ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 31, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>

**အေမီဝင်းဟောက်စ်၏ Back to Black အယ်ဘ်ဘမ်..အရောင်းရဆုံးတေးအယ်လ်ဘမ်ဖြစ်လာ**

(လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၃၀)
ကမ္ဘာကျော်အဆိုတော် အေမီဝင်းဟောက်စ် (Amy Winehouse) ရဲ့ Back to Black လို့ အမည်ရတဲ့ တေးအယ်လ်ဘမ်ဟာ သူကွယ်လွန်ပြီးတဲ့နောက် ဆိုင်တွေပေါ်မှာ လက်ကျန်မရှိလောက်အောင် ရောင်းအားကောင်းခဲ့တယ်လို့ အမေရိကန် Billboard အရောင်းရဆုံး တေးအယ်လ်ဘမ်စာရင်းမှာ ဖော်ပြထားပါတယ်။ အသက် ၂၇ နှစ်အရွယ်သာရှိသေးတဲ့ ဗြိတိသျှအဆိုတော် အေမီဝင်းဟောက်စ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က လန်ဒန်မြို့နေအိမ်မှာ ရုတ်တရက်ကွယ်လွန်ခဲ့ပါပြီး။ သူကွယ်လွန်သွားပြီသိလို့ သူမရဲ့ ပရိသတ်တွေကကမ္ဘာကျော် လူကြိုက်များခဲ့တဲ့ Back to Black တေးအယ်လ်ဘမ်ကို တစ်ခဲနက်ဝယ်ယူအားပေးကြပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံမှ ထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်ပါ။ စုစုပေါင်းတေးအယ်လ်ဘမ် ၃ ဒသမ ၁ သန်းကမ္ဘာတစ်ဝန်း ရောင်းချပြီးခဲ့ပြီးပါပြီ။ သူကွယ်လွန်ပြီး နောက်တစ်ရက်မှာတော့ ဒီတေးအယ်လ်ဘမ်ဟာ အမေရိကန်နိုင်ငံမှာ အရောင်းရဆုံးတေးအယ်လ်ဘမ်ဖြစ်ခဲ့ပြီး ဇူလိုင် ၂၃ တစ်ရက်တည်းမှာပဲ စုစုပေါင်း တေးအယ်လ်ဘမ် ၃၇၀၀၀ ရောင်းချခဲ့ရတယ်လို့ သိပါတယ်။ (ကိုးကား - အင်တာနက်)

(Egypt draws 1-1 with Brazil in U20 WCup ...)
**ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲစတင်... ဘရာဇီးနှင့်အီ၇ျစ်တို့ သရေပွဲဖြစ်**
(ဘိုဂိုတာ၊ ဇူလိုင် ၃၀)
၂၀၁၁ ခုနှစ် အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ကိုလံဘီယာနိုင်ငံ ဘာရင်ကွီလာမြို့ မက်ထရိုပိုလီတန်ကစားကွင်း၌ ဇူလိုင် ၂၉ ရက်က ကျင်းပရာ နိုင်ငံတကာမှ ဖိတ်ကြားထားသူများ အားကစားသမားနှင့် အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပရိသတ်များ ၅၀၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြသည်။ ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၂၀ ရက်အထိ ကိုလံဘီယာနိုင်ငံ မြို့ကြီးရှစ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ယင်းမြို့ကြီးများမှာ နာမီလီ၊ ဘိုဂိုတာ၊ မီဒယ်လ်၊ ကာလီ၊ ဘာရင်ကွီလာ၊ ကာတာဂျီနာ၊ အာမေးနီးယားနှင့် မာနီဇာလက်စ်မြို့များ ဖြစ်ကြသည်။ ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်း ၂၄ သင်းအား အုပ်စု ခြောက်စုခွဲပြီး ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ဇူလိုင် ၂၉ ရက်က အဖွင့်ပွဲစဉ်အဖြစ်အုပ်စု (င)မှ သြစတြေီးယားနှ်င့ ပနားမားအသင်းတို့ ကိုလံဘီယာနိုင်ငံ ကတာဂျီနာမြို့ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နှစ်သင်းစလုံးပွဲချိန်ပြည့်သည်အထိ ဂိုးမသွင်းနိုင်သဖြင့် ဂိုးမရှိသရေပွဲဖြစ်ကာ တစ်မှတ်စီ ခွဲဝေယူခဲ့ကြရသည်။ (အင်တာနက်)

**အဆိုတော်ခရစ္စတီးနားနှင့် ဆီလီနာဂိုမက်ဇ် ALMA အနုပညာရှင်ဆုဆွတ်ခူးရန် ရေပန်းစား**
(လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၃၀)
ကမ္ဘာကျော်အဆိုတော်များဖြစ်ကြတဲ့ ခရစ္စတီးနားအဂွီလီရာ (Christina Aguilera) နဲ့ ဆီလီနာဂိုမက်ဇ် (Selena Gomez) တို့ဟာ ALMA လို့ခေါ်တဲ့အနုပညာထူးချွန်ဆု ဆွတ်ခူးနိုင်မယ်လို့ တစ်ပြေးနေကြသူများ ဖြစ်ပါတယ်။ ဒီဆုဟာအမေရိကမှာ ဂီတ၊ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်နယ်ပယ်သုံးရပ်မှာ ထူးချွန်အောင်မြင်ကြတဲ့သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့အနုပညာရှင်ဆုဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ဦးစလုံးဟာလည်း အမေရိကန်ဆယ်ကျော်သက်အဆိုတော်တွေထဲမျာ အောင်မြင်ကျော်ကြားတဲ့သူတွေပါ။
သူတို့နှစ်ဦးဟာ ALMA ဆုရွေးချယ်ရေးအဖွဲ့က ဆုဆွတ်ခူးနိုင်တဲ့ ထိပ်တန်းအဆိုတော်များဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်က ထုတ်ပြန်တဲ့ ဆန်ခါတင်စာရင်းမှာ ဖော်ပြထားပါတယ်။ အဂွီလီရာနဲ့ ဂိုမက်ဇ်တို့ဟာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဂီတမှာရော ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ လူသိများအောင်မြင်ခဲ့ကြသူများဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးစလုံးဟာ အမျိုးသမီး ဂီတထူးချွန်ဆုနဲ့ အမျိုးသမီးရုပ်သံ သရုတ်ဆောင်ထူးချွန်ဆုတွေ ဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားနေကြပါတယ်။
အဆိုတော် ခရစ္စတီးနား အဂွီလီရာဟာ Burlesque လို့ အမည်ရတဲ့ တေးအယ်လ်ဘမ်နဲ့ အမျိုးသမီးဂီတထူးချွန်ဆု ဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားနေပါတယ်။ ဒါ့အပြင် The Voice လို့ အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲ့နဲ့ အမျိုးသမီးသရုပ်ဆောင်ဆုဆွတ်ခူးနိုင်မယ်လို့ အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။
ဆီလီနာဂိုမက်ဇ်ကတော့ Monte Carlo တေးအယ်လ်ဘမ်နဲ့ အမျိုးသမီးဂီတထူးချွန်ဆု ဆွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ Wizards of Waverly Place ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးရုပ်သံ သရုပ်ဆောင်ဆုမှန်းထားတယ်လို့ ဆိုပါတယ်။ (ကိုးကား - အင်တာနက်)

**၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအတွက် ကွင်းသတ်မှတ်**

(ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၃၀)
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ယင်းနှစ် ဇွန် ၁၂ ရက်မှ ဇူလိုင် ၁၃ ရက်အထိကျင်းပသွားရန် သတ်မှတ်လိုက်ကြောင်းနှင့် ရီယိုဒီဂျနေးရိုးမြို့မှ မာရာကာနာ ဘောလုံးကွင်း၌ နောက်ဆုံးဗိုလ်လုပွဲကျင်းပသွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အထွေထွေအတွင်းရေးမှူး ဂျီ၇ိုမီဗာကီက ဇူလိုင် ၂၉ ရက်၌ ပြောကြားသည်။ ၄င်းဘောလုံးကွင်းသည် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၁၉၅၀ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုကျင်းပခဲ့ရာကွင်းလည်း ဖြစ်သည်။ အိမ်ရှင်ဘရာဇီးနိုင်ငံသည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို မည်သည့်မြို့ဘောလုံးကွင်း၌ ပြုလုပ်မည်ကို လာမည့်အောက်တိုဘာလ၌ အပြီး ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ၊ မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)