ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 25, 2011

ဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင်

>
.....( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ .........

********************

မြန်မာပြည်မှာ လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးစသည့်ဒီမိုကရေစီ၏အနှစ်သာရများ နှစ်ကာလကြာရှည်စွာ ပျောက်ဆုံးပြီး လူထုကို လက်နက်အားကိုးလျက် မင်းမဲ့စရိုက်ဆံစွာ ဖိနှိပ်ကြမ်းကြုတ်အုပ်ချုပ်နေမှုများ ၊ မတရားဥပဒေများထုတ်ပြီး ဥပဒေကိုဗြောင်ချိုးဖောက်နေမှုများ ၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို လျစ်လျှူရှုကာ ရေရှည်ပြည်တွင်းစစ်ကို ဖန်တီးနေခြင်းများ ၊ တိုင်းပြည်စီးပွားရေးချောက်ထဲကြပြီး ပြည်သူလူထုတရပ်လုံး ခြွတ်ခြုံကျ မွဲတေဆင်းရဲတွင်းနက်နေပါလျက် လက်တဆုပ်စာ လူတစုသာ ဖောက်ပြန်၍ကြီးပွားချမ်းသာနေမှုများကြောင့် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ကို ပြည်သူလူထုတရပ်လုံး အော့နှလုံးနာကာ မခံမရပ်နိုင်သည့်အဆုံးမှာ ( ၈၈၈၈ ) လူထုအုံကြွမှုကြီး တတိုင်းပြည်လုံးတွင်ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးများ တောင်းဆိုခဲ့ကြပါသည်။

သို့သော်စစ်အုပ်စုသည် လွန်ခဲ့သော ( ၂၃ ) နှစ်ကျော်ကအမှားများကိုသင်ခန်းစာယူကာ တတိုင်းပြည်လုံးကောင်းစားရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ပြီး အတိုက်အခံ အင်အားစုများနှင့်ညှိနှိုင်းဆွေးနွေးကာ တိုင်းပြည်ငြိမ်းချမ်းရေးကို ပုံဖော်တည်ဆောက်လျက် တိုင်းပြည်စီးပွားရေးကိုကမ္ဘာ့အဆင့်အတန်းမီ အင်တိုက်အားတိုက် တိုးတက်အောင်ဆောင်ရွက်ရမည့်အစား
ဆိုရှယ်လစ်စနစ်ကထက်ပင်ဆိုဝါးသော စစ်အာဏာရှင်စနစ်ကိုအသက်သွင်းခဲ့ကြပေသည် ။

ရေခံမြေခံကောင်းပြီး သယံဇာတ ပေါကြွယ်ဝသည့်တိုင်းပြည်သည် စစ်အာဏာရှင်စနစ်ကြောင့် ဆင်းရဲမွဲတေနေရသည်ကို ဘယ်သူမှ ငြင်းချက်ထုတ်လို့ရမည်မဟုတ်ပါ ၊ တချိန်က အာရှစားပါးကျည်ဘ၀မှ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းကို သွတ်သွင်းခဲ့သည်မှာလည်း စစ်အုပ်စုဖန်တီးသည့် ရေရှည်ပြည်းတွင်းစစ်ကြောင့်ပင်ဖြစ်သည် ၊တိုင်းပြည်အနာဂတ်ကိုတည်ဆောက်မည့် ပညာရေးလုပ်ငန်းများ ၊ လူထုကျန်းမာရေးလုပ်ငန်းများ ၊အလုပ်အကိုင်သစ် လုပ်ငန်းသစ်များ ဖန်တီးမည့်အလုပ်သမားရေးရာ လုပ်ငန်းများတွင်အသုံးပြုမည့်ငွေကြေးများကို ကိုယ့်လူမျိုးချင်း သတ်ဖြတ်မည့်စစ်အသုံးစရိတ်အဖြစ်သုံးစွဲနေကြစဲဖြစ်သည် ။

လယ်ယာလုပ်ငန်းတွင်လည်း ခေတ်နောက်ကျနေသော စိုက်ပျိုးရေးနည်းများကို ဆက်လက်သုံးစွဲနေယုံသာမက ခေတ်မီထွန်စက် ယန္တရားများဖြင့်အစားမထိုးနိုင်သေးပဲ နွားများဖြင့် ထွန်ယက်စိုက်ပျိုးနေသည်မှာ ရှေးပဝေနသီကပင် ဖြစ်သည် ။ တောင်သူလယ်သမားများအတွက် နိုင်ငံတကာဈေးကွက်ကို ဖန်တီးမပေးပဲ နယ်ချဲ့လက်ထက်က ချစ်တီးကုလားများထက်ပင်ဆိုးကာ ခေါင်းပုံဖြတ် လက်ဝါးကြီးအုပ်လျက် လယ်ယာမြေများ သိမ်းယူနေမှုများစစ်အုပ်စု လက်ထက်တွင်နိုင်ငံအနှံဖြစ်ပွားလျက်ရှိသည် ၊ဈေးကွက်စီးပွားရေး စနစ်တွင် အားသာချက်ဖြစ်သော ကမ္ဘာ့လူဦးရေအများဆုံး ( ၂ ) နိုင်ငံဖြစ်တဲ့တရုပ်နှင့် အိန္ဒိယ နိုင်ငံများကိုပို့ကုန်များဖန်တီး၍ တိုင်းပြည်၏အကျိုးစီးပွားကိုလုပ်ဆောင်ရမည့်အစား တိုင်းပြည်၏ သဘာဝဓာတ်ငွေ့သယံဇာတများထုတ်ရောင်းခြင်း ၊ သစ်တောများ မျိုးပြုန်းသည်အထိခုတ်လှဲရောင်းချခြင်းများပြုလုပ်ပြီး လူသတ်လက်နက်များ မှာယူတင်သွင်းကာတိုင်းပြည်`၏ ပြည်သူ့ဘဏ္ဏာငွေများကို အကျိုးမဲ့ ဖြုန်းတီးလျက်ရှိသည် ။

လူမှန်နေရာမှန် မဟုတ်ချင်းကြောင့် တိုင်းပြည်စီးပွားရေး လုပ်ငန်းများကိုကျွမ်းကျွမ်းကျင်ကျင် မလုပ်ကိုင်နိုင်ယုံမက နီးစပ်ရာဆွေးမျိုးကောင်းစားရေးကို ဦးတည်လျက် အကျင့်ပျက် ခြစားမှုများ နေရာတကာတွင်မင်းမူလျက်ရှိသည်မှာ အားလုံးအသိဖြစ်ပေသည် ၊ တိုင်းပြည်သည် ဆင်းရဲတွင်းနက်သလို လူထုတရပ်လုံးကိုလည်း အကျင့်စာရိတ္တပျက်သော လမ်းကြောင်းကို တွန်းပို့သလိုဖြစ်နေသည် ၊ ဆိုလိုသည်မှာ ကုန်ဈေးနှုန်းအဆမတန် ကြီးမားသည့်ခေတ်မှာ အစိုးရအနေဖြင့်လခကို လုံလောက်စွာမပေးသဖြင့် အစိုးရ၀န်ထမ်းများမှာလာဘ်ပေးလာဘ်ယူမှုများ ဗြောင်လုပ်ကိုင်နေကြပြီး ၊ လာဘ်မစားတတ်ပါက တော်တော် နုံအတဲ့လူဟုပင် ထင်မြင်နေကြသောကာလဖြစ်နေသည်မှာ ကြာမြင့်နေပေပြီ။

တချိန်ကစစ်ယူနီဖောင်းဝတ်စစ်အစိုးရသည်တိုင်းပြည်၏်စီးပွားရေးကျဆင်းနေရခြင်းမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဟုနိုင်ငံတကာနှင့်အတိုက်အခံအင်အားစုများကို စွပ်စွဲပြောဆိုနေမည့်အစား အခုအရပ်သားဝတ် အစိုးရ အနေဖြင့်လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရပ်တန့်ကရပ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ နေထိုင်ကျင့်ကြံဖို့အချိန်ရောက်ပြီဟု အကြံပြုချင်ပါသည် ။

ကမ္ဘာပေါ်တွင် တိုးတက်ကြီးပွား ချမ်းသာလျက်ရှိသောနိုင်ငံများကို လေ့လာကြည့်လျှင် ယေဘုယျအနေဖြင့် ပြည်တွင်းစစ် မဖြစ်သောနိုင်ငံများ ၊ လူထုက ယုံကြည်ကိုးစားလျက် လွတ်လပ်ပြီးတရားမျှတသောဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမလိမ်ပဲတက်လာသည့် အစိုးရများအုပ်ချုပ်သောတိုင်းပြည်များ ၊ထောင်နှစ်ရှည်ချထားသောနိုင်ငံရေး အကျဉ်းသားမရှိသောတိုင်းပြည်များ ၊အဖြစ်တွေ့ရှိရပါသည်။

တိုင်းပြည်သည်ငြိမ်းချမ်းပြီး နိုင်ငံရေးတည်ငြိမ်လျှင် စီးပွားရေး ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရာရောက်ပါသည် ၊ ရေရှည် ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတွင် ဘယ်သူမှရင်းနှီးမြုပ်နှံမှု မလုပ်လိုသလို လာရောက်မလည်ပတ်လိုသည်မှာ သဘာဝကျပါသည် ။ ရန်ဖြစ်နေသော အိမ်သို့သင်ကိုယ်တိုင်ကော လည်ပတ်ချင်မည်လား ကိုယ့်ကိုကိုယ် မေးခွန်းအရင် ထုတ်ကြည့်ပါ ။

ထို့ကြောင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတကာမှစီးပွားရေးရင်းနှီးမြုပ်နှံမှုကို လိုလားသည့်အလျောက် ရွေးကောက်ပွဲမှတက်လာသော အရပ်သား အစိုးရကို အနှေးနှင့်အမြန် တိုင်းပြည်၏်အာဏာကို လွှဲပြောင်းပေးမြဲဖြစ်သည် ၊ တနည်းဆိုရသော် မိမိကောင်းစားရေးထက် တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးစားပေးခဲ့ကြသည် ။ ကျနော်တို့မြန်မာနိုင်ငံတွင် ယခုအချိန်ထိ လူတစုကောင်းစားရေးကို ဦးတည်နေသည်လား၊ လူထုကောင်းစားရေးကို ဦးတည်နေသည်လား စစ်အာဏာရှင်စနစ်ကို ဆုပ်ကိုင်ထားစဲအရပ်သားအစိုးရသာအသိဆုံးဖြစ်ပေမည် ၊လွှတ်တော်ထဲတွင်အတိုက်အခံမရှိတိတ်ဆိတ်ငြိမ်သက်ပြီး လာဘ်ပေးလာဘ်ယူများကို ကိုယ်ကိုတိုင်လည်းလုပ်ပြီး သူများလုပ်တာကိုလည်းထိုင်ကြည့်နေလျှင် လူထု၏ယုံကြည်ကိုးစားမှုကို ဘယ်သောအခါမျှရမည်မဟုတ်ဟု စေတနာထား အသိပေးပြောကြားလိုပါသည်။

အမေရိကန်နိုင်ငံလို စီးပွားရေးထိပ်သီးနိုင်ငံပင်လျှင် စစ်အသုံးစားရိတ်ဒဏ်ကြောင့် စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လျက်ရှိသည် ၊ အာဖကန်နစ္စတန်ကို တည်ဆောက်မည့်အစား အမေရိကန်နိုင်ငံကို ပထမဆုံးတည်ဆောက်ပါဟု လွှတ်တော်အစည်းအဝေးတွင် အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့သည်။ စစ်ရဲ့ဆိုးကျိုးများကိုနိုင်ငံတကာတွင် မျက်ဝါးထင်ထင် တွေ့မြင်နေရပေမည် ။

တခြားတဖက်တွင်လည်း ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေပြီး တိုင်းပြည်၏လူသားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိပေသည် ။ အမေရိကန် ၊ ကနေဒါ ၊ ဂျပန်နှင့် တခြား ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အနာဂတ် စစ်တမ်းကောက်ခံချက်များအရ ဒီပုံစံအတိုင်း လူဦးရေမွေးဖွားနှုန်းအတိုင်းသွားပါက နောင်အနှစ် ( ၂၀ ) တွင်ပင်စင်ယူကြမည့်အလုပ်သမားများနေရာတွင် လူစားထိုးဝင်ရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းတော်တော်များများမှာအရေးတကြီး လိုအပ်ပေလိမ့်မည် ။ထို့ကြောင့် လူသားအရင်းအမြစ်ရှာဖွေစုဆောင်းမှုများကို စီမံကိန်းများချပြီး အပူတပြင်းလုပ်ကိုင်လျက်ရှိသည်ကိုတွေ့မြင်ကြရသည် ။ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံများက လူ့အခွင့်အရေးများ အပြည့်အ၀ပေးပြီး လူသားများကို သူ့ထက်သူသာအောင်ဆွဲဆောင်ပြီး လူသားအရင်းအမြစ်များအား စုဆောင်းနေကြချိန် ကျနော်တို့မြန်မာပြည်ကတော့ လူသားအရင်းအမြစ်များသာမက သဘာဝအရင်းအမြစ်များပါ ဖြုန်းတီးနေလျက်ရှိသည်ကို စိတ်မကောင်းဖွယ်မြင်တွေ့နေရသည် ။ အနောက်နိုင်ငံတိုင်းပြည်များတွင် အလုပ်လုပ်ပါက ၀င်ငွေအနည်းအများပေါ်မူတည်ပြီး ၀င်ငွေ၏အနည်းဆုံး ၁၀% မှ ၁၅% အထိ အစိုးရကို အခွန်ဆောင်ရသည်။ ဒီမိုကရေစီအစိုးရများက ပြည်သူလူထုကို အခွန်ပေးဆောင်မည့်သူများဟုမြင်ပြီး လူထုကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည် ၊ စစ်အစိုးရကတော့ သူတို့၏ဖောက်ပြန် မှုများကိုတော်လှန်မည့်သူများဟု လူထုကိုသဘောထားကာ ဖိနှိပ်အုပ်ချုပ်သည် ။

ကနေဒါနိုင်ငံအပါအ၀င်တိုးတက်သောနိုင်ငံတော်တော်များများတွင် လူငယ်အများစုသည် ခေတ်မီတိုးတက်မှုနဲ့အညီ ရုပ်ဝတ္တုများနောက်လိုက်ကာ အလုပ်ခွင် ၊စာသင်ခန်များတွင် အချိန်ကုန်သူများရှိသလို တခြားတဖက်တွင်လည်းအရာရာကိုပေါ့ပေါ့တန်တန်သဘောထားကာ မူးယစ်သောက်စားပျက်စီးလျက်ရှိသည် ၊ ကျောင်းသားသမဂ္ဂလို နေရာတွင် လူနည်းသလောက် အရက်ဘားမှာ လူစည်ကားလျက်ရှိသည် ၊ ကနေဒါ အစိုးရအနေဖြင့် လူငယ်ထုအတွက်နွေရာသီနှီးနှောဆွေးနွေးပွဲ များ ၊ အလုပ်အကိုင်သစ်ရှာဖွေဖန်တီးခြင်းများ ကိုကွန်မြူနတီ အဖွဲ့အစည်းများမှတဆင့်ငွေကုန်ကြေးကျခံကာ လုပ်ဆောင်လျက်ရှိသည် ၊
မြန်မာစစ်အစိုးရကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းမှာကို မလိုလားယုံမက တိုင်းချစ်၊ပြည်ချစ်မျိုးချစ်စိတ်ရှိသူများအားအခုချိန်ထိမတရားဖမ်းဆီးထားရာမှလွှတ်မပေးပဲ ထောင်နှစ်ရှည်ချကာ၊ လူငယ်များနိုင်ငံရေးစိတ်မ၀င်စားပဲ မူးယစ်သောက်စားပျက်စီးမှာလိုလားပုံရသည် ။

လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်၏တိုးတက်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံတကာသို့ရောက်နေသော အဝေးရောက်မြန်မာများကိုဖိတ်ခေါ်၍ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ရပေမည် ။ သို့သော် ယခုအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရလျှင်နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားနယ်စပ်ဒေသများသို့ထိုးစစ်ဆင်နေခြင်းများမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အစွမ်းကုန် ကြိုးစားတည်ဆောက်နေခြင်းသာဖြစ်နေပေသည် ။ ဦးသိန်းစိန် အစိုးရသည် အဝေးရောက် တိုင်းချစ် ပြည်ချစ်မြန်မာများကို ပြန်ခေါ်ဖို့ဝေးစွ ၊ မျိုးဆက်သစ်လူငယ်များ လူမျိုးခြားနဲ့ညားတဲ့အချိန်ထိစောင့်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ဖို့များ ကြိုတင်ပြင်ဆင်နေပုံရသည် ။ဒါပေမဲ့ စစ်အုပ်စုသည် တိုင်းရင်းသားများခြားတွင် နယ်ခြားစောင့်တပ်လုပ်ရေး မလုပ်ရေးဆိုကာ တိုင်းရင်းသားအချင်းချင်း သပ်ရှိုဖြိုခွဲသလို အဝေးရောက်မြန်မာများကြားတွင်လည်း အောက်လမ်းနည်းမျိုးစုံသုံး၍ ဖြိုခွဲလျက်ရှိသည်။

ကျနော်တို့မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက အပင်ပမ်းဆင်းရဲခံလျက် ဘာကြောင့်တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေသလဲဆိုတာကို ကိုယ်ကိုတိုင်နယ်စပ်ဒေသကိုဖြတ်သန်းတောခိုမှပိုမိုသိလာရသည် ၊စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျှူရှုယုံမက နယ်စပ်ဒေသရှိတိုင်းရင်းသားတို့မှာ ပြည်တွင်းစစ်ရဲ့သားကောင်များဖြစ်ခဲ့ရသည် ။

စစ်အာဏာရှင်စနစ်အောက်မှာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ဖို့ပင် အခွင့်အရေးမရခဲ့ပဲ ပေါ်တာဆွဲ ၊ မုဒိန်းကျင့် ၊ ရွာမီးရှို့၊ ကြက်စွဲ ၊၀က်စွဲ၊ နွားစွဲ မယားစွဲဒဏ်တွေကြောင့်နောက်ဆုံးမှာဖိနှိပ်မှုကို ပုန်ကန်ဖို့တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သည် ။တိုင်းရင်းသားများအနေဖြင့် ဒီလောက် မတရားအနိုင်ကျင့် ဗိုလ်ကျဖိနှိပ်ကြမ်းကြုတ်သည့်စစ်အစိုးရကိုလက်ကိုင်တော်လှန်သော်လည်း ပါလက်စ္စတိုင်းလို စူဆိုက်ဗုံးသမားများအဖြစ် လက်နက်ကိုင်တော်လှန်ရေးသမားများကိုအသွင်မပြောင်းခဲ့ပေ။
ကျနော်ဆိုလိုသည်မှာ ကျနော်တို့ ၈၈၈၈ အရေးအခင်းမှထွက်ခွာပြီးနယ်စပ်သို့ရောက်ရှိပြီးတောခိုတုန်းအချိန်က ကျနော်တို့ရင်ထဲအသွေးအသားထဲတွင် စစ်အစိုးရကိုမုန်းတီးစိတ်များ ပြင်းပြင်းထန်ထန်ကိန်းအောင်းလျက်ရှိသည် ။လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းစိမ်းဝတ်ကျောင်းသားလူငယ်များအပါအ၀င် လက်နက်မဲ့ပြည်သူလူထုကို စစ်အုပ်စုက လမ်းမပေါ်တွင် ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်သွေးချောင်းစီးခဲ့မှုများကို ဘယ်လိုမှမေ့ပျောက်လို့မရအောင် ရင်ထဲအသည်းထဲမှာနာကျင်နေခဲ့သည် ။

အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကသာ ကျနော်တို့သွေးဆူနေတဲ့ကျောင်းသားများကို ဆူစိုက်ဗုံးသမားများအဖြစ် သင်တန်းပေးလျှင်ကျနော်တို့လုပ်ဖြစ်ကောင်းလုပ်ဖြစ်ပေလိမ့်မည်။တိုင်းရင်းသားခေါင်းဆောင်တို့သည် အနာဂတ်ရေရှည်ကိုကြည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအားမျှော်ကိုးပြီး ကျနော်အထက်ကတင်ပြခဲ့သလို ဆူစိုက်ဗုံးသမားများအဖြစ်မလုပ်ခဲ့ခြင်းဖြစ်မည်ဟုကျနော်ထင်သည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားခေါင်းဆောင်းများကို ဒီတချက်ထဲနှင့်ပင် ကြည်ညိုလေးစားနေမိသည်၊ ဒါကြောင့်တိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အမြဲပြောဆိုတင်ပြနေသော အမျိုးသားပြန်လည်သင့်မြတ်ရေးအဆိုကို စိတ်ဝင်စား ထောက်ခံပြောဆိုကြသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ကြွေးကြော်နေသောစစ်အစိုးရသည်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားကြောင်းမပြပေ၊ စစ်အစိုးရ အနေဖြင့် တိုင်းရင်းသားအချင်းချင်းက်ု သွေးခွဲပြီးအိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းခဲ့ပေါင်းလည်း များပြီကို သမိုင်းကသက်သေခံလျက်ရှိသည် ။ ဒါပေမဲ့ စစ်အုပ်စုကသာ ဒီလို မတရားအကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေပါက တချိန်ချိန်တွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ဘုန်းတော်ကြီးများအပါအ၀င် ငြိမ်းချမ်းရေးလိုလားသော လူထုများကြားမှာ စူဆိုက်ဗုံးသမားများ မပေါ်လာနိုင်ဘူးဟု ဘယ်သူအတတ်ပြောနိုင်မှာလဲ...။

အချုပ်ဆိုရသော် ဦးသိန်းစိန်အစိုးရအနေဖြင့် ကလင်တန်တင်ပြပြောဆိုသလို ဒီမိုကရေစီအရေခြုံအစိုးရလုပ်မည်လား ၊ ဒါမှမဟုတ် လူထုကို ကိုယ်စားပြုသည့်အစိုးရကို အသွင်ကူးပြောင်းဖို့ လူထုခေါင်းဆောင်ဒေါ်အောင်စုကြည်အပါအ၀င် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမည်လား ရွေးချယ်ရမည့်အချိန်ရောက်ပါပြီ.....။

ဒါမှမဟုတ်ရင် တရားနည်းလမ်းမကျတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ကြပ်တည်းတဲ့စီးပွားရေးကြောင့်ဖိနှိပ်ခံလူထုဟာနောက်တကြိမ် (၈​၈၈၈)လိုအုံကြွမှုမျိုးဆီဦးတည်နေသည်လို့ထင်ပါသည်၊ IT ခေတ်ဟာ လွန်ခဲ့တဲ့အနှစ် ( ၂၀ )ကလိုမဟုတ်ပဲ အားကောင်းမောင်းသန်နဲ့လူထုကိုတိုက်ရိုက်ထိတွေ့ပြီးအာရပ်ကမ္ဘာလိုလူထုအုံကြွမှုနဲ့ပြည်သူ့တော်လှန်ရေးစီသို့ အင်တာနက် ရေဒီယို ၊ သတင်းမီစီဒီယာများမှတဆင့် အရှိန်အဟုန်ပြင်းစွာရောက်ရှိေ​နပါသည် ။ပြည်တွင်းပြည်ပလူထု​ကွန်ယက်တွေကိုတည်ဆောက်ပြီးအာဏာရှင်စနစ်ပြုတ်ကျရေးကိုလူထုအုံကြွမှုဖြင့်အရေးဆို တောင်းဆိုလှုပ်ရှားခဲ့မှုကြောင့် အာရပ်နိုင်ငံတော်တော်များများမှာ လူထု၏အရေးဆိုမှုများကို အာဏာရှင်များမှလိုက်လျောနေရသည်၊ တခြားတဖက်တွင်လည်းလစ်ဗျားနိုင်ငံလို လူထုအပေါ် မတရားဗိုလ်ကျ ဖိနှိပ်သော အာဏာရှင် ကဒါဖီအစိုးရကို နိုင်ငံတကာမှ စစ်ရေးအရတိုက်ခိုက်ယုံမက လက်နက်ကို​င်တော်လှန်ရေးသူပုန်များကို ပေါ်ပေါ်ထင်ထင်ကူညီလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လူထုအုံကြွ​မှုအတွေ့အကြုံလည်းရှိထားပြီးဖြစ်သလို၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံလည်းရှိထားပြီးဖြစ်၍ အကယ်၍သာငြိမ်းချမ်းရေးလမ်းစဉ်ကိုဆုပ်ကိုင်သော အဖွဲ့အစည်းများ`၏ ငြိမ်းချမ်းစွာ လူထုစည်းရုံးရေးမှလူထုအုံကြွမှုသို့အသွင်ကူးပြောင်းမှုနှင့် အတူလက်နက်ကိုင်အင်အားစုများ၏စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တော်လှန်ရေးကိုဟန်ချက်ညီ​ညီတပြိုင်တည်းပေါင်းစပ်လုပ်ကိုင်နိုင်တဲ့နေ့ဟာဒီမိုကရေစီအောင်​ပွဲနေ့လို့ရိုးသားစွာယုံကြည်ပါသည်...။

ကျနော်တို့တတွေဟာ စူဆိုက်ဗုံးသမားတွေမဖြစ်သေး​ဘူး ၊စနိုက်ပါတွေနဲ့စစ်အုပ်စုခေါင်းဆောင်တွေကို မလုပ်ကြံသေးဘူး ၊နိုင်ငံတကာရောက်နေတဲ့စစ်အု​ပ်စုရဲ့မိသားစုတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေမလုပ်သေးဘူး၊ စစ်အုပ်စုစီးပွားရေးကို ကြားကန်ထားသော ရေနံသဘာဝပိုက်လိုင်းများကို မဖျက်ဆီးသေးဘူး ၊ မိုက်တယ်ဆိုတာ လွယ်ပါတယ် ဆိုတဲ့စကားလို မလုပ်တတ်လို့တော့မဟုတ်ဘူး..​အမျိုးသားပြန်လည်သင့်မြတ်ရေးများဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့နှစ်ကာလကြာေ​စာင့်ခဲ့ကြသည်။

သို့သော်နောင်အနာဂတ်​မှာစစ်အုပ်စုရဲ့တိုင်းရင်းသားတွေအပေါ်လူ့အခွင့်ရေးချိုးေ​ဖာက်မှုများ ၊လူထုကိုပြင်းထန်တဲ့ဖိနှိပ်​ကြမ်းကြုတ်မှုတွေ၊လွန်ခဲ့တဲ့​၈၈ကာလကလိုဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင် ငြိမ်းချမ်းရေးရဲ့ဆ​န့်ကျင်ဖက် အကြမ်းဖက်မှုတွေ ၊လူထုအုံကြွမှုတွေတိုင်းပြည်​မှာထပ်မံဖြစ်ပွားလိမ့်ဦးမယ်လို့ယုံကြည်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

**အောင်ခိုင်မြင့်**

ကျနော် ဖြတ်သန်းလာခဲ့သော ဘ၀ခရီးတလျောက် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များပေါ်အခြေခံလျက် တိုင်းချစ်ပြည်ချစ် ၊အမျိုးသားရေးစိတ်ဓာတ်ဖြင့် အခုဆောင်းပါးကို ရေးသားခြင်းဖြစ်ပါသည် ၊

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)