အရိုးငေါငေါ စက္ကန့်တွေထဲ
အံ့သြလောက်အောင်
လန့်ဖြန့် နေတဲ့စိတ်
တိတ်တိတ်နေရင် ၀ါးမြိုခံရမယ်၊
ဟစ်အော်လိုက်ရင် ဖြိုခွဲဦးမယ် ၊
မသိသလို နေပြန်ရင်
ရုပ်နဲ့စိတ်ကို ချုပ်နှောင်မယ်....။
ကဲ.....
ဘယ်မှာလဲ ချိုမြိန်တဲ့ အမှန်တရား
အသံလှိုင်းနဲ့ စက္ကူပေါ်မှာ
မုသားဝါဒချင်း အားပြိုင်
ခံနိုင်ရည်ရှိစွာ
အမှားများနဲ့ နပမ်းလုံး
ဘယ်ဖက်လမ်းဆုံးမှာ သရဲသဘက်တွေ
ညာဖက်လမ်းဆုံးမှာ ဘီလူးတစ္ဆေတွေ
ငါရပ်နေတဲ့ အလယ်တည့်တည့်မှာ
မိစ္ဆာကောင်တွေ ပျော်မြူးလို့နေတယ်.....။
ညှီနံ့စွန်းထင်း ရက်စွဲထဲ
ခန္ဓာကိုယ်ကို ပစ်ထည့်ရင်း
လောင်မြိုက်နေမှန်းသိလျက် ရုန်းမိမရ
တရားဝင် တံဆိပ်နှိပ်ထားတဲ့
ဒုက္ခသည်ရဲ့ ဒုက္ခဆိုး
ခံနိုင်ရည်တာရိုး ကျိုးကျသွားရင်
ယခင် နှလုံးသား ဖြူစင်သူဟာ
ပြိုင်ဆိုင်သူကင်းအောင် ကောက်ကျစ်ပြတဲ့အခါ
ကမ္ဘာမြေဟာ.....
သူ့ရင်သွေးအတွက် ငိုကြွေးနေရမယ်....။
မက်မောစရာများ ငုပ်လျှိုး
ဟိုးအဝေးက အလင်းမှုန်သေးသေးကို
ချုပ်တည်းစိတ်နဲ့ခြေဖျားထောက်ကြည့်
တွေ့ရှိလိုက်ပြန်ပြီ ဖောက်ပြန်မှုများ ၊
ပြားပြားဝပ်နေရတဲ့ ငြိမ်းချမ်းရေး
ကမ္ဘာ့အပြင်ဖက်.....
ခြေကုန်သုတ်ပြေး သွားပြီလား........။ ။
**အောင်ခိုင်မြင့် **
အရိုးငေါငေါ စက္ကန့်တွေထဲ
အံ့သြလောက်အောင်
လန့်ဖြန့် နေတဲ့စိတ်
တိတ်တိတ်နေရင် ၀ါးမြိုခံရမယ်၊
ဟစ်အော်လိုက်ရင် ဖြိုခွဲဦးမယ် ၊
မသိသလို နေပြန်ရင်
ရုပ်နဲ့စိတ်ကို ချုပ်နှောင်မယ်....။
ကဲ.....
ဘယ်မှာလဲ ချိုမြိန်တဲ့ အမှန်တရား
အသံလှိုင်းနဲ့ စက္ကူပေါ်မှာ
မုသားဝါဒချင်း အားပြိုင်
ခံနိုင်ရည်ရှိစွာ
အမှားများနဲ့ နပမ်းလုံး
ဘယ်ဖက်လမ်းဆုံးမှာ သရဲသဘက်တွေ
ညာဖက်လမ်းဆုံးမှာ ဘီလူးတစ္ဆေတွေ
ငါရပ်နေတဲ့ အလယ်တည့်တည့်မှာ
မိစ္ဆာကောင်တွေ ပျော်မြူးလို့နေတယ်.....။
ညှီနံ့စွန်းထင်း ရက်စွဲထဲ
ခန္ဓာကိုယ်ကို ပစ်ထည့်ရင်း
လောင်မြိုက်နေမှန်းသိလျက် ရုန်းမိမရ
တရားဝင် တံဆိပ်နှိပ်ထားတဲ့
ဒုက္ခသည်ရဲ့ ဒုက္ခဆိုး
ခံနိုင်ရည်တာရိုး ကျိုးကျသွားရင်
ယခင် နှလုံးသား ဖြူစင်သူဟာ
ပြိုင်ဆိုင်သူကင်းအောင် ကောက်ကျစ်ပြတဲ့အခါ
ကမ္ဘာမြေဟာ.....
သူ့ရင်သွေးအတွက် ငိုကြွေးနေရမယ်....။
မက်မောစရာများ ငုပ်လျှိုး
ဟိုးအဝေးက အလင်းမှုန်သေးသေးကို
ချုပ်တည်းစိတ်နဲ့ခြေဖျားထောက်ကြည့်
တွေ့ရှိလိုက်ပြန်ပြီ ဖောက်ပြန်မှုများ ၊
ပြားပြားဝပ်နေရတဲ့ ငြိမ်းချမ်းရေး
ကမ္ဘာ့အပြင်ဖက်.....
ခြေကုန်သုတ်ပြေး သွားပြီလား........။ ။
**အောင်ခိုင်မြင့် **
No comments:
Post a Comment