ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 25, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**ကိုရီးယားမင်းသား လီဗြောင်ဟွန်း ရုပ်ရှင်ရိုက်ရန် အမေရိကန်နိုင်ငံသို့ ထွက်ခွာ**

ကိုရီးယားမင်းသား လီဗြောင်ဟွန်းသည် နာမည်ကျော် ဟောလီဝုဒ် ဇာတ်ကား G.I. Joe: Rise of the Cobra ဇာတ်ကား နောက်ဆက်တွဲဇာတ်ကား ရိုက်ကူးရန် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဇူလိုင် ၂၁ ရက် သတင်းများတွင် ဖော်ပြသည်။ လီဗြောင်ဟွန်း၏ အေဂျင်စီက ကြာသပတေးနေ့တွင် ပြုပ်လုပ်ထားသော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြေားကြားရာတွင် မင်းသားလီသည် အမေရိကန်နိုင်ငံ နယူးအော်လင်မြို့၌ သြဂုတ် ၁၅ရက်တျွင် စတင်ရိုက်ကူးမည့် G.I. Joe: Rise of the Cobra ဇာတ်ကား ရိုက်ကူးရာတွင် အဆင်သင့်ဖြစ်နေစေရန် အမေရိကန်နိုင်ငံသို့ ကြိုတင်ထွက်ခွာသွားပြီဟု ဆိုသည်။

အသက် (၄၁) နှစ်ရှိပြီဖြစ်သည့် လီဗြောင်ဟွန်းသည် ဤဇာတ်ကားတွင် ပါဝင်သရုတ်ဆောင်ခြင်းဖြင့် ၄င်း၏ ပထမဆုံးရုပ်ရှင်ဇာတ်ကား Storm Shadow ဇာတ်ကားတွင် အောင်မြင်မှုများ ရရှိခဲ့သကဲ့သို့ ယခုဇာတ်ကားတွင်လည်း အောင်မြင်မှုရရှိရန် မျှော်လင့်ထားသည်။ G.I. Joe 2 ဟု လူအများသိကြသည့် ဤဇာတ်ကားကို ဒါရိုက်တာ ဂျွန်ချူက ရိုက်ကူးတင်ပြသွားမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် တွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။ (အင်တာနက်)

ဘိုဂျန်ကာကစ်

**ဘိုဂျန်ကာကစ်နှင့် ဟိန့်ဇ်တို့ကို ရိုးမားအသင်း ခေါ်ယူ**
(ရောမ၊ ဇူလိုင် ၂၃)
အီတလီစီးရီးအေ အသင်းကြီး တစ်သင်းဖြစ်သည့် ရိုးမားအသင်းသည် ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး ဘိုဂျန်ကာကစ်နှင့်မာဆေးနောက်ခံ ကစားသမား ဟိန့်ဇ်တို့ကို အပြီးသတ်ခေါ်ယူနိုင်ခြဲ့ပီဖြစ်သည်။ ရိုးမားအသင်းသည် အသက် (၂၀) ရှိ ဘာစီလိုနာအသင်းမှ စပိန်လူငယ်ကစားသမား ဘိုဂျန်ကာကစ်ကို ခေါ်ယူရာတွင် နှစ်ဖက်အသင်းများ အကြား အနည်းငယ်ရှုပ်ထွေးသည့် ကတိက၀တ်စာချုပ်များ ထားရှိခဲ့သည်။ ရိုးမားအသင်းသည် ဘိုဂျန်ကာကစ်ကို ပြောင်းရွှေ့ကြေး ၁၀ ဒသမ ၅ သန်းဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ၂၀၁၂ - ၂၀၁၃ ဘောလုံးရာသီအကုန်တွင် အဆိုပါကစားသမားကို ဘာစီလိုနာက ပြန်လည်ခေါ်ယူမည်ဆိုပါက မူလပြောင်းရွှေ့ကြေးအပါအ၀င် ပေါင်သန်း ၁၀ ဒသမ ၄ သန်းဖြင့် ပြန်လည်ခေါ်ယူခွင့်ပြုရမည်ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ရိုးမားအသင်းက ဘိုဂျန်ကာကစ်ကို အသင်းတွင် ဆက်လက်ခေါ်ယူထားမည်ဆိုပါက စုစုပေါင်း ကုန်ကျစရိတ်မှာ ပေါင် ၃၂ ဒသမ ၂ သန်းထိ ဖြစ်လာမည်ဖြစ်သည်။ ဘိုဂျန်ကာကစ်သည် ဘာစီလိုနာသို့ အူဒီးနိစ်အသင်းမှ ချီလျီတိုက်စစ်မှူးဆန်ချက်ဇ်ရောက်လာ၍ အသင်းပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။ (ESPN)

ဟိန့်ဇ်

**ဘလက်ပူးအသင်း ဘယ်ရီဖာဂူဆန်ကို ခေါ်ယူစာချုပ်**

(လန်ဒန်၊ ဇူလိုင် ၂၃)
ဘလက်ပူးအသင်းသည် ဘာမင်ဂမ်အသင်းမှ စကော့တလန်ကွင်းလယ်ကစားသမား ဘယ်ရီဖာဂူဆန်ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ အသက် (၃၃) နှစ်ရှိ ဘယ်ရီဖာဂူဆန်သည် ဘာမင်ဂမ်အသင်းတွင် ခြေစွမ်းပြခဲ့ပြီး အသင်းရလဒ်ပိုင်းကောင်းမွန်မှု တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဘလက်ပူးရောက် ဘယ်ရီဖာဂူဆန်က ၄င်းအနေဖြင့် ဘလက်ပူးတွင် ကစားရမည်ကို ကျေနပ်မိကြောင်း၊ အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ (ESPN)

**ဘောလုံးလောက အပြောင်းအရွှေ့**
ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ဘောလုံးလောကအပြောင်းအရွှေ့များမှာ - အီမာဆင်ကွန်ဆိုကာအို (နောက်တန်း) လိုင်လီမှ ဘင်ဖီကာ၊ ပါပါစသတာသိုပူလို့စ်(နောက်တန်း) ဂျီနိုအာမှ ၀ါဒါဘရီမင်၊ ကပ်ဒီဗီလာ(နောက်တန်း) ဗီလာရီးရဲမှ ဘင်ဖီကာ၊ ကီလီနော့တန်(နောက်တန်း) စပါးမှ နော့ဝစ်ခ်ျစီးတီး၊ တေလာ(ကွင်းလယ်) ဘော်တန်မှ ၀က်ဟမ်း၊ တီယာဂို မက်ဒက်စ်(ကွင်းလယ်) ဂျူဗင်တပ်စ်မှ အက်သလက်တီ ကိုမက်ဒရစ်၊ မီလို (ကွင်းလယ်) ဂျူဗင်တပ်စ်မှ ဂါလာတာစာရေး၊ ဒေးဗစ်ဆွာဇို(ရှေ့တန်း) အင်တာမီလန်မှ ကာဂရီယာရီ၊ ဗီဒယ်လ်ပါဒို (ကွင်းလယ်) လေဗာပူဆင်မှ ဂျူဗင်တပ်စ်၊ အဲလစ်ဆန်ဒရို(နောက်တန်း)ဆန်းတို့စ်မျ ပေါ်တို တို့ပင်ဖြစ်သည်။ (Goal)

**စူပါဂျူနီယာ တေးဂီတအဖွဲ့ အယ်လ်ဘမ်သစ် ထွက်မည်**

နာမည်ကျော် ကိုရီးယားပေါ့ပ်တေးဂီတ အဖွဲ့ စူပါဂျူနီယာ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ်သစ်ကို သြဂုတ် ၃ ရက် တွင် ထွက်ရှိမည်ဖြစ်ကြောင်း ၄င်းတို့၏ အေဂျင်စီက ထုတ်ဖော်ပြောကြားသည်။ စူပါဂျူနီယာဂီတအဖွဲ့သားအားလုံးက ဤ ပဉ္စမမြောက် တေးအယ်လ်ဘမ် ပရိသတ်များထံ ရောက်ရှိရန် အချိန်နီးကပ်လာလေလေ အားလုံးစိတ်လှုပ်ရှားကြရလေလေဖြစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ စူပါဂျူနီယာ ပရိသတ်များကို ၄င်းအဖွဲ့၏ အေဂျင်စသီက ဆက်လက်ပြောကြားသည်။ စူပါဂျူနီယာ ပေါ့ပ်တေးဂီတအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကိုရီးယားပေါ့ပ်ဂီတအဖွဲ့များ တွင် နာမည်ကျော် လူကြိုက်အများဆုံး အဖွဲ့ဖြစ်ခဲ့သည်။ ၄င်းအဖွဲ့၏ နာမည်ကျော် သီချင်းများဖြစ်သည့် Don’t Don/ Sorry Sorry Sorry နှင့် BONAMANA သီချင်းများမှာ တောင်ကိုရီးယားနိုင်ငံနှင့် အာရှဒေသ ဂီတဈေးကွက်တွင် အရောင်းရဆုံး ထိပ်တန်းစာရင်းဝင်ခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)