**တရုတ်နိုင်ငံ၌ အင်တာနက်သုံးစွဲသူ ဇွန်လကုန်တွင် ၄၈၅ သန်းရှိ**
(ပေကျင်း၊ ဇူလိုင် ၂၂)
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူအများဆုံး တည်ရှိရာနိုင်ငံဖြစ်ပြီး ဇွန်လကုန် အခြေပြစာရင်းအရအင်တာနက်သုံးစွဲသူ ၄၈၅ သန်းရှိကြောင်း၊ ယင်းမျာ ၂၀၁၀ ခုနှစ် နှစ်ကုန်ကာလနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၁ ရာခိုင်နှုန်းပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်အင်တာနက်ကွန်ရက်သတင်းပြန်ကြားရေးဗဟိုဌာနက ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။ တရုတ်နိုင်ငံ၌ ဒီဇင်ဘာလ နောက်ပိုင်း အင်တာနက် သုံးစွဲသူဦးရေ ၂၇ ဒသမ ၇ သန်းပိုမိုတိုးတက်လာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တရုတ်နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၃ ဘီလီယံအနက် သုံးပုံတစ်ပုံကျော်မှာ အင်တာနက်ကို အသုံးပြုကြသည်။ တရုတ်နိုင်ငံ၌ မိုဘိုင်းဖုန်းမှတ်တစ်ဆင့် အင်တာနက်ကွန်ရက် အသုံးပြုသူ ၃၁၈ သန်းရှိသည်။ (ဆင်ဟွာ)
**ပါကစ္စတန်ရေတပ်၌ အသုံးပြုရန် ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်များ ပေးအပ်**
(ကရာချိ၊ ဇူလိုင် ၂၂)
ပါကစ္စတန်နိုင်ငံ၌ ပြည်တွင်းဖြစ်မောင်းသူမဲ့လေယာဉ်များအား ရေတပ်၏ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၂၁ရက်က ကျင်းပခဲ့ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ မာရန်စစ်စခန်း၌ ကျင်းပသော အခမ်းအနားတစ်ရပ်တွင် ရေတပ်အတွက် မောင်းသူမဲ့လေယာဉ်များကို စစ်ဘက်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ မောင်းသမဲ့လေယာဉ်များကို အူကက် - ၂ ဟု အမည်ပေးထားပြီး အာရုံခံကိရိယာများ ပါရှိသည်။ မောင်းသူမဲ့လေယာဉ်များကို ပါကစ္စတန်ရေတပ်က ရရှိခြင်းဖြင့် ရေတပ်၏ ထောင်လှမ်းရေးစွမ်းပကားများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ မိမိတို့ရေတပ်၏ စစ်ဆင်ရေးလုပ်ငန်းများရည်မှန်းချက် ပေါက်မြောက်နိုင်ရန် မောင်းသူမဲ့လေယာဉ်များက ထောက်ကူမည်ဖြစ်ကြောင်း ရေတပ်တစ်ဦးစီချုပ် ရေတပ်ဗိုလ်ချုပ် နိုမန်ဘာရှီးကပြောကြားသည်။ မောင်းသူမဲံလေယာဉ်များသည် အရွယ်အစားအရသေးငယ်ခြင်း၊ အသုံးပြုရန်လွယ်ကူခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနည်းပါးခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တိုက်ခိုက်ရေးတပ်ဖွဲ့များက ယင်းလေယာဉ်များကို အသုံးပြုလျက်ရှိကြောင်း ၄င်းက ပြောကြားသည်။ (ရိုက်တာ)
**နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံ အီရန်တွင် ဖွင့်လှစ်**
(တီဟီရန်၊ ဇူလိုင် ၂၂)
အီရန်နိုင်ငံ၏ အကြီးဆုံးသော နေရောက်ခြည်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံကို ဇူလိုင် ၂၂ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း အီရန် သတင်းအေဂျင်စီက သတင်းထုတ်ပြန်သည်။ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံကို အီရန် ဒုတိယသမ္မတ မိုဟာမက်ရီဇာရာမီနီက ဖွင့်လှစ်ပေးလိုက်သည်။ အီရန်သိပ္ပံပညာရှင်များ ဒီဇိုင်းပုံစံထုတ်ကာ တည်ဆောက်ခဲ့သော နေရောက်ခြည်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံသည် မြို့တော်တီဟီရန်အရှေ့ဘက် မိုင် ၅၃၀ အကွာ မာရှာဟက်မြို့၌ တည်ရှိသည်။ အဆိုပါ စက်ရုံတွင် ဆိုလာပြား ၂၁၆ ခုကို အသုံးပြုကာ စွမ်းအင်ထုတ်ယူမည်ဖြစ်ည်။ နေရောက်ခြည်စွမ်းအင်ထုတ်လုပ်ရေးစက်ရုံသည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၇၂၀၀၀ ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါစက်ရုံ၏ အမှုဆောင်အရာရှိချုပ်ရေဇာကာရာမီယန်က ပြောကြားသည်။ (ဆင်ဟွာ)
**စုစည်းဘာသာပြန် - အေ၀မ်းစိုး**

No comments:
Post a Comment