ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 23, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**ကမ္ဘာကျော် Take That တေးဂီတ၀င်ငွေ အံ့မခန်း စံချိန်တင်ရရှိ**
(လန်ဒန်၊ ဇူလိုင် ၂၁)
ကမ္ဘာကျော်တေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Take That တေးဂီတအဖွဲ့ဟာ အင်္ဂလန်မှာရှိတဲ့ ၀င်ဘလေအားကစားကွင်းကြီှးမှာ ဇွန်နှင့် ဇူလိုင်လအတွင်းကိုးညသီဆိုဖျော်ဖြေခဲ့ရာမှ ၀င်ငွေပေါင် ၃၈သန်း စံချိန်တင်ရရှိခဲ့တယ်လို့ Bill – board Boxscore စာရင်းမှာ ဖော်ပြထားပါတယ်။ အရင်တုန်းကတော့ Bruce Springsteen ဆိုတဲ့ ကမ္ဘာကျော်တေးဂီတအဖွဲ့ဟာ ၂၀၀၃ ခုနျစ်က နယူးဂျားစီမြို့ရဲ့ Giants Staium ကွင်းကြီးမှာ ၁၀ ည သီဆိုဖျော်ဖြေခဲ့ရာမှာ ၀င်ငွေ ပေါင် ၂၄ သန်းပဲ ရတယ်လို့သိရပါတယ်။ Take That တေးဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့လတုန်းက မန်ချက်စတာစီးတီး အားကစားကွင်းကြီးမှာ သူတို့ရဲ့ ရှစ်ညမြောက်ဖျော်ဖြေတင်ဆက်ရာ ပရိသတ်တွေ ၀က်ဝက်ကွဲ အောင် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီကမ္ဘာကျော်တေးဂီတအဖွဲ့ဟာ ယခုနှစ်ရာသီအတွင်း ၂၉ ပွဲ သီဆိုခဲ့ရာမှာ စုစုပေါင်း အသားတင်ဝင်ငွေ ပေါင်း ၁၁၄ သန်းအထိ ၀င်ငွေတွေ အများအပြားရခဲ့ပါတယ်။ ဒီ ၂၉ ပွဲမှာ ပရိသတ်နှစ်သန်းနီးပါး ၀င်ရောက်ကြည့်ရှုခဲ့ပါတယ်။ ၀င်ဘလေမှာ ရှစ်ညသီဆိုခဲ့ရာမှာ တော့ စုစုပေါင်း ပရိသတ် ၆၂၃၇၃၇ ဦးလာရောက်အားပေးကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်က Bruce Springstreen တေးဂီတအဖွဲ့ ၁၀ ညတိုင်တိုင် သီဆိုခဲ့ရာမှာတော့ ပရိသတ်ဝင်ရောက်မှု ၅၆၆၅၆၀ ပဲရှိခဲ့ပါတယ်။Take That တေးဂီတအဖွဲ့ကို ပရိသတ်တွေအံ့မခန်းအားပေးနေတာ အကြောင်းတစ်ခုတော့ရှိပါတယ်။ အဓိကအားဖြင့်တော့ ကမ္ဘာကျော်အဆိုတော်ကြီး ရော်ဘီဝီလျံ (Robbie Williams) ကြောင့်ပါ၊ သူဟာ ၂၀၁၀ ခုနှစ်အတွင်းမှာ Angels နဲ့ Rock DJ တေးအယ်လ်ဘမ်တွေအပါအ၀င် လူကြိုက်များတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်တွေ အဲဒီတေးဂီတအဖွဲ့အနေထွက်ခဲ့ပါတယ်။ သူ့ရဲ့သီဆိုပုံသီဆိုဟန်တွေနဲ့ အဆွဲအငင်၊ အရှိုက်၊ အတော့အကျော့တွေကြောင့် ပရိသတ်တွေကို စွဲငြိစေခဲ့တာ ဖြစ်ပါတယ်။ (ကိုးကား - အင်တာနက်)

**တီဗက်ဇ်အားခေါ်ယူမှု ကိုရင်သီယန်အသင်းပြန်လည်ရုပ်သိမ်း**
(လန်ဒန်၊ ဇူလိုင် ၂၁)
မန်စီးတီးတိုက်စစ်မှူးတီဗက်ဇ်အား ဘရာဇီးကလပ် ကိုရင်သီယန်အသင်းက ပြောင်းရွှေ့ကြေးပေါင်း သန်း ၄၀ ခန့်ဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှုကို ရုပ်သိမ်းသွားရာ ယခုအခါတီဗက်ဇ်သည် မန်စီးတီးအသင်းနှင့် လေ့ကျင့်မှုများ ပြင်လည်ပြုလုပ်နေပြီဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ တီဗက်ဇ် အသင်းမှ ထွက်ခွာလျှင်အစားထိုးရန် မန်စီးတီးအသင်းက အက်သလက်တီကိုအသင်းမှ အဂွီရိုအား ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူထားသည်။ ထို့ကြောင့် တီဗက်ဇ်အားရောက်ချရန်အတွက် စီးရီးအေကလပ် အင်တာမီလန်၏ ကမ်းလှမ်းမှုကိုမန်စီးတီးကလပ်က ပြောင်းရွှေ့ကြေး ပေါင်းသန်း ၅၀ ဖြင့် ဈေးခေါ်ထားပြီးဖြစ်သည်။ အင်တာမီလန်ကလပ်က တီဗက်ဇ်၏ပြောင်းရွှေ့ကြေးကိုပေါင် ၃၅ သန်းခန့်ပေးရန် စီစဉ်ထားကြောင်းသိရသည်။ (အင်တာနက်)

**ဘယ်လ်ဂျီယံ တိုက်စစ်မှူးလူကာလူ ချယ်လ်ဆီးခေါ်ယူမည်**
(လန်ဒန်၊ ဇူလိုင်၊ ၂၀)
ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျအသင်းမှ ဆယ်ကျော်သက် တိုက်စစ်မှူး ရိုမီလူလူကာလူအား ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေးပေါင်း ၁၈ သန်းဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း ချယ်လ်ဆီးကလပ်က ဇူလိုင် ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၁၈ နှစ်အရွယ်ရှိ လူကာလူအား အာဆင်နယ်၊ မန်စီးတီးနှင့်စပါးတို့ကလည်းခေါ်ယူရန် အပြိုင်ကြိုးစားလျက်ရှိသည်။ လူကာလူသည် ဘယ်လ်ဂျီလံ ဘောလုံးအသင်းအတွက် ၁၀ ပွဲ ကစားပေးထားပြီး နှစ်ဂိုးသွင်းယူပေးထားသူဖြစ်သည်။ (အင်တာနက်)

**ပရီိးမီးယားလိဂ်ကလပ် ဘလက်ဘန်းအသင်း အိန္ဒိယခြေစစ်ပွဲ ခရီးစဉ် ရွှေ့ဆိုင်း**
(လန်ဒန်၊ ဇူလိုင် ၂၁)
ပရီမီယာလိဂ်ကလပ် ဘလက်ဘန်းအသင်းသည် ရာသီကြိုခြေစမ်းပွဲအဖြစ် အိန္ဒိယနိုင်ငံသို့ လာရောက်ကစားရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်က မွမ်ဘိုင်းမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ၄င်းကလပ်က ဇူလိုင် ၂၁ ရက် သတင်းထုတ်ပြန်သည်။ ဘလက်ဘန်းအသင်းသည် ယခုခြေစမ်းပွဲခရီးစဉ်ကို ဖျက်သိမ်းခြင်းမဟုတ်ကြောင်း၊ လာမည့် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယခု၇က်များအတွင်း အခြားပြည်ပခြေစမ်းပွဲ အစီးအစဉ်များရှိနေ၍ ဖြစ်ကြောင်း ဘလက်တန်းအသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)