ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 7, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
**ယူရို ၂၀၁၂ ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်အင်္ဂလန်နှင့် ဆွစ်ဇာလန် နှစ်ဂိုးစီသရေပွဲဖြစ်**
(လန်ဒန်၊ ဇွန် ၅)
ယူရို ၂၀၁၂ ခြေစစ်ပွဲဘောလုံးပြိုင်ပွဲများကို ဇွန် ၅ ရက် နံနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်နှင့် ဆွစ်ဇာလန်အသင်းတို့ ပြိုင်ပွဲ၌ တစ်ဖက်နှစ်ဂိုးစီ သရေပွဲဖြစ်သွားခဲ့သည်။ ၀င်ဘလေကွင်းကြီး၌ ယှဉ်ပြိုင်ကစားခဲ့သော ယင်းပြိုင်ပွဲတွင်ဆွစ်ဇာလန်အသင်းက ဦးဆောင်ဂိုး နှစ်ဂိုးသွင်းပြီးမှ အင်္ဂလန်အသင်းက နောက်မှ နှစ်ဂိုးလိုက်သွင်းခဲ့ခြင်းဖြစ်သည်။
ဆွစ်ဇာလန်အသင်းအတွက် ဂိုးများကို ဘာနက်တာက ပွဲချိန် ၃၂ မိနစ်နှင့် ၃၅ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသငးအတွက် ချေပဂိုးကို ပွဲချိန် ၃၇ မိနစ်တွင် ကွင်းလယ်ဖန်တီးရှင် လမ်းပတ်ကပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ပြီး ဒုတိယချေပဂိုး ကို အက်ရှ်လေယန်းကပွဲချိန် ၅၁ မိနစ်တွင် သွင်းယူခဲ့သည်။ အင်္ဂလန်အသင်းသည် အုပ်စု (ဆ) တွင်ပါဝင်ကာ ယူရိုခြေစစ်ပွဲ ငါးပွဲကစားပြီးချိန်တွင်သုံးပွဲနိုင်၊ နှစ်ပွဲသရေဖြင့်ရမှတ် ၁၁ မှတ် ရရှိ၍ အုပ်စုအမှတ်ပေးဇယား၌ ဦးဆောင်နေသည်။

ဆွစ်ဇာလန်အသင်းမှာမှု ငါးပွဲကစား တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားပြီး အမှတ်ပေးဇယား တတိယနေရာတွင်ရှိနေသည်။ ယူရိုခြေစစ်ပွဲများကိုယှဉ်ပြိုင်ကစားရာတွင် အိမ်ရှင်များအဖြစ် လက်ခံကျင်းပမည့် ပိုလန်နှင့် ယူကရိန်းတို့သည် အလိုအလျောက် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ အုပ်စုကိုး အုပ်စုဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိရာ အမှတ်အများဆုံးအသင်းကိုးသင်းသည် ယူရို ၂၀၁၂ အတွက် ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

**အခြားပွဲရလဒ်များ**
ဂရိ ၃ - ၁ မော်လ်တာ
အိုက်စလန် ၀ - ၁ ဒိန်းမတ်
လတ်ဗီးယား ၁ - ၂ အစ္စရေး
မက်ဆီဒိုးနီးယား ၀ - ၂ အိုင်ယာလန်
မွန်တီနီဂရိုး ၁ - ၁ ဘူလ်ဂေးရီးယား
ပေါ်တူဂီ ၁ - ၀ နော်ဝေ
ရုရှား ၃ - ၁ အာမေးနီးယား
ဆလိုဗားကီးယား ၁ - ၀ အင်ဒိုရာ
(အင်တာနက်)

**စင်ကာပူနိုင်ငံ၌ မိုးသည်းထန်ပြီး ရေလွှမ်း**
(စင်ကာပူ၊ ဇွန် ၅)
စင်ကာပူနိုင်ငံ၌ ဇွန် ၅ ရက်နံနက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စင်ကာပူနိုင်ငံရှိ ဒေသများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း စင်ကာပူအရာရှိများက ပြောကြားသည်။ မိုးသည်းထနစွာရွာသွန်းမှုကြောင့် ဘူကစ်တီမက်လမ်းမကြီးတစ်လျှောက် ရေလွှမ်းခဲ့ပြီးမော်တော်ယာဉ်သွားလာမှုအခတ်အခဲများ ကြုံတွေ့ရသည်။ ထို့အတူ ပိုတောင်ပါဆာ၊ မက်ဖာဆန်၊ တိုရာပါယိုဂ်ျနှင့် ဘာလက်စတီးရာ အရပ်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှု့ကြောင့် အချို့မော်တော်ယာဉ်များ ရေနစ်မြုပ်ခဲ့ရသည်။ ပါဆာရစ်၊ တမ်ပီနက်စ်နှင့်ဘီဒေါ့သ်အရပ်များတွင်လည်း နှစ်နာရီခန့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့သဖြင့် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။ (အင်တာနက်)

**အရီဇိုးနားပြည်နယ်၌ တောမီးလောင်ကျွမ်း၊ မီးခိုးများ မိုင် ၂၀၀ ကျော်အထိပျံ့လွင့်ရဟတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရ**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၅)
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ မီးခိုးများမှာ မိုင် ၂၀၀ ကျော်အထိ ပျံ့လွင့်လျက်ရှိကြောင်း အမေရိကန်အရာရှိများက ဇွန် ၅ ရက်၌ ပြောကြားသည်။ တောမီးလောင်ကျွန်းမှုမှာ သစ်တောဧက ၂၅၀၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း၊ အရီဇိုးနာပြည်နယ် အရှေ့အလယ်ပိုင်းရှိ အယ်လ်ပိုင်းဒေသအနီး သစ်တောဧရိယာများအထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း၊ အနီးဝန်းကျင်ရှိ ဒေသခံ ၂၅၀၀ ကျော်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ တောမီးလောင်ကျွမ်းမှုကြောင့် အယ်လ်ပိုင်းနှင့် နှုထရီရိုဆိုဒေသများတွင် နေထိုင်သော ဒေသခံများ၏ နေအိမ်များမှာ မီးဘေးအန္တရာယ် စိုးရိမ်နေရကြောင်း၊ ရဟတ်ယာဉ်လေးစင်းဖြင့် ဝေဟင်မှ မီးငြှိမ်းသတ်နေပြီးမြေပြင်တွင်လည်း မီးသတ်ယာဉ်အစီး ၈၀ ခန့်ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

**ချီလီနိုင်ငံတောင်ပိုင်း၌ မီးတောင်ပေါက်ကွဲဒေသခံများ ဘေးကင်းရာရွှေ့ပြောင်းပေးရ**
(ဆန်တီရာဂို၊ ဇွန် ၅)
ချီလီနိုင်ငံတောင်ပိုင်း၌ ပူလီဟွီမီးတောင်သည် နှစ်ပေါင်း ၅၀ ခန့်အတွင် ပထမဆုံးအကြိမ်အဖြစ် ဇွန် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မီးခိုးနှင့်ပြာမှုန်များ ဝေဟင်သို့ လွင့်ပျံလျက်ရှိကြောင်း၊ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ ဒေသခံ ၃၅၀၀ ကျော်အား ဘေးကင်းရာသို့ ရွှေပြောင်းပေးခဲ့ရကြောင်း ချီလီအရာရှိများက ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီတောင်ထိပ်တွင် မီးတောင်မီးလျံများမြင်တွေ့ရကြောင်း၊ ဓာတ်ငွေ့များနှင့်များမှာ ဝေဟင်အမြင့် ခြောက်မိုက်အထိ လွင့်ပျံလျက်ရှိကြောင်း ၄င်းတို့က ပြောကြားသည်။ ယခုအခါ မီးတောင်ပေါက်ကွဲရာ အနီးဝန်းကျင် ဒေသများ၌ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း၊ ၄င်းမီးတောင်မှာ ချီလီနှင့်အာဂျင်တီးနား နှစ်နိုင်ငံနယ်စပ်အနီးတွင်တည်ရှိကြောင်း ၄င်းတို့ကပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်၊ မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)