ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 21, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
Photo taken on July 19, 2011 shows a mushroom cloud caused by an explosion at a fireworks factory in Suining City, southwest China's Sichuan Province. The blast happening here on Tuesday morning caused one person severely injured and four others slightly injured. (Xinhua/Li Qiaoqiao)

**တရုတ်နိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲ**
(ချန်နူ၊ ဇူလိုင် ၁၉)
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်း ဆူနင်းမြို့တွင် ဇူလိုင် ၁၉ ရက် နံနက်က မီးရှူးမီးပန်းစက်ရုံတစ်ရုံ၌ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ဖြစ်ပွားမှုမှာ ဟွိုင်မာမြို့နယ် ဆူနင်းမြို့ရှိ ၄င်းစက်ရုံ၌ ယင်းနေ့ နံနက် ၇ နာရီခန့်က မတော်တဆ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ် ၁၃ စီးဖြင့် ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)

**အတ္တလန္တစ်အာကာသလွန်းပြန်ယာဉ်..ကမ္ဘာမြေပြင်သို့ ပြန်လည်ထွက်ခွာလာ**
(၀ါရှင်တန်၊ ဇူလိုင်၊ ၁၉)
နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ရောက်ရှိနေသော အတ္တလန္တစ်အာကာသလွန်းပြန်ယာဉ်သည် ကမ္ဘာမြေပြင်သို့ ပြန်လည်ဆင်းသက်ရန်ထွက်ခွာလာပြီဖြစ်ကြောင်း နာဆာက ဇူလိုင် ၁၉ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ အာကာသလွန်းပြန်ယာဉ်သည် နာဆာ၏ နှစ် ၃၀ ကြာ အာကာသလေ့လာရေးလွန်းပြန်ယာဉ်ခရီးစဉ် စီမံကိန်း၏ နောက်ဆုံးခရီးစဉ်လည်းဖြစ်သည်။ ၄င်းလွန်းပြန်ယာဉ်သည် နိုင်ငံတကာအာကာသစခန်းမှ ဇူလိုင် ၁၉ ရက် ဂရင်းနစ်စံတော်ချိန် ၆ နာရီ ၂၈ မိနစ်၌ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ အတ္တလန္တစ်လွန်းပြန်ယာဉ်သည် ဖလော်ရီဒါပြည်နယ် မြေပြင်စခန်းသို့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။ (အင်တာနက်)

**နယူးဇီလန်နိုင်ငံ ခရစ်ချတ်ခ်ျမြို့၌ ငလျင်အကြိမ် ၇၅၀၀ လှုပ်ခဲ့ဟုဆို**
(ခရစ်ချတ်ခ်ျ၊ ဇူလိုင် ၁၉)
နယူးဇီလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခရစ်ချတ်ခ်ျမြို့နယ်တွင် လွန်ခဲ့သည့် စက်တင်ဘာလကတည်းက ယနေ့အထိ ငလျင်အကြိမ်ပေါင်း ၇၅၀၀ လှုပ်ခဲ့ကြောင်း၊ တစ်နေ့ပျမ်းမျှအကြိမ် ၂၀ ခန့်လှုပ်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က နယူးဇီလန်မြေခလျင်ပညာရှင်များက ပြောကြားသည်။ အဆိုပါငလျင်ကြောင့် လူပေါင်း ၁၈၁ ဦးသေဆုံးခဲ့ရကြောင်း၊ မြို့တွင်း၌ အပျက်အစီးများဖြင့် အနိဌာရုံးမြင်ကွင်းအချို့ကို ယခုတိုင် တွေ့နေရဆဲဖြစ်ကြောင်း၊ ထောင်ပေါင်းများစွာသော နေအိမ်များ ပြည်လည်တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ အချို့သော ပြည်သူများမှာ မြို့မှထွက်ခွာသွားကြပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)

**ချီလီမြေအောက်ရထားပေါ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား**
(ဆန်တီယာဂို၊ ဇူလိုင် ၁၉)
ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုရှိ မြေအောက်ရထားတစ်စင်းပေါ်တွင် ဇူလိုင် ၁၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ မြို့တော်အနောက်တောင်ပိုင်း ပီလာဇာကပူး ဘူတာရုံအတွင်းရှိ မြေအောက်ရထားနောက်ဆုံးတွဲပေါ် အမျိုးသားတစ်ဦး တက်ရောက်လာပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှ လူနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။ သေနတ်ပစ်ခတ်ခဲ့သူသည် ဘူတာရုံမှထွက်ခွာပြီး အနီးနားတွင်ပင် မိမိကိုယ်ကို ပြန်လည်ပစ်ခတ်၍ အဆုံးစီရင်သွားခဲ့သည်။ ထိုသေနတ်သမားသည် ရထားတွဲပေါ်တွင် သေနတ်ကိုးချက်အထိ ပစ်ခတ်သွားခဲ့သည်ဟု မျက်မြင်တစ်ဦးက သတင်းပေးပြောကြားသည်။ (အင်တာနက်)

**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)