(Gervinho)
**အိုင်ဗရီကို့ စ် တိုက်စစ်မှူး ဂါဗင်ဟို အာဆင်နယ်အသင်းနှင့် စာချုပ်**
(လန်ဒန်၊ ဇူလိုင် ၁၄)
ပြင်သစ်ကလပ် လီလီမှ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဂါဗင်ဟိုအား စာချုပ်ခေါ်ယူလိုက်ပြီးဖြစ်ကြောင်း အာဆင်နယ်အသင်းက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုပြောကြားသည်။ တိုက်စစ်မှူးဂါဗင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီလီအသင်းကို ပြင်သစ်လိဂ်ဖလားဆွတ်ခူးနိုင်အောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၅ ၇ ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။ (အင်တာနက်)

**ကိုပါအမေရိက ဖလားပြိုင်ပွဲ ဘရာဇီး ကွာတားဖိုင်နယ်တက်**
(ဗျူနိုအေးရိစ်၊ ဇူလိုင် ၁၄ )
လက်တင်အမေရိက အသင်းများယှဉ်ပြိုင်သည့် ကိုပါအမေရိက ဖလားအုပ်စုပွဲစဉ်များမျာ ယမန်နေ့က ပြီးဆုံးခဲ့ပြီးဖြစ်သည်။ အုပ်စု (B) အုပ်စုနောက်ဆုံးပွဲတွင် ဘရာဇီးက အီကွေဒေါကို လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရကာ အုပ်စုဗိုလ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်သွားပြီးဖြစ်သည်။ (ESPN)
**အမျိုးသမီးကမ္ဘာ့လားဗိုလ်လုပွဲ ဂျပန်နှင့် အမေရိကန်တွေ့မည်**
(ဘာလင်၊ ဇူလိုင် ၁၄)
၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ အမေရိကန် အသင်းနှင့် အာရှသူဂျပန်အမျိုးသမီး အသင်းတို့ တက်ရောက်ခဲ့ရာ ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အမေရိကန်အမျိုးသမီးအသင်းသည် ပြင်သစ်အမျိုးသမီးအသငိးကို ၃ - ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ဂျပန်အမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲတွင် ဆွီဒင်အမျိုးသမီးဘောလုံးအသင်းကို ၃ - ၁ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment