်မင်္ဂလာပါခင်ဗျား။ မကြာမီသော ရက်တွေမှာ ထိုင်းအစိုးရက ဘာအထောက်အထားမှမရှိတဲ့ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား) ရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်သမားလက်မှတ်လုပ်ဖို့ သက်မှတ်ရက် (ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင် ၁၄ ရက်နေ့အထိ) ကုန်ဆုံးသွားတာမို့ “အဖမ်းအဆီးတွေစတင်ပါတော့မယ်”။ ဒီလိုအဖမ်းအဆီးရက်တွေ နီးလာပေမယ့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားလက်မှတ် လုပ်ရကောင်းမှန်း ၊အလုပ်သမားလက်မှတ်ရှိပါမှ မိမိတို့ရဲ့ (နေ့စဉ်လုပ်အားခ၊ အချိန်ပိုလုပ်အားခ၊ တနင်္ဂနွေပိတ်ရက်လုပ်အားခ၊ ထိုင်းနိုင်ငံရဲ့နေ့ကြီးရက်ကြီး ၁၃ ရက်မှာ အလုပ်ခိုင်းစေမှုအတွက် လုပ်အားခ၊ လက်ပြတ်၊ ခြေပြတ်၊ အသက်ဆုံးရှုံးမှု လျော်ကြေးစသဖြင့်)ဆွေးနွေးကြတာပေါ့ဗျာ။
** အလုပ်သမား အခွင့်အရေး ဘာရှိလည်းဆိုတာကို နားထောင်နေတဲ့ ပရိသတ် **
..............................................................................
ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေး တွေကို “လိုရင်းတိုရှင်း မြင်ကွင်း ထင်လင်းတဲ့ ကတ်ပြားတွေထောင်ပြခြင်း” နဲ့ သရုပ်ဖော်လိုတစ်မျိုး၊ အရွှန်းအဖောက် အသောအထေ့တွေနဲ့တစ်နည်း အပြောအဟောကောင်းတဲ့ ဆရာမိုးရယ် ဆရာဓူဝံရယ်၊ မှတ်တမ်းတင်-ကို စင်ရော်ရယ် သုံးယောက်ပေါင်းပြီး မြန်မာအလုပ်သမား (၃၀၀) ကျော် စုရုံးရောက်ရှိနေကြတဲ့ ထိုင်း - မြန်မာနယ်စပ် ၊ တာ့(ခ်)ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ နူကလီ(Nucle) ကျေးရွာ ပရဟိတ ဘုန်းတော်ကြီးကျောင်းက ၀ါဆိုသင်္ကန်းကပ်လှူပွဲမှာဟောပြော ဆောက်ရွက်ပါတယ်။ ကျနော်တို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက မအားလည်းအား၊ အားလည်းအား ဆိုသလို အလုပ်ဖျက်ပြီး ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကုသိုလ်ရေးပြုလုပ်ကြတာ ရှိပါရဲ့။ ဒီလို လူတွေ စုရုံး၊ စုရုံးလုပ်ရင်
** ပရိသတ်ထဲမှ အလုပ်လုပ်နေသော ကလေးအလုပ်သမားတဦးကို နမူနာပြပြီး ကလေးအခွင့်အရေး ဟောပြောနေစဉ် **
.........................................................................................
မိမိတို့ မြန်မာပြည်သားအဖွဲ့ (ခေါ်) မြန်မာပြည်သားများအရေးပူတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဗဟိုအဖွဲ့နဲ့ ဖုတ်ဖရမြို့နယ်ဒေသကော်မတီတို့ ပူးပေါင်းပြီး ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား (၀ါ) မြန်မာစိုက်ပျိုးရေးလုပ်သား(၃၀၀) ကျော်ကို မြင်သာ ရှင်းလင်းတဲ့ ကတ်ပြားတွေ ထောင်ပြီး “ဒါကဒီလို၊ ဟိုဟာက ဟိုလို၊ ဟောဟိုက ဂလို၊ ဂလောက်”စသဖြင့် ဟောပြောတာက မြိုင်သလားတော့ မမေးနဲ့ ။
ကိုင်း - ဟောဒီ ဓါတ်ပုံတွေက သက်သေပြပါလိမ့်မယ်။
သတင်းမှတ်တမ်း - မြန်မာပြည်သား
** ပရိသတ်ထဲမှ အလုပ်လုပ်နေသော ကလေးမတဦးကို နမူနာပြပြီး ကလေးအခွင့်အရေး ဟောပြောနေစဉ် **
** ဟောပြောပွဲရဲ့  အပြင်ဘက်တောင်ကုန်းပေါ်က နားထောင်နေတဲ့ ပရိသတ်ရှိရာကို သရုပ်ပြ ကတ်ပြားထောင်ပြနေစဉ် **
<
** ဟောပြောပွဲရဲ့  အပြင်ဘက်တောင်ကုန်းပေါ်က နားထောင်နေတဲ့ ပရိသတ်**

No comments:
Post a Comment