လွတ်လပ်စွာ ပျံသန်းချင်တယ်
ဟောဒီ ခြေထောက်များ
လွတ်လပ်စွာ ဖြတ်သန်းချင်တယ်
အလိုဆန္ဒ မရှိ
ပူပန်မှု့ မရှိ
ပွက်လောရိုက် လူလောကမှာ
ပူအိုက်အိုက်နေရတာလောက်
စိတ်ပျက်ခြင်း မရှိတော့ . . .
ငါသာ ဌက်တစ်ကောင် ဖြစ်ခဲ့ရင်
ငါသာ ငါးတစ်ကောင် ဖြစ်သွားရင်
ရေပြင် လေဟာနယ် ထဲ
လွတ်လပ်စွာ ကူးခတ်ပျံသန်းခွင့်ပေးလိုက်ကြပါ
ငါ့ကို စားချင်စားကြပါ
မချုပ်နှောင်ကြပါနဲ့
လှောင်အိမ်စံ ဘဝ
ငါ ကြောက် မ ၀ လို့ ပါ . . .
တစ်ကြိမ်ထက်မနည်း
နှစ်ကြိမ်ထက်မနည်း
ခွေးဖြစ်ချင်ခဲ့တယ်
တိုက်ပေါ်က တယ်လီယာ မဟုတ်
လမ်းဘေးနေ ခွေးဝဲစား ဖြစ်ပါစေ
ငါ အရိုက်နှက်ခံ လွတ်လပ်စွာနေမယ် . . .
ဘ၀ ကို ချည်နှောင်တဲ့ ကြိုး
ဘယ် မှာ ဆုံး သ လဲ . . .
**မာဃလုလင်**
လွတ်လပ်စွာ ပျံသန်းချင်တယ်
ဟောဒီ ခြေထောက်များ
လွတ်လပ်စွာ ဖြတ်သန်းချင်တယ်
အလိုဆန္ဒ မရှိ
ပူပန်မှု့ မရှိ
ပွက်လောရိုက် လူလောကမှာ
ပူအိုက်အိုက်နေရတာလောက်
စိတ်ပျက်ခြင်း မရှိတော့ . . .
ငါသာ ဌက်တစ်ကောင် ဖြစ်ခဲ့ရင်
ငါသာ ငါးတစ်ကောင် ဖြစ်သွားရင်
ရေပြင် လေဟာနယ် ထဲ
လွတ်လပ်စွာ ကူးခတ်ပျံသန်းခွင့်ပေးလိုက်ကြပါ
ငါ့ကို စားချင်စားကြပါ
မချုပ်နှောင်ကြပါနဲ့
လှောင်အိမ်စံ ဘဝ
ငါ ကြောက် မ ၀ လို့ ပါ . . .
တစ်ကြိမ်ထက်မနည်း
နှစ်ကြိမ်ထက်မနည်း
ခွေးဖြစ်ချင်ခဲ့တယ်
တိုက်ပေါ်က တယ်လီယာ မဟုတ်
လမ်းဘေးနေ ခွေးဝဲစား ဖြစ်ပါစေ
ငါ အရိုက်နှက်ခံ လွတ်လပ်စွာနေမယ် . . .
ဘ၀ ကို ချည်နှောင်တဲ့ ကြိုး
ဘယ် မှာ ဆုံး သ လဲ . . .
**မာဃလုလင်**
No comments:
Post a Comment