ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 15, 2011

ယခုလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ

> >
(ဇူလိုင်လ ၁၅ရက်၊ ၂၀၁၁)

သတင်း-၁။ ။ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းနီးပါး အလုပ်သမား လက်မှတ်သစ် ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်သမား လက်မှတ်သစ်များကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့အထိ ယင်းသုံးနိုင်ငံမှ စုစုပေါင်း အလုပ်သမား ၉ သိန်းခွဲကျော် မှတ်ပုံတင်ပြီးဖြစ်ရာ မြန်မာက ၇၀ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ဧရာဝတီသို့ ပြောသည်။ (ဧရာဝတီ)

သတင်း-၂။ ။ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်၊ဖုတ်ဖရမြို့နယ် ၀ါဆိုသင်္ကန်းကပ်လှူပွဲမှာထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေး
တွေကိုမြန်မာပြည်သားများအရေးပူတွဲလှုပ်ရှားမှုကော်မတီ (JACBA)က မြန်မာရွှေ့ပြောင်းအလုပ်သမား (၀ါ) မြန်မာစိုက်ပျိုးရေးလုပ်သား(၃၀၀) ကျော်အား တစ်နာရီစာ ဟောပြောပွဲကျင်းပခဲ့ကြောင်းသတင်းရ
ရှိသည်။(မြန်မာပြည်သား သတင်းစဉ်)

• (ဇူလိုင်လ ၁၃ရက် ၂၀၁၁ )

သတင်း-၁။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသအနီး ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ မြန်မာပြည်သား ၃၀၀ ခန့်သည် လုပ်အားခ ၁၅ ဘတ် တိုးပြီး ရရှိရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်မှာ ၃ ရက် ရှိသွားပြီ ဖြစ်သည်။

စက်ရုံပိုင်ရှင်က လိုက်လျော်ခြင်း မရှိသေးကြောင်း၊ တခြားသော စက်ရုံ အလုပ်ရုံများတွင်လည်း ဆန္ဒပြကြကြောင်း WATANA ဖိနပ်စက်ရုံမှ ၀န်ထမ်းတဦး ဖြစ်သည့် ကိုဝေလင်းက ဧရာဝတီကို ပြောသည်။(ဧရာဝတီ)
သတင်း-၂။ ။ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သားမိသားစုများမှ ကျောင်းမနေနိုင်သော ကလေးငယ်မှာ ၃ သောင်းအထိ မြင့်တက်နေဖွယ်ရှိကြောင်း အာဏာပိုင်များက ခန့်မှန်းသည်ဟု ဖူးခက်ဝမ် ခရီးသွားသတင်းစဉ်တွင် ဖော်ပြထားသည်။ ဖူးခက်ရှိဆေးရုံတခုက ယခုနှစ်တွင် တလလျှင် မြန်မာရွှေ့ပြောင်းလုပ်သားစုမှ မိခင် ၅၀ မှ ၆၀ အထိ လာရောက် မီးဖွားကြပြီး ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောထားသည်။ (ဧရာဝတီ)

• (ဇူလိုင်လ ၀၉ ရက် ၂၀၁၁ )

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊ မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။မလေးရှားအတိုက်အခံ နိုင်ငံရေးပါတီတွေပြောတာက သူတို့ရဲ့ ခေါင်းဆောင်တချို့လည်း အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားပြီး နံမည်ကြီး အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ အန်န၀ါ အီဗရာဟင်လည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ တော်တော်များများက အ၀ါရောင် ဘောလုံးတွေနဲ့ ပန်းတွေကို ကိုင်လာပြီး ပြည်သူလူထု အဓွန့်ရှည်ပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။(VOA)

(ဇူလိုင်လ ၀၈ ရက် ၂၀၁၁ )
လုပ်ခတိုးပေးရန် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်
စေတီစမ်အွန်းမြို့ရှိ PTK ဖိနပ်ချုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ကျော် ကြာသပတေးနေ့ ဆန္ဒပြခဲ့ရာမှ တရက်လျှင် လုပ်ခငွေ ထိုင်းဘတ် ၁၅ ဘတ် တိုးရသဖြင့် သောကြာနေ့တွင် ပြေလည်မှု ရရှိသွားသည်။
အလုပ်သမား ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များနှင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီတို့က သောကြာနေ့ မနက် ၈ နာရီခန့်တွင် စေတီစမ်အွန်းမြို့ တနေရာ၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ တနာရီလုပ်ခကို ထိုင်းငွေ ၁ ဘတ်ခွဲ တိုးမြှင့်ပေးခဲ့သည်။
လုပ်ခကို တနာရီ ၂ ဘတ်နှုန်း တိုးပေးရန် အလုပ်သမားများ တောင်းဆိုသည်ကို အလုပ်ရှင်က ၁ ဘတ်သာ တိုးပေးသဖြင့် မကျေနပ်ရာမှ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
တနေ့လျှင် အလုပ်ချိန် ၁ဝ နာရီသတ်မှတ်ထားပြီး၊ ယခင်က တရက်လျှင် ၇ဝ ဘတ်မှ ၁၁၅ ဘတ်သာ ရရှိကြကာ ညှိနှိုင်းပြေလည်မှုအရ တရက်လျှင် ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ ရရှိလာမည်။(မဇ္ဈိမ)

(ဇူလိုင် ၇ရ က်၊၂၀၁၁)
တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့်ပြုမည့် အစီအစဉ်ကို ဇူလိုင် ၁၁ ရက်နေ့တွင် စတင်မည်ဟု မလေးရှားအစိုးရက ကြေညာခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁၈ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ၀န်ဆောင်မှု ကုမ္ပဏီ ၂၅၀ တွင် လက်ဗွေ မှတ်တမ်းတင်စက် တပ်ဆင်ခြင်း၊ ၀န်ထမ်း လေ့ကျင့်ပေးခြင်းတို့အတွက် အချိန် မလုံလောက်သဖြင့် ရက်ရွှေ့ခြင်း ဖြစ်ကြောင်း မလေးရှားရှိ အလုပ်သမား အေဂျင်စီများထံမှ သိရသည်။ (ဧရာဝတီ)

(ဇူလိုင်လ ၆ ရက် ၂၀၁၁)
ယနေ့ နံနက်စောစောပိုင်း (၄း၃၀)နာရီတွင် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်၊ ဖုတ်ဖရားမြို့နယ် စအိုတိုက်နယ်နှင့် ဆီစစ်ပတ်တိုက်နယ်တခွင်ရှိ မြန်မာစိုက်ပျိုးရေးလုပ်သားတို့ နေထိုင်ရာ တဲအိမ်များသို့ အဖွဲ့စုံပါဝင်သော ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ၀င်ရောက်ဖမ်းဆီးရာ မြန်မာစိုက်ပျိုးရေးလုပ်သားများနှင့် ယင်းတို့၏ ရင်သွေးများအပါအ၀င် လူ (၂၀၀)ခန့် ဖမ်းဆီးခံခဲ့ရကြောင်း၊ သို့သော် နေ့လယ်ပိုင်းတွင် ရင်ခွင်ပိုက်ကလေးမိခင် အချို့နှင့် ကျောင်းနေကလေးများကို ပြန်လွှတ်ပေးခဲ့ရာ ရဲအချုပ်များတွင် အလုပ်သမား ၈၀ ခန့်သာ ကျန်ခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်)
(ဇူလိုင်လ ၃ ရက် ၂၀၁၁)
မလေးရှားနိုင်ငံတွင် နိုင်ငံအနှံ့အပြားမှ တက်ကြွလှုပ်ရှားသူ (၁၀၀)ခန့်အား အစိုးရက ဖမ်းဆီးထားသော်လည်း ယခုအခါအများစုကို ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း သို့ရာတွင် မလေးရှားအတိုက်အခံများက ၀န်ကြီးချုပ် နာဂျစ်ရာဇာတ်အား ဆက်လက်ဆန့်ကျင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ (RFA)
ဒီကနေ့ ရွေးကောက်ပွဲနေ့မှာ ထိုင်းတောင်ပိုင်း ပြည်နယ်၃ခုက မဲရုံ ၂၁၅၇ ရုံလုံခြုံရေးအတွက် ပူးတွဲတပ်ဖွဲ့ အင်အား ၁၂,၀၀၀ ချထားစဉ်မှာ ငြိမ်ဝပ်ပိပြားရေးအတွက် တပြည်လုံးမှာ ရဲတပ်ဖွဲ့အင်အားက ၁၈၃,၀၀၀ တပ်ဖြန့်ထားမှာ ဖြစ်ပါ တယ်။ ငြိမ် ၀ပ်ပိပြားရေးထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့အနေနဲ့ အဆင်သင့်ရှိနေပါတယ်လို့ ထိုင်းရဲချုပ် ၀ိချီးန်ဖုတ်ဖိုဆရီးက ပြောပါ တယ်။ တနေ့ကတည်းက ညနေ ၆ နာရီကနေ ညသန်းကောင်ထိ အရက်ရောင်းတာတွေကို ပိတ်ပင်ထားသလို အင် တာနက် ကနေ မဲ ဆွယ်တာတွေကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။ရဲတွေကလည်း မဲဝယ်ဖို့ကြိုးပမ်းတာတွေကို စောင့်ကြည့်နေပြီး လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်တွေ ချထားပါ တယ်။ သောကြာနေ့က မဲဝယ်တယ်လို့ သံသယရှိသူတွေကို နခုန်ရတ်ချာဆီးမားမှာ ဘတ်ငွေ ၁၃၀,၀၀၀ နဲ့ ဖူးခက်မှာ ဘတ်ငွေ ၆၉,၀၀၀ နဲ့အတူ ဖမ်းလိုက်တယ်လို့ သူ က ပြောပါတယ်။ မဲပြားတွေဓါတ်ပုံရိုက်တာနဲ့ အမှတ်အသားလုပ် ထားတဲ့ မဲပြားတွေ တခြားသူတွေကို ပြသတာတွေ မလုပ်ဖို့နဲ့ ဒီလိုလုပ်ရင် ထောင်ဒဏ်တနှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ထိ ပေးဆောင်ရမယ်လို့လည်း ရဲတွေက သတိပေးထားပါတယ်။ နိုင်ငံရေးပါတီတခုကို ဘက်လိုက်တယ်ဆို ပြီး စွပ်စွဲခံနေရတဲ့ အရာရှိ ၄၂ ယောက်အမှုကို စစ်ဆေး နေတုန်းဖြစ်ပြီး သူတို့အထဲက ၁၃ ယောက်ဟာ စည်းကမ်းချိုး ဖောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ရဲစစ်ဆေးရေးချုပ် ဆာ့သာပေါန်လောင်ထုံက အစီရင်ခံပါတယ်။(နေ့သစ်)

(ဇူလိုင်လ ၂ ရက် ၂၀၁၁)
မလေးရှားနိုင်ငံတွင် မလေးလွှတ်တော်အမတ်တစ်ဦးနှင့် အတိုက်အခံ အမတ်တစ်ဦးတို့ကို လေးရှားနိုင်ငံမြောက်ပိုင်း၌ ဖမ်းဆီးခံခဲ့ရကြောင်း၊ အစိုးရ၏ မူဝါဒများကို ဝေဖန်ပြစ်တင်ခဲ့၍ ဖြစ်ကြောင်းသတင်းရရှိသည်။ (RFA)

(ဇူလိုင်လ ၁ ရက် ၂၀၁၁)
ထိုင်းအစိုးရက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းကို ယခင် ၃ နှစ်အစား ၆ နှစ်အထိ တိုးမြှင့်ပေးလိုက်ကြောင်း၊ သို့ရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများနှင့် မသက်ဆိုင်ကြောင်း ကြေငြာသည်။

ဖွေ့ထိုင်းပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင် စစ်တပ်က အာဏာသိမ်းမှာ ဖြစ်တယ်။ ဆိုတဲ့ ကောလာဟလ တွေကို ကြည်းတပ်စစ်ဦးစီးချုပ် ဖရာယုသ်ကျန်းအိုချားက ထပ်ပြီး ပယ်ချလိုက်ပါတယ်။ “ကော လာဟလတွေက ကောလာဟလ သက်သက်ပါပဲ၊ အာဏာသိမ်းမှာ မဟုတ်ပါဘူး။ ကျနော် အကြိမ်ကြိမ် ပြောပြီးပြီ။ စစ်တပ်မှာလုပ်စရာတွေ အများကြီး၊ အခုဆို မြောက်ပိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီနေရတယ်။” လို့ တောင် ကိုရီးယားခရီးစဉ်ကနေ ဆုဝါနာ့ဘ်ဖူးမ် လေဆိပ်ကို ဆိုက်ရောက်ပြီးနောက်မှာ တနေ့က ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။
အာဏာသိမ်းတယ်ဆိုတာ နားလည်မှုလွဲတာပါ၊ ဘယ်သူ့အတွက်မှာ မကောင်းပါဘူးလို့ သူက ပြောပါတယ်။ တပ်မ တော်က သူ့တာဝန်တွေကို ထမ်းဆောင်နေပါတယ်။ ဒီမိုကရေစီဆန္ဒတခုနဲ့ပဲ ကံဆိုးမိုးမှောင်ကျနေတဲ့အထဲက တိုင်း ပြည်ကို ဦးဆောင်နိုင်အောင် ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်တပ်ကို နိုင်ငံရေးကစားပွဲထဲကို ဆွဲမသွင်းသင့် ပါဘူး။ လို့ ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်အတွင်းမှာ သူက သတိပေးပြောကြားလိုက်ပါတယ်။ ဖွေ့ထိုင်း ပါ တီ အာဏာရလာရင် စစ်တပ်က အာဏာသိမ်းမလားလို့ မေးတဲ့အခါ စစ်တပ်က သူ့တာဝန်သူ လုပ်မှာသာ ဖြစ်တယ် လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။(နေ့သစ်)

>

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)