innocence: Anders Breivik is pictured in white choral robes during a church service. He 9went on to kill at least 76 people in a bomb blast and mass shooting on the Norwegian island of Utoya)
**အော်စလိုမြို့ တိုက်ခိုက်မှုနှစ်ရပ်ကျူးလွန်မိကြောင်း တရားခံထွက်ဆို**
(အော်စကို၊ ဇူလိုင် ၂၅)
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇူလိုင် ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှုနှစ်ရပ်တွင် အဓိကတာဝန်ရှိသူဟု စွပ်စွဲခံရသူ မစ္စတာ အန်ဒါဘာရင်းဘရိုင်ဗစ်(ခ်) အား ဇူလိုင် ၂၅ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ မစ္စတာ ဘရိုင်ဗစ်(ခ်)က ကျွန်းတစ်ကျွန်းပေါ်ရှိ လူငယ်စခန်းကို သေနတ်ဖြင့် ပစ်ခတ်မှုနှင့် မြို့တော်အော်စလိုမြို့၌ ဗုံးခွဲတိုက်ခိုက်မှုတို့ကြောင့် လူပေါင်း ၉၃ ဦးသေဆုံးခဲ့သည့် အမှုနှစ်ရပ်စလုံးကို ကျူးလွန်မိကြောင်း ၀န်ခံပြောကြားလိုက်သည်။ (အင်တာနက်)
**ရုရှားနိုင်ငံ၌ သဘောင်္နစ်မြုပ်မှု သေဆုံးသူ ၁၂၀ ရှိ**
(မော်စကို၊ ဇူလိုင် ၂၅)
ရုရှားနိုင်ငံ ဗော်လ်ကာမြစ်အတွင်း နစ်မြုပ်သွားသော ဘူလ်ဂေးရီးယားအပျော်စီးသင်္ဘောအတွင်းမှ ဖူလိုင် ၂၄ ရက်က အလောင်း
ေ ခြာက်လောင်း ထပ်မံတွေ့ရှိသဖြင့် သေဆုံးသူဦးရေ ၁၂၀ ရှိသွားပြီဖြစ်ကြောင်း တာတာစတန်အရေးပေါ်အခြေအနေအဆိုင်ရာ ၀န်ကြီးဌာနက ကြေညာသည်။ ပျောက်ဆုံးသူများ စာရင်းတွင် အမျိုးသမိးနှစ်ဦးပါဝင်ပြီး ရေငုပ်သမားများသည် သေဆုံးသများကို မြစ်ကမ်းတစ်လျှောက်နှင့် ကျွန်း ၁၂ ကျွန်းတို့တွင် ဆက်လက်ရှာဖွေလျက်ရှိသည်။ (အင်တာနက်)
**အာဖဂန်အရှေ့ပိုင်း၌ နေတိုးရဟတ်ယာဉ်တစ်စင်းပျက်ကျ**
(ကဘူးလ်၊ ဇူလိုင်၊ ၂၅)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) ဦးဆောင်သည့် နိုင်ငံတကာ လုံခြုံမှုအကူအညီပေးရေးတပ်ဖွဲ့ (အိုင်အက်စ်အေအက်ဖ်) ရဟတ်ယာဉ်တစ်စင်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာပြည်နယ်အတွင်း ပျက်ကျခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ နေတိုးရဟတ်ယဉ်တစ်စင်းမှာ အရှေ့ပိုင်းကူနာပြည်နယ် မာအိုဂိုခရိုင်တွင် ဇူလိုင် ၂၅ ရက် နံနက်စောစောပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်ဆို၏။ လေယာဉ်ပျက်ကျရာနေရာသို့ အရောက်သွားရန် ကြိုးပမ်းသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ရန်သူက သေနတ်ဖြင့်ပစ်ခတ်ကြကြောင်း အိုင်အက်စ်အေအက်ဖ်ကြေညာချက်တွင် ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment