· အပြာရောင် က တည် ငြိမ် အေးချမ်းတဲ့ အရောင်လို့လူတိုင်းလက္ခံ ကြပါတယ်။
· ကျမတို့ ကမ္ဘာမြေပေါ် အပြာကလွှမ်းမိုးပါတယ်။မိုးပေးမော့ ကြည့်
လိုက်ပါကောင်းကင်က အပြာပါ။
·
သမုဒ္ဒရာရေပြင်ကလဲအပြာပါဘဲ။ကျမတို့ပထ၀ီမြေပုံထဲကကမ္ဘာလုံးပုံမှာအပြာရောင်ကလွှမ်းမိုးပါတယ်။
·
အာကာသထဲကလှမ်းကြည့်ရင်တော့ကမ္ဘာလုံးမှာအပြာရောင်ကလွှမ်းမိုးတယ်လို့ဆိုပါ။
· ပြီးတော့နိုင်ငံတိုင်းရဲ့ လူ အင်္သီးသီးရဲ့ စိတ်သက်တောင့်သက်သာဖြေလျှော့
ချိန် အတွက် ရေကူးကန်တိုင်းရဲ့  ရေ
ဟာအပြာရောင်ဆိုးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့
အပြာရောင်ဟာစိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ဖြေလျှော့ပေးနိုင်တယ်
ဆိုတာ သိထားလို့ပါဘဲ။
· ပန်းချီ သမားတွေ သိထားတဲ့ မူလ အခြေခံ အရောင်တွေ ထဲ အပြာဟာတခု အပါ
အ၀င်ပါ။
· ဒါကြောင့် သဘ၀ကျတာရော အခြေခံ ကျတာရော သဘောသဘာဝ(၂)မျိုးလုံ့းကို ပိုင်
ဆိုင်တဲ့ အရောင် ဟာ အပြာရောင်လို့ ဆို နိုင်ပါတယ်။
· အမျိုးသား အမျိုးသမီး မရွေး အပြာကို ကြိုက်တတ်ကြပါတယ်။
· ဒါပေမဲ့ ၀တ်ဆင်နှုံးမှာတော့ အမျိုးသားက ပို တယ်လို့ ဆိုပါတယ်။
· ရှေးနှစ်ပေါင်းများစွာ ကတည်းက ယနေ့ထိ ခေတ်စားနေတဲ့ jeans
ဂျင်းဘောင်းဘီရဲ့ နဂိုမူလအရောင် က အပြာပါ။
· ယနေ့ jeans ရောင်စုံတွေ အမျိုးမျိုးပေါ်လာပေမဲ့ *blue jeans ကတော့
ပန်းပန်လျှက်ပါဘဲ။*
*NATURE OF** **BLUE***
· အေးချမ်းတည် ငြိမ်တယ်။မပြောင်းလဲတဲ့ ၀ိဥာည် ပိုင်းဆိုင်ရာအငွေ့
အသက်တွေ ၀ိုင်းရံထားတဲ့ အေ၇ာင်ပါ။
· ခန္ဒာကိုယ်နဲ့ စိတ်ကိုအေးချမ်းစေတဲ့ည အတွက် အိပ်ခန်းစာဖတ်ခန်းတွေနဲ့
သင့်တော်တဲ့ အရောင်ပါ ဘဲ။
· အပြာနုရောင် sky blue /baby blueလေးဝတ်ဆင်ထားရင် ကိုယ်မသိလိုက်ဘဲ တည်
ငြိမ်အေးချမ်းတဲ့ ရင် ထဲ ခံစားခက်ကို အလိုလိုရတတ်စေပါတယ်။
· အပြာရင့်ဝတ်ထားတဲ့ လူကတော့ ဘေးက မြင်ရတဲ့ သူ အဖို့ တည်ငြိမ်ပြီး
အားကိုးချင်စိတ် ဖြစ်စေမယ်။
· Electric blue လို့ခေါ်တဲ့ မဲနယ်ပြာမျိုးကတော့ အချိန် မရွေးထပေါက်ကွဲ
နိုင်တဲ့ တိုင်းဗုံးတလုံးရဲ့ ခံစားချက်ပြင်းအားမျိုးရှိတယ်လို့ဆိုပါတယ်။**
· Indigo Blue ကလှို့ဝှက်ဆန်းကြယ်တဲ့ ကိုယ်ပိုင်အသိနဲ့ ခံစားချက်တွေ
၇ှိတယ်လို့ထင်စေရတဲ့ အရောင်ပါ။တဖက်သားကို နားလည်ပေးနိုင်တဲ့ စိတ်ဓါတ်
အရံသင့်ရှိသူတွေရဲ့  အရောင် ပါဘဲ။အမျိုးသမီး အမျိုးသား တနိးတူ
ကြိုက်နှစ်သက်ကြတဲ့ အရောင်ပါ။**
· ၂၀၀၈ရဲ့ အရောင်လို့ သတ်မှတ်ခံခဲ့ရတဲ့ အရောင် က Iris
Blueဖြစ်ခဲ့ပါတယ်။တကယ်လှပတဲ့ အရောင်ပါဘဲ။**
· ဘာဘဲပြောပြော အပြာရောင်လေးဝတ်ထားရင် မြင်တဲ့ သူရော ကိုယ်ကို တိုင်ရော
အေးချမ်းတည် ငြိမ်တဲ့ ခံစားချက်ရတယ်လို့ပြောပါတယ်။**
*Culture of **BLUE***
· ငြိမ်းချမ်းရေး၊ ယုံကြည်မှု၊မကောင်းဆိုးဝါးစိတ်ကို ဖယ်ရှားပေးခြင်း။
· နက်ပြာရောင်ဟာ ကမ္ဘာပေါ်က ရဲဝန်ထမ်း၊လုံခြုံရေးဝန်ထမ်း အများစုရဲ့
ယူနီဖောင်းဖြစ်ပြီး မြန်မာမှာ မီးသတ်ဝန်ထမ်းနဲ့ လုံခြုံရေးဝန်ထမ်း အချို
့ရဲ့  ယူနီ
ဖောင်း ဖြစ်ပါတယ်။
* *
*USING – BLUE – WITH OTHERS** *
· အစိမ်းနဲ့တွဲရင် သဘာဝကျကျလှပစေပါတယ်။
· မီးခိုးနဲ့ ဆိုရင် အသိဥာဏ်ပညာနဲ့ ပြည့်ဝတဲ့ ပုံထွက်တယ်။
· အညိုနု၊အသားရောင်ဖျော့ဖျော့တို့နဲ့ အပြာနုတွဲရင် လိုက်ဖက်နွေးထွေးတဲ့
ခံစားချက်ကိုပေးပါတယ်။
· အပြာတောက်တောက်နဲ့ အ၀ါတောက်တောက် အတွဲကတော့ contrast colors couple
ဖြစ်ပြီး အ၀တ်အစားအဖြစ်တွဲရင် ဖက်ရှင်ကျကျတောက်ပ ပေါ်လွင်စေမှာပါ။
· အဖြူနဲ့ နက်ပြာ အတွဲ က လတ်ဆတ်တဲ့ ခံစားခက်ကိုပေးတယ်။
· အနီအဖြူနက်ပြာ၃ရောင်တွဲကအားလုံးသိတဲ့အမေရိကန်အလံရဲ့အရောင်တွဲဖက်မှုပါဘဲ
။ဖက်ရှင်ကျပြီးလိုက် ဖက်တဲ့ အတွဲ တခုပါ။
· ငွေရောင်နဲ့နက်ပြာကမှော်ဆန်ဆန်ဂန္တာ၀င်ဆန်ဆန်ဖြစ်စေတယ်၊
အဆင့်မြင့်တဲ့ပုံလဲထွက်စေတယ်။
· အပြာနု၊အ၀ါနု၊ပန်းရောင်နု ၃ရောင် တွဲဖက်မှုကတော့ မိန်းမငယ်လေးတွေရဲ့
ဖက်ရှင်ပိုင်းမှာ နုပျိုလန်းဆတ်မှုကို အဖော်ပြနိုင်ဆုံး အရောင်တွဲပါ။
*BLUE COLOR PALTTES*
*
* မီးခိုး**
· လိမ္မော်**
· မက်မုံသီးရင့်ရောင်၊**
· ခရမ်း**
· မြေညိုရောင်**
တို့ကို ကြိုက်နှစ်သက်ရာ အပြာ အသီးသီးနဲ့ တွဲ ကြည့်ပါ။**
* *
*LANGUAGE OF – BLUE*
အပြာနဲ့ တင်စားခိုင်းနှိုင်းထားတဲ့ စကားတွေ အများကြီးရှိ ပါတယ်။**
GOOD - BLUE *
1. TRUE BLUE -သစ္စာရှိသော
2. OUTOFBLUE -မမျှော်လင့်ဘဲ။ ပထမတန်းစား။ပထမဆု။
3. BLUE RIBBON - ပထမတန်းစား။ပထမဆု။
4. BLUE STOCKING - စာတတ်ပေတတ်အမျိုးသမီး။
5. THE BLUES - တေးဂီတ တမျိုး။
6. BABY BLUE - မျက်ဝန်းပြာပြာ။
7. BLUE LABEL - ဂျော်နီ ၀ါကားcompanyမှထုတ်သော
ဈေးအကြီးဆုံး အမြင့်ဆုံးဝီစကီ။
8. BLUE CHEESE - မှိုတက်ခံထားသော
အထူးစားစရာဒိန်ခဲတမျိုး။
9. ONCE IN A BLUE MOON- ကြုံတောင့် ကြုံခဲ။
10. BLUE BLOOD - မင်းမျိုးဆွေမျိုး။
11. BLUE-PRINT - အဆောက်အဦးပုံစံငယ်တခုအတွက်
အသေးစိတ်ရေးမှတ်ထားသောအတိုင်းအထွာနှင့်ပုံစံဒီဇိုင်းရွက်။
12. BLUE PLATE SPECIAL - စားသောက်ဆိုင်တဆိုင်ဆိုင်၏စပါယ်ရှယ်ဈေး
အကြီးဆုံး အထူးဟင်းလျာ။
*BAD - BLUE***
1. FEELINGBLUE- ၀မ်းနည်းစိတ်ဓါတ်ကျခြင်း။စိတ်ဓါတ်လျော့ကျခြင်း။
2. BLUE DEVILS - ၀မ်းနည်းစိတ်ဓါတ်ကျခြင်း။စိတ်ဓါတ်လျော့ကျခြင်း။
3. THE BLUES - ၀မ်းနဲနေသည်။
4. BLUE MONDAY - ၀မ်းနည်းသောခံစားချက်။
5. SINGING THE BLUES- စိတ်ဆင်းရဲမှုကို တစာစာညီးညူခြင်း။
6. BLUE COMEDY- မကြားဝင့်မနာသာညစ်ညမ်းသော အပြောင် အပျက်စကား။
7. BLUE PICTURES- ညစ်ညမ်းရုပ်ရှင်။
* BLUE WORDS** ***
*
*
· *Blue***
· *Sapphire blue***
· *Azure***
· *Beryl***
· *Cerulean***
· *Cobalt***
· *Indigo***
· *Navy***
· *Royal blue***
· *Sky blue***
· *Baby blue***
· *Chinese blue***
· *Robbin’segg blue***
· *Cyan***
· *Cornflower blue***
· *Midnight blue***
· *Slate***
· *Steel blue***
· *Electric blue***
· *Pursian blue***
· *Dark blue***
· *Ultramarine***
· *Lapiz blue ***
· *Aquarmarine blue***
· *Turquoise blue***
· *Carribian blue***
· *Iris blue ***
· *Alice Blue***
* *
*
*
* *
*တို့ ဖြစ်ကြပါတယ်။***
* *
*BLUE - AROUND THE GLOBE** ***
· အီရန်မှာ အပြာနဲ့ အစိမ်းက ဘာသာရေးရဲ့ အရောင်တွေ ဖြစ်ပါတယ်။
· အိန္ဒိယမှာ အပြာက ခရစ်ရှ်နားနတ်ဘုရားရဲ့  အသားရောင်ကို
ကိုယ်စားပြုပါတယ်။
· အမေရိကတိုက်ရဲ့ စာတိုက်နဲ့ စာတိုက်ပုံးတွေရဲ့  အရောင် ဖြစ်ခဲ့ ပါတယ်။
· မက္ကဆီကို မှာ အပြာက ၀မ်းနည်းတမ်းတဖွယ်အရောင်ပါ။
· ဂရိလူမျိုးတွေကအပြာရောင်မျက်လုံးကိုနတ်ဆိုးမျက်လုံးလို့အယူသည်းတယ်။
အပြာရောင်ကျောက်နဲ့လည်ဆွဲ၊လက်ကောက်ကိုနတ်ဆိုးရန်ကာကွယ်ဖို့အတားအဆီး
အဆောင်အနေနဲ့ ၀တ်ဆင်လေ့ရှိတယ်။
· ၁၈၃၇မှာ‘MARTIN VAN BUREN”
ကအိမ်ဖြူတော်မှာအပြာရောင်အခန်းတခန်းထားရှိစေခဲ့တယ်။
· တချိန်က အပြာရောင်ဟာ သွားတိုက် သွားပွတ်တံတွေ ရဲ့ စံပြ အရောင်
ဖြစ်ခဲ့ ဘူးပါတယ်။
· IBM companyကစစ်တုရင် ကစားဖို့အတွက်သီးသန့်ဖြစ်တဲ့ DEEP BLUE ဆိုတဲ့
ကွန်ပြူတာကို တည်ထွင်ခဲ့ ဘူးပါတယ်။အခုလဲ ထပ်ပြိးDEEP GENEဆိုတာကိုထွင်ခဲ့ပါတယ်။
· အပြာရောင်ဖဲကြိုးက “ကလေးသူငယ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး
အသင်း”ရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။”
· ဇီးကွက်က အပြာကို မြင်နိုင်တဲ့ တမျိုးတည်းသောငှက် ဖြစ်ပါတယ်။
· စိတ်ဓါတ်ကျရောဂါ၊addiction၊စိတ်ကစဥ့်ကလျားရောဂါ၊ပန်းသေရောဂါတို့ကိုကုသတဲ့ကုထုံးတွေအတွက်
အပြာရောင်အလင်းက အရေးပါပါတယ်။
· အပြာရောင် အခန်းမှာဆိုလူတွေရဲ့ ကုန်ထုတ်လုပ်မှုစွမ်းဆောင်ရည် ပို
မြင့်တယ်။
· အဆင့်မြင့် ပန်ချီဆေးနဲ့ ဆိုးဆေးတွေထဲ က ULTRAMARINE COLORကို
အာဖဂန်နစ္စတန်က ထွက်တဲ့ LAPIZ LAULIပေါင်ဒါမှုံ့နဲ့ ပြုလုပ်တာပါ။
· အပြာရောင်က ခြင်တွေကို တခြားအရောင်တွေ ထက်
၂ဆပိုဆွဆောင်ပါတယ်။ဒါကြောင့် ခြင်ဖမ်းမီးအိမ်တွေရဲ့ မီးရောင်ကို
အပြာရောင်လုပ်ရခြင်းပါ။
· Alice-blue[မီးခိုးပြာ၊စတီးရောင်အပြာလက်လက်]ကို ALICE ROOSEVETT
LONGWORTH ကတီထွင်ခဲ့ပါတယ်။
*BLUE LOGOS*
· Blue Cross Blue Shield
· Ford
· The Gap
· IBM
· Intel
· Pepsi
· Tiffany& co
· Bank Rokyat Indonisia
*BLUE - PHRASES** & **BLUE -QUOTES***
· ‘’There is no blue without yellow and orange.”
· [VINCENT VANGOGH]
· Blue is the only color which maintains its own character in all
its tones .It will always stay blue.
· [RAOUL DUFY]
· If you see a tree as blue,then make it blue.
· [PAUL GAUGUIN]
*BLUE SONGS*
1. Blue Jay way.[ The beatles]
2. Blue Jean [David Bowie]
3. Don’t it make your brown eyes blue [Crystal Gayle]
4. Blue Sunday [The doors]
5. Blonde over Blue [Billy Joel]
6. Blue Christmas [Elvis Presley]
7. Blue Eyes [Elton John]
8. Blue eyes crying in the rain [Willie Nelson]
* *
* *
*BLUE -** **GEMSTONE*
· *Tourquoise*
· *Aquamarine*
· *Sappire*
· *Lapis*
· *Diamond*
· *မိုးကုတိရောင်စုံကျောက်များ*
* *
OTHER**-** - BLUE **knowledge*
·*Prussian blue[ ပါရှင်း အပြာ ]*ကို ပန်းချီ သမားတိုင်းသိကြပါတယ်။**
တော်တော်လှတဲ့ အပြာပါ။သူ့ကို ရရှိလာတဲ့ ပုံစံကတော့ ထူးဆန်းပါတယ်။
DIESBACH ဆိုသူက သူ့ ရဲ့ ဘာလင်မြို့ က ဓါတ်ခွဲ ခန်းမှာ “COCHINEAL RED” ကို
လိုချင်လို့ဖော်စပ်ရင်းမှားယွင်းမှုတခုကနေ သူလိုချင်တဲ့ အနီ မရဘဲ ဒီလှပတဲ့
Prussian blue
အပြာကိုရသွားတာပါ။တိရဆ္စန်အဆီတမျိုးပါတဲ့POTASHကနေဓါတ်တုန့်ပြန်ပြီးမတော်တဆဖြစ်သွားခဲ့တာလို့သိရပါတယ်။လိုတာမရပေမဲ့ရတာကလိုသွားတဲ့ကံကောင်းခြင်းပါ။အင်မတန်လှပြီး
အရင် က လူမသိခဲ့ဘူးတဲ့ အပြာဖြစ်သွားခဲ့ လို့ပါ။**
နောက် အပြာတခုက *UTRAMARIN BLUE* ပါ။**
အခုခေတ်ပန်းချီဆရာတွေကကံကောင်းပါတယ်။ရှေးလူတွေရှာဖွေခဲ့တာအရံသင့်သုံးနိုင်ခဲ့တယ်။
ပြောပြရင် မယုံနိုင်စရာ ၁၈ရာစုတုံးကဆို ဒီ Urtramarine blue ကို
သာမန်လူတွေလုံးဝမသုံးနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီအပြာကိုအာဖဂန်နစ္စတန်ကထွက်တဲ့တွင်းထွက်ကျောက်တမျိုးဖြစ်တဲ့“LAPIZLAZULI”ဆိုတဲ့ကျောက်မှန့်နဲ့ထုတ်လုပ်ရတာဆိုတော့ရွှေထက်ဈေးကြီးခဲ့ပါတယ်။ယနေ့ခေတ်အခါမှာတော့ဒီUTRAMARINအပြာကိုပန်းချီဆရာတိုင်းသုံးနိုင်တာကံကောင်းတယ်လို့ဆိုရပါမယ်။
·ပါရှင်းအပြာကို၁၇၀၄၁၇၀၅မှာတွေ့ပြီး၁၇၁၀ကျမအာထရာမရင်းအပြာနဲ့ဈေးအတူထားပြီးရောင်းချခဲ့ပါတယ်။
· ၁၇၅၀မှာမှ ဥရောပက သိလာပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။
· ၁၈၇၈ မှာ WINSOR & NEWTON
Companyကစလို့Prussianblueနဲ့Antwerpblue(တကယ်တော့ပါးရှားအပြာကိုအဖြူနဲ့ရောထားတာ)
ကိုထုတ်လုပ်ပြီးရောင်းချလာပါတယ်။
·နာမည်ကြီးပန်းချီ ဆရာတွေ ဖြစ်ကြတဲ့ VANGOGH,MONET,GAIN BROUGH,CONSTABLE
နဲ့ PICASSO တို့ သုံးခဲ့ကြတယ်။PICASSOရဲ့ BLUE PERIOD ဆိုတဲ့
ပန်းချီကားမှာPrussian blue ကို
ထင်ထင်ရှားရှားတွေ့ နိုင်ပါတယ်။
*BLUE TASTE & SMELL** *
· အရင်ကတည်းကအပြာကို အစားအစာ အရောင်တွေ အတွက် အင်မတန်သုံးခဲပါတယ်။**
· အခုနှစ်ပိုင်းချွင်းချက်တော့ ဘလူးဘယ်ရီ Blue berryတွေခေတ်စားလာပါတယ်။
**
· အမေရိကန်နဲ့အနောက်အလယ်ပိုင်းမှာအပြာရောင်တောက်တောက်“bluemoonicecream
”ကတော်တော်လေးခေတ်စားလာပါတယ်။ထိုင်းနိုင်ငံမှာလဲရှိပါတယ်။ဒါပေမဲ့သမရိုးကျရေခဲမုန့်တွေလောက်လူကြိုက်မများသေးပါဘူး။
Blue berry အနံ့  ကို စားသောက်ကုန် ။ အလှ ပြင် ပစ္စည်းတွေ
၊ရေချိုးခန်းသုံးပစ္စည်းတွေဖြစ်တဲ့ဆပ်ပြာ၊ရှန်ပူ၊ဆံပင်ပျော့ဆေး၊အ၀တ်လျှော်စက်ထဲထဲ့တဲ့မွှေးရနံ့ဆေးရည်၊ကလေးသွားတိုက်ဆေးတို့မှာသုံးတဲ့အပြင်ကျောင်းသုံးခဲဖျက်၊ဘောလ်ပင်န်၊မှတ်စုစာအုပ်၊တစ်သျူးစက္ကူအပြင်ကားထဲအခန်းထဲ
ထားတဲ့ အမွှေးနံ့ အခဲတွေ စပရေးတွေမှာပါထည့်ကြပါတယ်။**
· အနံ့ကဆွဲဆောင်မှုရှိလွန်းလို့ဒီရနံ့ထည့်ထားတဲ့ ဖယောင်းရောင်စုံတောင့်
တချို့ကို ကလေးငယ်တွေ ကိုက်ဝါးတဲ့ အဆင့် ဖြစ်လာတဲ့ အတွက်
ဖယောင်းရောင်စုံတောင့်တွေ မှာ စားစရာ အနံ့  မထဲ့ ဖို့ ထိတားမြစ်ခံရတဲ့
အပြာရောင်၇နံ့ ဖြစ်ပါတယ်။**
*BLUE MAKEUP&FASHION* **
· အပြာရောင်eye / mascara /nail polish /eye liner/ hair colorတွေ က
အများကြီး အတောမသပ်ထွက်ပေါ်နေပါတယ်။
· အသားဖြူနဲ့အသားလတ်မိန်းကလေးတွေနဲ့လိုက်ဖက်ပါတယ်။အသားညိုအသားမည်းသူ
တွေနဲ့ မလိုက်ဖက်လှပါဘူး။
အပြာရောင် eye shadow/ mascara ကို lipstick /lip gloss/ blushပါးနီတို့ကို
ပန်းရောင် အနု ၊အရင့် မက်မုံသီးရောင် ၊မြေညိုရောင်တွေနဲ့ တွဲလို့ရပါတယ်။
အ၀တ်အစား လက်ကိုင်အိပ်နဲ့ ဖိနပ်ကိုတော့ blue color paltte နဲ့ blue
using with others ထဲက အရောင်တွေနဲ့ တွဲဖက်ပါ။
* *
*BLUE -FENG SHUI** *
v ဖုန်းရွှေ မှာ“ အပြာ ”ကရေ၊သစ်သား၊အရှေ့ အရပ်နဲ့နွေဦးရာသီတို့ကို
ကိုယ်စားပြုပါတယ်။
v ကျန်းမာရေးနဲ့ မိသားစုအတွက်ဆို အရှေ့ အရပ်။ဓနဥစ္စာနဲ့ အောင်မြင်မှုအတွက်ဆို
အရှေ့တောင်ဒီနေရာတွေမှာအပြာရောင်နံရံ၊လိုက်ကာ၊ခန်းဆီး၊ပန်းချီကား၊ရုပ်ထု၊စတာတွေ
ကို အဆောင် အဖြစ် ထားရှိရပါမယ်။
v အပြာနုရောင် မျက်နှာကျက်ကို စာလေ့လာကျက်မှတ်တဲ့ကျောင်းသားရဲ့ အခန်းကို
ပြင်ဆင်ပေးရင် လေ့လာကျက်မှတ်အားပို မြင့်စေတယ်။
v AQUA BLUE ကတော့ ဧည့်ခန်း
v အပြာရင့်ကအိပ်ခန်းအတွက်ဆိုအေးဆေးတည်ညိမ်လို့နှစ်နှစ်ခြိုက် ခြိုက်
အိပ်ပျော်စေမယ်။
v အပြာနဲ့ အဖြူတွဲတဲ့ အရောင် ကကောင်းကင်ရဲ့ စွမ်းအားဖြစ်လို့
မိသားစုကိုပျော်ရွှင် ချမ်းမြေ့စေမယ်။
*BLUE **Chakara** *
v လည်ပင်းချက်ကရပါ။
v SUDDHAလို့ခေါ်ပါတယ် ။
v လည်ချောင်းလေပြွန်လက်မောင်း၊ လက်တို့နဲ့ သက်ဆိုင်ပါတယ်။
v ဟောပြောဆွေးနွေးခြင်း။သင်ကြာပို့ချခြင်း၊တို့နဲ့ သက်ဆိုင်ပါတယ်။
v ဒါ့ အပြင် နာမ်လောက ၊၀ိဥာည်လောက ဆက်သွယ်ခြင်းတို့နဲ့လဲ သက်ဆိုင်ပါတယ်။
v Company အရောင်းအ၀ယ်သမား၊
v ကုန်သည်ပွဲစား။
v ရှေ့နေ၊ဆရာဆရာမ၊
v ဗေဒင်ဟောသူတို့ အတွက် အပြာက အကျိုးပြုအရောင်ပါ။
ဒါကတော့ အပြာမှတ်စုတိုလေးတွေပါဘဲ။
**စန္ဒီ(artist)**

No comments:
Post a Comment