ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 26, 2011

လူထုကျန်းမာရေး(နှလုံးကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာများ )

>
**Public Health**

နှလုံးရောဂါကြောင့် အမျိုးသမီး အရေအတွက် ပမာဏဟာ ကင်ဆာရောဂါအမျိုးမျိုးကြောင့် သေဆုံးသော အမျိုးသမီး ဦးရေထက် ပိုများပါတယ်။ နှလုံးကျန်းမာရေးအတွက် နှလုံးချစ်တဲ့ အစားအစာများကို ဖော်ပြလိုပါတယ်။

စကာင်္ပူနိုင်ငံ အမျိုးသမီး ၅ ဦးလျှင် တစ်ယောက်ဟာ နှလုံးရောဂါ(သို့) လေဖြတ်ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ ဒီပမာဏဟာ ရင်သားကင်ဆာကြောင့်သေဆုံးတဲ့ အရေအတွက်ထက် ၅ဆရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို များပြားရခြင်းဟာ သင့်ရဲ့ အနီရောင် နှလုံးသားလေးက သင့်ကိုမုန်းတဲ့အတွက်မဟုတ်ပါဘူး..။ အမှန်တကယ်ဆိုရရင် သင်က သူ့ကို ဘယ်လိုပဲ ဂရုမစိုက်သည်ဖြစ်စေ၊ အနီရောင်နှလုံးသားလေးဟာ သစ္စာရှိရှိ မှန်မှန်ခုန်ပေးနေပါတယ်..။ သွေးများကို ခန္ဓာကိုယ်အနှံအပြား ရောက်အောင် ညှစ်ထုတ်ပေးနေပါတယ်..။ သင်ဟာ ဘာဂါမုန့်တွေကြိုက်သလောက်စား၊ စီးကရက်တွေ ကြိုက်သလောက်သောက်ပြီးတော့ သင့်ရဲ့ဘ၀ခံယူချက်ကို ဇိမ်ကျကျပျော်သလိုသာနေမယ်။(cook potato) နေမယ်လို့ပဲထားထား။ ဒီအံ့ဖွယ်ရာရောက်တဲ့ နှလုံးသားလေးပါသော စိတ်ကလေးကတော့ မှန်မှန်ကြီး ညှစ်ထုန်ပေးတဲ့ တာဝန်ကို ဆောင်ရွက်နေမှာပါပဲ..။ ဒါပေမယ့် သူ့မှာလည်းအတိုင်းအတာရှိပါတယ်။ နှစ်ပေါင်းများစွာလျစ်လျူရှုခံရခြင်း တလွဲ အသုံးပြုခံရခြင်းတို့ကို ကြုံပြီးတဲ့အခါ သင့်နှလုံးသားကတော့ သင့်အား နှလုံးတိုက်ခိုက်ခြင်း တည်းဟူသော လမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ရန် လုံလောက်သောအကြောင်းပြချက်ရရှိသွားပါပြီ။ ကျေးဇူးတင်စရာကောင်းတဲ့ အချက်တစ်ခုကတော့ နှလုံးရောဂါဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါသတဲ့။

သင့်ဆရာဝန်ရဲ့အကူအညီနဲ့ လွယ်ကူရိုးစင်းအောင် စမ်းသပ်မှုလေးပြုလုပ်လိုက်ရုံဖြင့် သင့်နှလုံးရဲ့ ကျန်းမာရေးအခြေအနေကို သိနိုင်ပါတယ်..။ သင့်ရဲ့ သွေးပေါင်ချိန် သွေးတွင်းကိုလက်စထရော ပမာဏနှင့်သွေးတွင်း သကြားဓါတ်ပမာဏကို တိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့နှလုံးသားက ခွင့်လွှတ်ပေးနိုင်တဲ့ ကိစ္စလေးတွေတော့ ရှိပါတယ်..။ ဥပမာ ဆေးလိပ်သမားတစ်ယောက် ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ဟာ ချက်ချင်းပဲ ကျဆင်းသွားပါတယ်..။ ဘ၀ လူနေမှု ဟန်ပန်ကို ပြန်လည် တွန်းလှန်ကာကွယ်ရန် စကာင်္ပူနှလုံးဖေါင်တေးရှင်းမှ လိုက်နာရန် လမ်းညွှန်ထားသော အချက်များကို ဖော်ပြလိုက်ပါတယ်..။ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ နှလုံးကျန်းမာရေးအတွက် သင့်လျော်သောအစားအစာများကို တိုးမြှင့်စားသုံးရန်ပါပဲ။ နောက်တစ်ကြိမ် သင့်အစာအိမ်က ဆာလောင်တဲ့အတွက် ဂွီခနဲမြည်လိုက်ပြီဆိုရင် နှလုံးကလည်းပဲ ချစ်တဲ့ ဖော်ပြပါ အစားအစာများကို စားလိုက်ပါတော့။

၁။ ထောပတ်သီးဆီ၊ ဗာဒံစေ့နှင့် သံလွင်ဆီ

အဲဒီအစားအစာထဲမှာ မပြည့်ဝဆီတွေပါဝင်တယ်။ အဲဒီဆီတွေက HDL လို့ခေါ်တဲ့ ကောင်းတဲ့အဆီပမာဏကို မြှင့်တင်စေတယ်..။ DHL ရဲ့ တာဝန်ကတော့ သွေးလွှတ်ကြောတွေအတွင်းမှာပိုနေတဲ့ ကိုလက်စထရော အဆီဓါတ်တွေကို အသည်းထဲ ရောက်အောင် ပြန်ပို့ပေးပါတယ်..။

၂။ တူနာ နှင့် ဆော်လမွန်ငါး

အဲဒီငါးတွေထဲမှာ အိုမီဂါ(၃) အဆီအက်စစ်တွေပါဝင်တယ်။ အဲဒီ အဆီအက်ဆစ်တွေက သွေးလွှတ်ကြောတွေကို ကောင်းကောင်းပွင့်အောင် လမ်းရှင်းပေးတယ်။ ဒါကြောင့် သွေးကို အရေးကြီးသော အစိတ်အပိုင်းများထံ မြန်မြန်ရောက်အောင် လုပ်ပေးနိုင်သလို အဆိပ်အတောက်တွေနဲ့ ကိုလက်စထရောတွေကို စွန့်ပစ်ရန်အတွက် အသည်းထံ ရောက်အောင် ပို့ပေးတယ်..။ ငါးသေတ္တာငါးနဲ့ ငါးကွင်းရှပ်တို့ ထဲမှာလည်း အိုမီဂါ(၃) များစွာပါဝင်တယ်။ အဲဒါကြောင့် အဲဒီငါးတွေပါတဲ့ ငါးသေတ္တာဗူးတွေကို ဆီအစားရေဖြင့် ဆီသွတ်ထားတဲ့ ငါးဗူးတွေကို အသင့်စားသုံးနိုင်ပါတယ်။

၃။ လက်ဖက်ရည်ကြမ်း

အဆီဓါတ်မြင့်မားစွာ ပါဝင်တဲ့ အစားတွေကို စားတဲ့ဘုတ်ဆုံမတွေကို လက်ဖက်ရည်ကြမ်း တိုက်တဲ့အခါ သူတို့ရဲ့ သွေးတွင်းကိုလက်စထရောပမာဏနဲ့ ထရိုင်ကလစ်စရိုက် ကျဆင်းသွားတာကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့ပါတယ်..။လက်ဖက်ရည်ကြမ်းထဲမှာပါဝင်တဲ့ ဓါတုပစ္စ္စ္စည်းတွေဟာ ထရိုင်ဂလစ်စရိုက်တွေကို ဖက်တီးအက်ဆစ်အဖြစ် ပြိုကွဲမှု မြန်ဆန်စေပြီး အဲဒီအဆီတေံကိုစွမ်းအင်အဖြစ် လောင်ကျွမ်းစေခြင်းဖြစ်ပါတယ်။

၎။ ပိုက်ဆံလှော်စေ့
အံ့ဖွယ်ရာ အစားအစာအဖြစ် ကျော်ကြားနေတာကတော့ ပိုက်ဆံလှော်စေ့ ဖြစ်ပါတယ်..။ အဲဒီအထဲမှာ အိုမီဂါ(၃)အဆီအက်ဆစ်နှင့် အလားသဏ္ဍန်တူသော အယ်လ်ဖာလင်နိုလန်းနစ် အက်ဆစ်ဓါတ်တွေ ပါဝင်ပါတယ်..။ နှလုံးရောဂါအတွက် အန္တရာယ်ရှိသောထရိုင်ဂလစ်စရိုက်နဲ့ သွေးပေါင်ချိန် မြင့်ခြင်းဆိုတဲ့ ကိုလက်စထရောများကို နည်းပါးစေတဲ့ အာနိသင်လည်းရှိပါတယ်။ ဒါ့အပြင်(သွေးမွှားလေးတွေ) သွေးခဲစေသော ပစ္စည်း(သွေးမွှားလေးတွေ) ကိုစေးကပ်စေခြင်းနည်းပါးစေတဲ့အတွက် နှလုံးတိုက်ခိုက်စေတဲ့အန္တရာယ်ကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် ပိုက်ဆံလျော်စေ့လေးတွေကို ဘယ်ရီယက်တွေအပေါ်ဖြူးပြီး စားခြင်းဖြင့် သော်လည်းကောင်း၊ ဟင်းချက်ရာကမှာ သုံးတဲ့ဆီကို ပိုက်ဆံလျော်စေ့ဆီ အစားထိုး သုံးဆွဲဖြင်းကို လည်းကောင်း ပြုလုပ်သင့်ပါတယ်။

၅။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ

အမျှင်ဓါတ်ပါတဲ့ အစားအစာတွေဟာ နှလုံးရောဂါဘေးမှ ကင်းဝေးစေနိုင်ပါတယ်။ အစိမ်းရောင်ဟင်းသီး ဟင်းရွက်များထဲမှာ နှလုံးကို ကာကွယ်မှုပေးသော ကယ်ရိုတင်နိုများဖြစ်သည့် ဗျူတိန်း ပါဝင်ပါတယ်။ မြင်းစားဂျုံ၊ အုတ်ဂျုံ၊ အရည်ရွှမ်းသောသစ်သီးနဲ့ ဘယ်ရီသီးတွေမှာလည်း မကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေသည့်ပျော်ဝင်နိုင်သော အမျှင်ဓါတ်များပါဝင်သည်။ ရောင်စုံရှိတဲ့ အစားအစာများ ဥပမာ ငရုတ်ခေါင်းပွတွေထဲမှာ သွေးခဲမှုကို ကာကွယ်ပေးတဲ့ ဖလေဗစ်နိုတွေ အများကြီးပါဝင်ပါတယ်။

၆။ ပဲပိစပ်ဖြင့် ပြုလုပ်ထားသော အစားအစာများ ပဲနို့ရည်၊ တို့ဖူး၊ ပဲပြား အစရှိသည်တို့ထဲမှာ အသားဓါတ် အများကြီး ပါဝင်ပါတယ်။ အဲဒီအသားဓါတ်က ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။ အမေရိကန်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအရ ပဲပိစပ်ဟာ ကိုလက်စထရော ပမာဏကျဆင်းစေပါတယ်။ ပဲပိစပ်ထွက် ပစ္စည်းများကို အခြားသော နှလုံးကျန်းမာရေးအတွက် တွဲဖက်စားပေးသင့်ပါတယ်။ သင်ဟာ ငယ်ရွယ်ပြီး ကျန်မာနေတယ်ဆိုရုံမျှဖြင့် သင့်ရဲ့ နှလုံးကို မှန်ကန်သော နည်းလမ်းများဖြင့် ဂရုစိုက်နေတယ်လို့ဆိုလိုရာ မရောက်ပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် လိုအပ်သော စစ်ဆေးမှုကို ပြုလုပ်သင့်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

**Myanmar Health**

မေမွန်ကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)