ အမြင့်ကို ခုန်တက်ဖို့ သူကြိုးစားခဲ့ပေမယ့် လေးလံတဲ့ ခန္ဓာနဲ့အတောင်ကြောင့် အမြင့်ကို သူမပျံနိုင်ခဲ့ဘူး။ သားရိုင်းတွေကလည်း နီးသထက်နီးလာခဲ့တယ်။ ရုန်းဆန်ရင်း ကယ်တင်ဖို့ အသံကုန်သူအော်ဟစ်ချိန်မှာ အိပ်မက်ဆိုးကနေ သူလန့်နိုးလာခဲ့တယ်။ အိပ်မက်ကနိုးလာပြီး သေးငယ်တဲ့ ကိုယ့်ခန္ဓာကို စိတ်ပျက်လက်ပျက် သူကြည့်လိုက်မိပြန်တယ်။ ဒုတိယညမှာ စာကလေးဟာ သူ့ကိုယ်သူ သိမ်းငှက်ဖြစ်သွားတယ်လို့ အိပ်မက်မက်ပြန်တယ်။ သူ့ရဲ့သန်မာတဲ့အတောင်ကို ဂုဏ်ယူစွင့်ကားပြီး ကောင်းကင်အမြင့်မှာ ပျံဝဲနေလိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ အမြင့်ကကြည့်ရင် ပိုလှကြောင်း သူသတိထားလိုက်မိတယ်။ လှပတဲ့ရှုခင်းအကြောင်း တစ်ခြားသတ္တဝါလေးတွေကို ပြောပြဖို့ မြေပြင်ကို သူဆင်းခဲ့တယ်။ ဒါပေမယ့် သတ္တဝါလေးတွေက သိမ်းငှက်အသွင်နဲ့ သူ့ကိုမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်။ သူ့အနားမှာ စကားပြောဖော် တစ်ကောင်မှ ကျန်မနေခဲ့ဘူး။ အိပ်မက်ကနိုးလာတော့ စာကလေးဟာ သေးငယ်တဲ့၊ ဘာမှထူးခြားမှုမရှိတဲ့ သူ့ခန္ဓာကိုယ်ကို ညည်းတွားမနေတော့ဘူး။ လှပတဲ့အမွေးအတောင်နဲ့ ဒေါင်းဟာ သားရိုင်းတွေနဲ့ ကြုံတဲ့အခါ မပြေးလွှားနိုင်ခဲ့ဘူး၊ အမြင့်ကို မပျံသန်းနိုင်ခဲ့ဘူး။ သန်မာပြီး သူ့ကိုယ်သူ အမြင့်ဆုံးပျံနိုင်တယ်ဆိုပြီး ဂုဏ်မောက်ခဲ့တဲ့ သိမ်းငှက်မှာလည်း ချစ်ခင်သူတွေ မရှိခဲ့ဘူး။ ထူးခြားမှုမရှိတာလည်း တစ်မျိုးကောင်းတယ်၊ ထူးခြားမှုမရှိလည်း ပျော်ရွှင်ဖို့ကအဓိက၊ ချစ်ခင်သူတွေပေါများဖို့ရာ အဓိကဆိုတာကို သူနားလည်လိုက်တယ်။ ပုံပြင်ထဲက စာကလေးလိုပဲ လူတစ်ချို့က နာမည်ကြီးသူ၊ ချမ်းသာကြွယ်ဝသူတွေကို အားကျကြတယ်။ ကိုယ်တိုင်လည်း ကြိုးစားနေပါရက်နဲ့ ဘာကြောင့်သူတို့လို မဖြစ်တာလဲလို့ စိတ်ပျက်အားငယ်တတ်ကြတယ်။ ချမ်းသာကြွယ်ဝတိုင်း၊ အောင်မြင်တိုင်း သူတို့ဘဝဟာ ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ လူတွေမသိကြတဲ့၊ မမြင်နိုင်တဲ့ အခက်အခဲ၊ ထုတ်ဖော်မပြောဝံ့ကြတဲ့ အခက်အခဲတွေလည်း သူတို့မှာရှိကြတယ်။

သူတို့ရဲ့ စိတ်ဖိအား၊ အဖက်ဖက်က ဖိစီးမှုတွေက ဘာမှမထူးခြားတဲ့ လူတွေထက် နှစ်ဆရှိနိုင်ပါတယ်။ ဘာမှမက်မောမှုမရှိတဲ့ ဘဝကမှ ဖိစီးမှုကင်းပြီး ပျော်ရွှင်ရတယ်။ “ဘာမှမထူးခြားဘူး၊ သာမန်ပဲ” ဆိုတာတွေဟာ ဘုရားသခင်က ကိုယ့်ကိုပေးတဲ့ မထည်ဝါတဲ့ အရာတွေဖြစ်ပေမယ့် တန်ဖိုးအရှိဆုံးဖြစ်တယ်။ ဘာမှထူးခြားမှုမရှိတဲ့ ကိုယ့်ကိုယ်ကို ကြည့်ပြီး စိတ်ပျက်အားငယ်မနေကြပါနဲ့။ ပျံသန်းနိုင်တဲ့အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့ အိပ်မက်မက်နိုင်ချိန်မှာ အိပ်မက်တွေကို လက်မလွှတ်ပါနဲ့ ချစ်နိုင်တဲ့အချိန်မှာ အချစ်ကိုလက်မလွှတ်ပါနဲ့ ပျော်ရွှင်ခြင်းလာချိန်မှာ ပျော်ရွှင်ခြင်းတွေကို အမိအရဖမ်းဆုပ်လိုက်ပါ.... ဘာသာပြန်ထားတာကြာပါပြီ -- မူရင်းလင့်လည်း ရှာမတွေ့တော့ပါဘူး--- အားလုံးပျော်ရွှင်ဖို့ မျှဝေလိုက်ပါတယ်..

By: Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)