**ငါမောပန်းလာတဲ့အခါ ခိုလှုံဖို့
ရင်ခွင်တခု ဖန်ဆင်းပေးပါ ကဗျာ . . .
အရပ်အာဝါသ က
ကြည်နုးမှု့များ ပေးစွမ်းနိုင်တဲ့အရာ. . .
ငါ့မှာ နတ်တပါးလို အစွမ်းထက်လှတဲ့
ညဉ်ဆိုးအချို့ ပိုင်ဆိုင်ထား
အမှောင်ဘက်ကမ်းပါးမရောက်အောင်
စောင့်ရှောက်ပါ . . .
**ငါ အရမ်းကံကောင်းလွမ်းနေပါတယ် ကဗျာ
အချို့တ၀က်လောက် နုတ်ယူပါ
ငါကို ခယလာတဲ့ ချစ်ခြင်းများစွာအစား
ငါ ပူဇော်ရမဲ့ မြတ်နိုးခြင်းတခုသာပေးအပ်ပါ . . .
ငွေကြေးနဲ့ ဂုဏ်ပကာသန ကင်းစေသောအရာ
မြတ်နိုးခြင်းမှတပါး ထိုအချစ်တွင် ဘယ်အရာမှ မကပ်ငြိစေရ . . .
**ခပ်မာမာနှလုံးသားကို ပျော့ပြောင်းစေနိုင်သော
အချစ်တပါး ပုံသွင်းပြပါ ကဗျာ . . .
စဉ်းစားနိုင်စွမ်းကို တွေဝေစေ
ဘ၀အကြောင်းကို မေ့လျော့စေ
ငါက ထိုသူကို ချစ်ရုံနဲ့
ထိုသူက ငါ့ကို ချစ်ရုံနဲ့
ဒီတစ်သက် ကျေနပ်ခြင်းမိုးများရွာပါ . . .
**မျှော်လင့်နေပါတယ် ကဗျာ
မျှော်လင့်ခြင်း ကဗျာ . . ."
**မာဃလုလင် **
**ငါမောပန်းလာတဲ့အခါ ခိုလှုံဖို့
ရင်ခွင်တခု ဖန်ဆင်းပေးပါ ကဗျာ . . .
အရပ်အာဝါသ က
ကြည်နုးမှု့များ ပေးစွမ်းနိုင်တဲ့အရာ. . .
ငါ့မှာ နတ်တပါးလို အစွမ်းထက်လှတဲ့
ညဉ်ဆိုးအချို့ ပိုင်ဆိုင်ထား
အမှောင်ဘက်ကမ်းပါးမရောက်အောင်
စောင့်ရှောက်ပါ . . .
**ငါ အရမ်းကံကောင်းလွမ်းနေပါတယ် ကဗျာ
အချို့တ၀က်လောက် နုတ်ယူပါ
ငါကို ခယလာတဲ့ ချစ်ခြင်းများစွာအစား
ငါ ပူဇော်ရမဲ့ မြတ်နိုးခြင်းတခုသာပေးအပ်ပါ . . .
ငွေကြေးနဲ့ ဂုဏ်ပကာသန ကင်းစေသောအရာ
မြတ်နိုးခြင်းမှတပါး ထိုအချစ်တွင် ဘယ်အရာမှ မကပ်ငြိစေရ . . .
**ခပ်မာမာနှလုံးသားကို ပျော့ပြောင်းစေနိုင်သော
အချစ်တပါး ပုံသွင်းပြပါ ကဗျာ . . .
စဉ်းစားနိုင်စွမ်းကို တွေဝေစေ
ဘ၀အကြောင်းကို မေ့လျော့စေ
ငါက ထိုသူကို ချစ်ရုံနဲ့
ထိုသူက ငါ့ကို ချစ်ရုံနဲ့
ဒီတစ်သက် ကျေနပ်ခြင်းမိုးများရွာပါ . . .
**မျှော်လင့်နေပါတယ် ကဗျာ
မျှော်လင့်ခြင်း ကဗျာ . . ."
**မာဃလုလင် **
No comments:
Post a Comment