ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 27, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>

**ကိုပါအမေရိကဖလား ဥရုဂွေး (၁၅) ကြိမ်မြောက် ဆွတ်ခူးအကောင်းဆုံးကစားသမားဆု ဆွာရက်ဇ်ရရှိ**

(ဗျူနိုအေရီ၊ ဇူလိုင် ၂၅)
ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြို့၌ ဇူလိုင် ၂၅ရက်က ဥရုဂွေးနှင့် ပါရာဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဥရုဂွေးအသင်းက သုံးဂိုးပြတ်ဖြင့်အနိုင်ရပြီး ကိုဝါအမေရိကဖလားကို (၁၅) ကြိမ်မြောက်ဆွတ်ခူးရရှိသွားပြီဖြစ်သည်။ ဥရုဂွေးအသင်းတွင် တိုက်စစ်၌ဒီဂိုဖော်လန်ဦးဆောင်ပြီး ပါရာဂွေး ဘက်သို့ ထိုးဖော်ကစားခဲ့ရာ ရရှိသည့်အခွင့်အရေးများကို အသုံးချနိုင်ခဲ့၍သာ အနိုင်ဂိုးများများရရှိခဲ့ခြင်းဖြစ်သည်။ ဥရုဂွေးအတွက် ဂိုးများကို ပွဲချိန် ၁၁ မိနစ်၌ ဆွာရက်ဇ်က တစ်ဂိုးသွင်းပြီး ပွဲချိန် ၄၂ မိနစ်၌ ဒီဂိုဖော်လန်က တစ်ဂိုး သွင်းယူခဲ့သဖြင့် ပထမပိုင်းပွဲချိန်အတွင်း ဥရုဂွေးတို့နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန်အတင်း ပါရာဂွေးတို့ချေပဂိုးမသွင်းနိုင်ဘဲ ပွဲချိန်မိနစ် ၉၀ ၌ ဒီဂိုဖော်လန်က တစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဥရုဂွေးတို့ သုံးဂိုးပြတ်ဖြင့်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ဥရုဂွေးအသင်းသည် ယခုနှစ် ကိုပါအမေရိက ဖလားပွဲစဉ်တစ်လျှောက် ခြောက်ပွဲကစားခဲ့ရာ ရှုံးပွဲမရှိဘဲ အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

(Having recorded an unconvincing victory over Malaysia XI last time out, Andre Villas-Boas' Chelsea side looked to hammer home their dominance in Bangkok, with a 4-0 victory over the Thailand All-Stars XI.)
**ထိုင်းအောစတားအသင်းအား ချယ်လ်ဆီး လေးဂိုးပြတ်အနိုင်ရ**
(ဗန်ကောက်၊ ဇူလိုင် ၂၅)
ရာသီအကြိုခြေစမ်းပွဲအဖြစ် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ချယ်လ်ဆီးအသင်းသည် ထိုင်းနိုင်ငံမှ အောစတားအသင်းနှင့် ဇူလိုင် ၂၄ ရက်က ယှဉ်ပြိုင်ကစားရာ ချယ်လ်ဆီးက လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းတွင် အနယ်လ်ကာ၊ လမ်းပတ်၊ မာလူဒါတို့ အပါအ၀င် အဓိကကစားသမားအပြား ပွဲထွက်ကစားခဲ့ကြသည်။ ထိုင်းပရိသတ်နှင့် အာရှမှဘောလုံးဝါသနာရှင်များ ကွင်းလုံးပြည့်လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ချယ်လ်ဆီးအတွက် ဂိုးများကို ပွဲချိန် ၃၈၊ မိနစ်၌ တစ်ဂိုး၊ ဘော်စင်ဝါက ၄၉ မိနစ်၌ တစ်ဂိုး၊ အီဗင်နိုဗစ်က ၅၂ မိနစ်၌ တစ်ဂိုး၊ မာလူဒါက ၇၂ မိနစ်၌ တစ်ဂိုး သွင်းယူခဲ့သဖြင့် လေးဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ဘေယန်မြူးနစ်ကစားသမား ရီဘာရီဒဏ်ရာရရှိ**
(ဘာလင်၊ ဇူလိုင် ၂၅)
ဂျာမန်ကလပ် ဘေယန်မြူးနစ်အသင်းမှ အဓိကကစားသမား ဖရန့်ရီဘာရီသည် ဇူလိုင် ၂၄ ရက်က ကစားဖော်များနှင့် လေ့ကျင့်စဉ် ၀ဲဘဘက်ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ကြောင်း ဘေယန်မြူးနစ်ကလပ်က သတင်းထုတ်ပြန်သည်။ အသက်၂၈ နှစ်အရွယ်ရှိ ရီဘာရီသည်ဒဏ်ရာရရှိပြီး မြေပြင်ပေါ်လဲကျခဲ့ရာ ကစားဖော်များကွင်းအပြင်ဘက်တွဲ၍ ထုတ်ခဲ့ရသည်။ ၄င်း၏ဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိကြောင်း ဘေယန်မြူးနစ်ကလပ်နည်းပြ ဟေနက်စ်ကပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)