“မင်္ဂလာပါခင်ဗျာ”လို့ နူတ်ဆက်ရမယ့်အစား “အမင်္ဂလာပါခင်ဗျာ”လို့ နူတ်ဆက်လိုက်ပါရစေ။ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့ (သောင်ရင်းမြစ်ကမ်းနဖူးဒေသ) ဝှေ့မုတ်ရွာ အမှတ် (၁) ကုတို့ဆိပ် နယ်မြေထဲမှာ ဇွန်လ ၂၆ ရက်နေ့ ည (၉) နာရီလောက်က ၁၂ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေး (မ………………………..) ဟာ အသက် ၂၅ နှစ်အရွယ်

ဓာတ်ပုံရှင် (နှင်းကို)ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပါတယ်။ အဲသလို အဓမ္မပြု ကျင့်တာကို ဖခင်လုပ်သူကိုယ် တိုင် မြင်တွေ့ခဲ့ပြီး (မိမိရဲ့ ညီဝမ်းကွဲလည်းတော်စပ်နေ တာကြောင့်) ဓားနဲ့ ခုတ်မယ်ပြင်ပြီးမှ ဓားပြားဖြင့်သာ ရိုက် ခဲ့ကြောင်း ကျောင်းသူလေး (မ…………………… …..)ဟာလည်း နောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့ မှာ နေ့သစ် အ.လ.က ကျောင်းကိုသွားခဲ့ပေမယ့် ဆ ရာတွေကို မတိုင်ဖြစ်ခဲ့ကြောင်း၊ အကြောင်းက ဘေး ပတ်ဝန်းကျင်ရဲ့ ခြောက် လှန့်မှုတွေကြောင့် ကြောက်လန့်နေ လို့ဖြစ်ကြောင်း၊ ဒီနေ့(၂၈- ၆- ၂၀ ၁၁) နေ့ ကျမှ နေ့သစ် အ.လ.က ကျောင်းက ကျောင်းဆရာ ၂ ဦးနဲ့ ထိုင်းရှေ့နေရုံး (LLC) ၊ မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)တို့နဲ့အတူ မဲဆောက် ရဲစခန်းကို တိုင်ချက် ဖွင့်ခဲ့ကြောင်း ကျူးလွန်သူ (နှင်းကို)မှာ မြ၀တီဘက်ထွက်ပြေးလွတ်မြောက်နေကြောင်း သိရပါတယ်။
မဲဆောက် ရဲစခန်းမှာ
** သောင်ရင်းနဂါး **

No comments:
Post a Comment