ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 21, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
(Demba Ba)
**ဒမ်ဘာဘာနှင့် မာဗီးယက်စ်တို့ကို နယူးကာဆယ်ခေါ်ယူ**
(လန်ဒန်၊ ဇွန် ၁၉)
နယူးကာဆယ် အသင်းသည် တန်းဆင်းသွားခဲ့ရသည့် ၀က်စ်ဟမ်းအသင်းမှ တိုက်စစ်မှူး ဒမ်ဘာဘာနှင့်
ဇင်းနစ် ကွင်းလယ်ကစားသမား မာဗီးယက်စ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း The Sun တွင် ဖော်ပြထားသည်။ ဟော့ဖန်ဟိန်းမှ ၀က်စ်ဟမ်းအသင်းသို့ ရောက်ရှိလာခဲ့သည့် ဆီနီဂေါနိုင်ငံသားဒမ်ဘာဘာသည် ၀က်စ်ဟမ်းအသင်း တန်းဆင်းသွားရခြင်းကြောင့် နယူးကာဆယ်သို့ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ် အသင်းသည် အသက် (၂၆) နှစ်ရှိ ဒမ်ဘာဘာကို ပြောင်းရွှေ့ကြေး ပေါင်လေးသန်း နှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဒမ်ဘာဘာသည် နယူးကာဆယ်တွင် တစ်ပတ်လုပ်ခ ပေါင် ငါးသောင်းရရှိမည်ဖြစ်သည်။ (The Sun)

(Javier Hernández)
**မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ အကြိုဗိုလ်လုပွဲတက်ပြီ**
(နယူးယောက်၊ ဇွန် ၁၉)
ဇွန် ၅ ရက်မှ ၂၅ ရက်အထိအမေရိကန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပထမနေ့ပွဲစဉ်များကို ဇွန် ၁၈ ရက်က ကျင်းပခဲ့ရာ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ နိုင်ပွဲရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
မက္ကဆီကိုနှင့် ဂွါတီမာလာတို့ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် မက္ကဆီကိုက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရသွားသည်။ မက္ကဆီကိုအတွက် ဂိုးများကို ပွဲချန် ၄၉ မိနစ်တွင် အယ်လ်ဒိုဒီနီဂရက်စ်နှင့် ၆၆ မိနစ်တွင် ဟာနန်ဒက်ဇ်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။
ဂွါတီမာလာအတွက် ဂိုးကို ပထမပိုင်းပွဲအစ ၅ မိနစ်မှာပင် ကာလို့စ်ရူရစ်က သွင်းယူခဲ့သည်။ ယခုပွဲစဉ်အပြီးတွင် မက္ကဆီကိုမှ ဟာနန်ဒက်ဇ်မှာ ခြောက်ဂိုးသွင်းယူထားနိုင်ပြီးဖြစ်သည်။
ကော့စတာရီကာနှင့် ဟွန်ဒူးရပ်စ်တို့ပွဲမှာ မိနစ် ၉၀ အတွင်း တစ်ဂိုးစီ သရေ ဖြစ်နေ၍ အချိန်ပို၊ ပယ်နယ်တီအထိ ဆက်ကစားခဲ့ရသည်။ ပယ်နယ်တီ ကန်သွင်းရာတွင် ဟွန်ဒူးရပ်စ်က လေးဂိုးဝင်ပြီး ကော့စတာရီကာက နှစ်ဂိုးသာဝင်ခဲ့၍ ဟွန်ဒူးရပ်စ်အသင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ (ESPN)

**မင်းသမီးပတ်ဆိုလ်မီနှင့် မင်းသားဟန်ဂျေဆော့ခ် ချစ်သူများဖြစ်ကြောင်း ထုတ်ဖော်**
ကိုရီးယားမင်းသမီး ပက်ဆိုလ်မီက မင်းသာ ဟန်ဂျေဆော့ခ်နှင့် ပတ်သတ်သည့် ကောလာဟလသတင်းများ ထွက်ပေါ်နေမှုကို မိမိတို့ နှစ်ဦးချစ်သူများဖြစ်ကြောင်း ၀န်ခံလိုက်ခြင်းဖြင့် အဆုံးသတ်လိုက်ပြီဖြစ်သည်။ 10 Asia မီဒီယာက လွန်ခဲ့သည့် သောကြာနေ့တွင် မင်းသမီးပက်ဆိုလ်မီကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ပတ်ဆိုလ်မီက မိမိတို့နှစ်ဦး လွန်ခဲ့သည့် လကတည်းက ချစ်ကြိုက်နေခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော်လည်း ၄င်းတို့နှစ်ဦးလက်ထပ်ရန်ကစ္စကိုမှု ချိန်ယူစဉ်းစားရဦးမည်ဟုဆိုသည်။ အသက် (၃၃) နှစ်ရှိ မင်းသမီးပက်ဆိုလ် မီသည် ၂၀၀၁ ခုနစ်မှာစ၍ ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ကားများတွင် သရုပ်ဆောင်ခဲ့ခြင်းဖြင့် အနုပညာလောကသို့ ရောက်ရှိလာသူဖြစ်သည်။ သူ၏ထင်ရှားသောဇာတ်ကားများမှာ ၂၀၀၂ ခုနစ်က Winter Sonata ၂၀၀၃ ခုနစ်က All in ၂၀၀၉ ခုနစ်က Style ဇာတ်ကားများဖြစ်သည်။ အသက် (၃၇) နှစ်ရှိမင်းသား ဟန်ဂျေဆော့ခ်က ၂၀၀၁ ခုနစ်တွင် Four Sisters ဇာတ်ကား၊ ၂၀၀၇ ခုနှစ်တွင် Lobbyist ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ဟန်သစ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)