(Chilean Miners' Story Headed to Big Screen as Producer Mike Medavoy Nabs Rights
9:24 PM 7/24/2011 by Kimberly Nordyke )
**ချီလီမိုင်းတွင်းပိလုပ်သားများကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မည်**
(လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၆)
ချီလီနိုင်ငံတွင် ပြီးခဲ့သည့် နှစ်က မြေအောက်၌ ၆၉ ရက်ကြာပိတ်မိနေခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့သော မိုင်းလုပ်သား ၃၃ ဦးတို့၏ အဖြစ်အပျက်များကို ရုပ်ရှင်ရိုက်ကူးရန် မိုင်းတွင်းများကို ရုပ်ရှင်ရိုက်ကူးရန် မိုင်းတွင်းလုပ်သား၏ အကျိုးဆောင်အဖွဲ့က ဆုံးဖြတ်လိုက်ကြကြောင်း ဇူလိုင် ၂၅ ရက် အင်တာနက်သတင်း၌ ဖော်ပြသည်။ ထို့သို့ရုပရှင်ရိုက်ကူး ထုတ်လုပ်ခွင့်ကို အော်စတာဆုအတွက်ုပဏာမအမည်စာရင်းအထိ ရွေးချယ်ခံခဲ့ရသည့် ရုပ်ရှင်ထုတ်လုပ်သူ မိုက်မီဒါဗွိုင်းသို့ ရောင်းချမည်ဖြစ်ကြောင်းနှင့် မြေအောက်မှ အံ့သြဖွယ်ရာ ကယ်ဆယ်ခဲ့မှု အသေးစိတ်ဖြစ်ရပ်များကို ကယ်ဆယ်ခဲ့မှုအသေးစိတ်ဖြစ်ရပ်များကို လာမည့် နှစ်မှ စတင်ကာ ရိုက်ကူးမည်ဖြစ်ကြောင်း အဆိုပါ မိုင်းလုပ်သားများ၏ အကျိုးဆောင်အဖွဲ့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
(Moroccan Military Plane Hits Mountain, 78 Killed)
**မော်ရိုကိုစစ်ဘက်လေယာဉ်ပျက်ကျ ..၇၈ ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ**
(ရာဘတ်၊ ဇူလိုင်၂၆)
မော်ရိုကိုနိုင်ငံတောင်ပိုင်း တောင်တန်းဒေသတွင် ဇူလိုင် ၂၆ ရက်က စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၇၈ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကိုသတင်းဌာန အမ်အေပီမှ သတင်းထုတ်ပြန်သည်။ အဆိုပါ လေယာဉ်မှာ မော်ရိုကိုတော်ဝင် ကြည်းတပ်မတော်မှ စီ - ၁၃၀ ဂျက်ဖ်လေယာဉ်ဖြစ်ပြီး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို တင်ဆောင်ပျံသန်းလာစဉ် မော်ရိုကိုမြို့တော် ရာဘတ်၏ အနောက်ပျံသန်းလာစဉ် မော်ရိုကိုမြို့တော် ရာဘတ်၏ အနောက်တောက်ဘက်ကီလိုမီတာ ၈၃၀ ခန့်ရှိ ဂွီလ်မီးဒေသ လေတပ်အခြေစိုက် စခန်းသို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံ၌ ကုန်တင်သင်္ဘော မီးလောင်ပေါက်ကွဲ၊ မီးသတ်တပ်ဖွဲ့ဝင် လေးဦးအပါအ၀င် ၁၂ ဦးဒဏ်ရာရရှိ**
(ဖူကျို့၊ ဇူလိုင် ၂၆)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်ပြည်နယ် ပင်းတန်းကျွန်းရှိ သင်္ဘောကျင်းတစ်ခု၌ ဖူလိုင် ၂၅ ရက်ညက တန်ချိန် ၅၀၀၀ ခန့်ရှိ ကုန်တင်သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ ၀င်လေးဦးအပါအ၀င် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ဇူလိုင် ၂၆ ရက်၌ ပြောကြားသည်။ ပင်တန်ကျွန်းရှိ ကန်အိုသင်္ဘောသည် မတော်တဆမှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်သည်။ ၄င်းသင်္ဘောသည် တီယန်ကျင်းမြို့၌ မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ပြီး သင်္ဘောပေါ်၌ သင်္ဘောသား ၂၁ ဦးပါရှိသည်။ မီးလောင်မှုဖြစ်ပွားသည်နှင့် သင်္ဘောသညး ၂၀ ကို ပထမဦးစွာ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးသင်္ဘောရှိ အောက်ဆီဂျင်ဘူးများနှင့် ဓာတ်ငွေ့အိုးများကို အမြန်ဖယ်ရှားခဲ့သည်။ သင်္ဘောမီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် သင်္ဘောသားတစ်ဦးကိုလည်း ဆက်လက်ကယ်ဆယ်နိုင်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment