**စကားလက်ဂျိုဟန်ဆန်၏ နောက်ထပ် ချစ်ဇာတ်လမ်းတစ်ပုဒ်**
နာမည်ကျော်ဟောလိဝုဒ်မင်းသမီးချော စကားလက်ဂျိုဟန်ဆန်သည် The Hangover ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသား ဂျက်စတင်ဘာဘာနှင့် တွဲလျက်ရှိကြောင်း၊ ၄င်းတို့နှစ်ဦးကို ပြီးခဲ့သည့် စနေနေ့က နယူးယောက်မြို့တွင် အတူယှဉ်တွဲလျက် တွေ့ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ စကားလက်သည် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလက ရိုင်ယန်ရေးနိုးလ်နှင့် ကွာရှင်းပြတ်စဲခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ဇူလိုင် ၁၆ ရက် (စနေနေ့) က နယူးယောက်မြို့တွင် ပြုလုပ်သည့် ဂျက်စတင်၏ All New People အမည်ရှိပြဇာတ်သို့ လာရောက်ကြည့်ရှု့သည်။ (အင်တာနက်)
**The Silver Linings play book ဇာတ်ကားတွင် ဂျနီဖာလော့ရင့် သရုပ်ဆောင်မည်**
ဟောလိဝုဒ် မင်းသမီးချော ဂျနီဖာလောရင့်သည် စာရေးဆရာမတ်သရူး၏ The Silver Linings play book ၀တ္ထုကို ရုပ်ရှင်ဇာတ်ကား အဖြစ် ဖန်တီးရာတွင် မင်းသားမက်ဝါးလ်ဘက်ဂ်နှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဤဇာတ်ကားသည် စိတ်ရောဂါဟုဆေးရုံတွင် နှစ်ပေါင်းများစွာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းလာသော်လည်း စိတ်ကျဝေဒနာကိုဆက်လက်ခံစားနေရသူ ပတ် အမည်ရှိအမျိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။ ပတ်အဖြစ်မင်းသား မက်ဝါးလ်ဘက်ဂ်က သရုပ်ဆောင်မည်ဖြစ်သည်။ ဤဇာတ်ကားတွင် ဂျနီဖာက ချောမောလှပပြီး ဆွဲဆောင်မှုရှိသော တစ်ခုလပ်အမျိုးသမီး တစ်ဖနီအဖြစ် သရုပ်ဆော်သွားမည်ဖြစ်ပြီး တစ်ဖနီနှင့် ပတ်တို့၏ ပတ်သက်ဆက်နွယ်မှုကို ရိုက်ကူးတင်ပြသွားမည်ဖြစ်သည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - အေ၀မ်းစိုး**

No comments:
Post a Comment