မီးတောင်က သေနေတာလား
မြုံသွားတာလား
ဘာ မှ မ လို ချင် တော့ တာ…
သွန်းထုရမည်မှာ တဘဝ
ပျော်စီးကျရန် တဒင်္ဂသာ။
တစုံတရာကို အကဲဖြတ်ဖို့
တသက်လုံးထမ်းပိုးခဲ့တဲ့ အတိတ်အတွက်
စက္ကန့်ပိုင်းပဲ အချိန်ရှိတယ်။
အိမ်ဘေးအိမ်က သစ်ခွပင်လေး
ပွင့်လာတာကို ထိုင်ကြည့်သလိုမျိုး
တီတီတာတာပြောတတ်ခါစ ကလေးငယ်ကို
မနာလိုမှု ကင်းနေသလိုမျိုး
မနက်မိုးလင်း ဖွင့်လိုက်တဲ့ ပြတင်းပေါက်က
လေပြည်လေး အိပ်ရာထဲ ခုန်ဝင်လာသလိုမျိုး
သက်ငြိမ်သံကို တောင့်တတယ်။
ခြေရာထူကြမ်း
မာယာနှုတ်ခမ်း
မွန်းကျပ်နွမ်းနယ်
တွန်းဖယ်
ငါ့ကို ဘယ်သူမှ မလွမ်းကြနဲ့။
**ပန်ဒိုရာ**
မီးတောင်က သေနေတာလား
မြုံသွားတာလား
ဘာ မှ မ လို ချင် တော့ တာ…
သွန်းထုရမည်မှာ တဘဝ
ပျော်စီးကျရန် တဒင်္ဂသာ။
တစုံတရာကို အကဲဖြတ်ဖို့
တသက်လုံးထမ်းပိုးခဲ့တဲ့ အတိတ်အတွက်
စက္ကန့်ပိုင်းပဲ အချိန်ရှိတယ်။
အိမ်ဘေးအိမ်က သစ်ခွပင်လေး
ပွင့်လာတာကို ထိုင်ကြည့်သလိုမျိုး
တီတီတာတာပြောတတ်ခါစ ကလေးငယ်ကို
မနာလိုမှု ကင်းနေသလိုမျိုး
မနက်မိုးလင်း ဖွင့်လိုက်တဲ့ ပြတင်းပေါက်က
လေပြည်လေး အိပ်ရာထဲ ခုန်ဝင်လာသလိုမျိုး
သက်ငြိမ်သံကို တောင့်တတယ်။
ခြေရာထူကြမ်း
မာယာနှုတ်ခမ်း
မွန်းကျပ်နွမ်းနယ်
တွန်းဖယ်
ငါ့ကို ဘယ်သူမှ မလွမ်းကြနဲ့။
**ပန်ဒိုရာ**
No comments:
Post a Comment