ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 6, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ချီကာဂိုမြို့၌ ရထားနှစ်စင်းတိုက်မိ၊ခရီးသည် ၅ ဦး ဒဏ်ရာရရှိ**
(ချီကာဂို၊ ဇွန် ၄)
အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ဇွန် ၃ ရက်ကရထားနှစ်စင်းတိုက်မှုဖြစ်ပွားရာ ခရီးသည် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ချီကာဂိုမြို့ မီးသတ်တပ်ဖွဲ့ဝင်များက ဇွန် ၄ ရက်၌ ပြောကြားသည်။ ဖြစ်ပွားမှုမှာ ချီကာဂိုမြို့ ယူနီယံမြေအောက် ဘူတာရုံအတွင်း ရပ်ထားသည့် ရထားတစ်စင်းအား ယင်း ဘူတာရုံအတွင်း ၀င်ရောက်လာသော ရထားတစ်စင်းက ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ (အင်တာနက်)

**ယူရို ၂၀၁၂ ခြေစစ်ပွဲ အီတလီနှင့် ဆွီဒင်အသင်းများ နိုင်ပွဲရရှိ**
(ရောမ၊ ဇွန် ၄)
ယူရို ၂၀၁၂ ခြေစစ်ပွဲများကို ဇွန် ၄ ရက်နံနက်က ယှဉ်ပြိုင်ကစားရာ ဆွီဒင်၊ အီတလီ၊ ဂျာမနီအသင်းများနိုင်ပွဲရရှိခဲ့ပြီ တူရကီ၊ ပြင်သစ်အသင်းများ၊ သရေပွဲဖြစ်ခဲ့ကြသည်။ အုပ်စု (ဂ) ၌ အီတလီနှင့်အက်တိုးနီးယားတို့ပွဲတွင်အီတလီက သုံးဂိုးပြတ် နိုင်ပွဲရရှိခဲ့သည်။ အီတလီအတွက်ဂိုးများကို ပွဲချိန် ၂၁ မိနစ်၌ ရော့စ်ဆီက ၁ ဂိုး ၊ ၃၉ မိနစ်၌ ကာဆာနိုက ၁ ဂိုးနှင့် ၆၈ မိနစ်၌ ပါဇီနီကတစ်ဂိုး သွင်းယူခဲ့ကြသဖြင့် အီတလီတို့ ၃ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
အုပ်စု (၁) မှ မော်လ်ဒိုမာနှင့် ဆွီဒင်တို့ပွဲတွင် ဆွီဒင်က ၄ ဂိုး- ၁ ဂိုး ဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဆွီဒင်အတွက် ဂိုးများကို ပွဲချိန် ၁၁ မိနစ်၌ တိုဗိုနင်က ၁ ဂိုး၊ ၃၀ မိနစ်နှင့် ၅၈ မိနစ်တို့၌ အီလ်မင်ဒါက ၂ ဂိုး၊ ၈၈ မိနစ်၌ ဂရက်က ၁ ဂိုးသွင်းယူခဲ့သဖြင့် ၄ ဂိုးရရှိခဲ့သည်။ မော်လ်ဒိုဗာအသင်းအတွက် ချေပဂိုးကို ၆၁ မိနစ်၌ ဘူဂါရော့စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
အုပ်စု(က) မှာ ဘယ်လ်ဂျီယံနှင့် တူရကီတို့ပွဲတွင် ၁ ဂိုးစီသရေပွဲဖြစ်ခဲ့သည်။ ဘယ်လ်ဂျီယံအတွက်ဂိုးကို ပွဲချိန် ၄ မိနစ်၌ အိုဂန်ဂျီမီက သွင်းယူပေးခဲ့သည်။ တူရကီအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၇ မိနစ်၌ ယီလ်မက်စ်က သွင်းယူပေးခဲ့သဖြင့် ၁ ဂိုးစီသရေပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
အခြားပွဲရလဒ်များ

သြစတြီးယား ၁ -၂ ဂျာမနီ ဘီလာရုစ် ၁ - ၁ ပြင်သစ်
ကာဇက်စတန် ၂ - ၁ အဇာဘိုင်ဂျန် ဆန်မာရီနို ၀ - ၁ ဖင်လန်
ဖာရိုးကျွန်းစု ၀ - ၂ ဆလိုဗေးနီးယား ခရိုအေးရှား ၂ - ၁ ဂျော်ဂျီယာ
ရိုမေးနီးယား ၃ - ၀ ဘေ့စနီးယားနှင့်ဟာဇီဂိုးဗီးနား လက်ချင်စတိန်း ၂ - ၀ လစ်သူယေးနီးရား
(အင်တာနက်)

**ရုရှားနိုင်ငံ၌ စစ်လက်နက်သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ**
(မော်စကို၊ ဇွန် ၄)
ရုရှား၌နိုင်ငံရှိ ယူရယ်တောင်တန်းဒေသတွင် စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတစ်ခုဇွန် ၃ ရက်က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လူများစွာဒဏ်ရာရရှိခဲ့ကာ လူ ၂၈၀၀၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရုရှားအရာရှိမျာက ဇွန် ၄ ရက်၌ ပြောကြားသည်။ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံးမီးလောင်ပေါက်ကွဲမှုကြောင့် ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှရှားကျန်းမာရေးအရာရှာများက ပြေကြားသည်။ အနီးဝန်းကျင်း၌ နေထိုင်သူအသက်ကြီးရင့်သည့် အမျိုးသမီးကြီးနှစ်ဦးမှာ စစ်လက်နက်သိုလှောင်ရုံး မီးလောင်ပေါက်ကွဲမှုအသံများကြားရပြီး နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့သည်။ ယခုအခင်းဖြစ်ပွားသည့်နေရာမှာ မော်စကိုမြို့ အရှေ့ဘက် ၇၄၅ မိုင် ခန့်အကွာ ပူဂါချီဗိုမြို့အနီး စစ်အခြေစိုက်စခန်း၌ ဖြစ်ပြီး ဇွန်ု ၃ ရက် ညက မီးလောင်မှုဖြစ်ပွားရာမှ သစ်သားသေတ္တာများဖြင့်ထည့်ထားသောလက်နက်ခဲ့ယမ်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ဖိလစ်ပိုင်၌ အင်ဂျင်နီယာတစ်ဦး အယ်လ်ခိုင်ဒါအဖွဲ့ ပြန်ပေးဆွဲ**
(မနီလာ၊ ဇွန် ၄ ရက်)
အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသော လက်နက်ကိုင်တိုက်ခိုက်ရေးသမားများက ဖိလစ်ပိုင်အင်ဂျင်နီယာတစ်ဦးအား ဖမ်းဆီးပြန်ပေးဆွဲသွားခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ဇွန် ၄ ရက်၌ ပြောကြားသည်။ အဆိုပါအင်ဂျင်နီယာအား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘာစီလန်ပြည်နယ် လာမီတန်မြို့အတွင်း ဇွန် ၄ ရက် နံနက်က ယင်းအကြမ်းဖက်သမားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ၄င်းအင်ဂျင်နီယာမှာ လာမီတန်မြို့အတွင်းလမ်းဖောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်းဖိလစ်ပိုင်စစ်ဘက်က ဆက်လက်ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံ ဘာစီလန်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက အကြမ်းဖက်သမားများ၏ ဖမ်းဆီးပြန်ပေးဆွဲမှုမှာ ယခုအကြိမ်ဖက်သမားများ၏ ဖမ်းဆီးပြန်ပေးဆွဲမှုမှာ ယခုအကြိမ်အပါအ၀င် သုံးကြိမ်ရှိပြီးဖြစ်ကြောင်းသိရသည်။ (အင်တာနက်)

စုစည်းဘာသာပြန်-မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)