**တရုတ်နိုင်ငံ၌ တံတားတစ်စင်းပြိုကျ တစ်ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ**
(ဖူကျို့၊ ဇူလိုင် ၁၄)
တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် အရှေ့ပိုင်းတွင် ဇူလိုင် ၁၄ ရက်က တံတားတစ်စင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ဖြစ်ပွားမှုမှာဝူယီရှန်မြို့ရှိဂွန်ဂန်တံတား၌ ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် ၂၃ ဦး တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ဖြတ်သန်းမောင်းနှင်းစဉ် ပြိုကျခဲ့ခြင်းဖြစ်ရာ ဒဏ်ရာရှိသူများကို ဆေးရုံသို့ တင်ပို့ပေးထားသည်။ ၄င်းတံတားသည် အရှည် ၃၀၁ မီတာနှင့် အကျယ်၁၈ မီတာရှိပြီး ၀ူယီရှန်တောင်တန်းအပန်းဖြေစခန်းနှင့် အမှတ် ၁၀၁ ပြည်နယ် အဝေးပြေးလမ်းမသို့ ဆက်သွယ်ထားသော တံတားဖြစ်သည်။ အဆိုပါတံတားကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလက စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။ (အင်တာနက်)

**ဘရာဇီးနိုင်ငံ၌ လေယာဉ်ပျက်ကျ၊ ၁၆ ဦးသေဆုံး**
(ဘရာဆီးလီးယား၊ ဇူလိုင် ၁၄)
ဘရာဇီးနိုင်ငံ ပါနမ်ဘူကိုပြည်နယ်မြို့တော်ရီစီဖီအနီးတွင် ဇူလိုင် ၁၃ ရက်က လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ ၁၆ ဦးသေဆုံးခဲ့ကြောင်း ဘရာဇီးလေတပ်အရာရှိများက ဇူလိုင် ၁၄ ရက်၌ ပြောကြားသည်။ ၄င်းလေယာဉ်သည် အယ်လ်အီးတီး - ၄၀၁ အမျိုးအစားဖြစ်ပြီး အမျိုးအစားဖြစ်ပြီးနိုယာလေကြောင်း ပိုင်ဖြစ်သည်။ အဆိုပါလေယာဉ်မှာ ဇူလိုင် ၁၃ ရက် နံနက်၆ နာရီ ၅၁ မိနစ်က ဘရာဇီးနိုင်ငံမြောက်ပိုင်းကမ်းခြေမြို့ဖြစ်သည့် နာတယ်မြို့သို့ လေယာဉ်အမှုထမ်းနှစ်ဦးနှင့် ခရီးသည် ၁၄ ဦးအားတင်ဆောင်ကာ ပျံသန်းရန် လေဆိပ်မှ ပျံတက်ပြီး သုံးမိနစ်ခန့်အကြာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဗြိတိန်နိုင်င်ံအရှေ့ပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွား**
(လန်ဒန်၊ ဇူလိုင် ၁၄)
ဗြိတိန်နိုင်ငံအရှေ့ပိုင်း လင်ကွန်းရှိုင်းယားအရပ်တွင် ဇူလိုင် ၁၃ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ငါးဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ က ဇူလိုင် ၁၄ ရက်၌ ပြောကြားသည်။ ဗုံးပေါက်ကွဲ မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူနာတင်ယာဉ်များရောက်ရှိကာ ကယ်ဆယ်ရေးနှင့် စစ်ဆေးရေးများ ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)
**အိန္ဒိယနိုင်ငံ၌ ဗုံးများပေါက်ကွဲ၊ ၂၁ ဦးသေဆုံး**
(နယူးဒေလီ ၊ ဇူလိုင် ၁၄)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ စီးပွားအချက်အချာအရပ်တွင် ဇူလိုင် ၁၃ ရက်က ဗုံးပေါက်ကွဲမှုသုံးကြမ်ဖြစ်ပွားရာ ၂၁ ဦးသဆုံးပြီး ၁၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။ ဗုံးပေါက်ကွဲမှုမှာ ၁၃ ရက်ညနေ ၆ နာရီ ၅၄ မိနစ်နှင့် ၇ နာရီ ၅ မိနစ်အကြားတွင် ဖြစ်ပွားပြီး ပထမဆုံးပေါက်ကွဲမှုမှာ မွမ်ဘိုင်းမြို့တောင်ပိုင်း၌ ဖြစ်သည်။ ဒုတိယဗုံးပေါက်ကွဲမှုမှာ မွမ်ဘိုင်းမြို့ရှိ ဘတ်စ်ကားမှတ် တိုင်တွင်ဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**နျူကလီးယား ကင်းစင်ရေး ဂျပန်ကြိုးပမ်းမည်**
(တိုကျို၊ ဇူလိုင် ၁၄)
ဂျပန်နိုင်ငံ၌ မတ် ၁၁ ရက်ကငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမားရှိ နျူကလီးယားဓာတ်အားပေးစက်ရုံများ ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် နျူကလီးယားပြဿနာကျော်လွှားနိုင်ရန် အနာဂတ်တွင် နျူကလီးယားစင်နိုင်ငံ ဖြစ်ရေးကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် နာအိုတိုခမ်းက ဇူလိုင် ၁၃ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
**မက္ကဆီကိုနိုင်ငံ၌ဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်ပွား**
(မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၄)
မက္ကဆီကိုနိုင်ငံ စီဒက်ဂွါရက်မြို့တွင် ဇူလိုင် ၁၂ ရက်က မှုးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရာ ယခုနှစ်အတွင်းထိုနေ့သည် အဆိုးရွာဆုံးအကြမ်းဖက်မှုဖြစ်ပွားသည့်နေ့ ဖြစ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၁၄ ရက်က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်

No comments:
Post a Comment