
လေညှင်း အစမ်း
ကြွေတော့ ခမန်း
ဒီပန်းတွေ ရမ်းတယ် . . .
မိုးဖွဲ အဖြန်း
မြေခ မတမ်း
အပင်ပါ ယိမ်းတယ် . . .
လေစမ်းလဲ မကြွေ
မိုးဖြန်းလဲ မသေ
အပင်ပျို စိမ်းဝေ . . .
နှစ် ရာသီ ပြောင်း
အကိုင်းဟောင်းတို့
မြေ မှာကျိုးကြေ . . .
လေကို အံတု
မိုးကို မမှု့
ဇရာ ထုခြေ . . .
ဤမြေကမ္ဘာ
ဘယ်အရာမှ
သေချာ မမြဲပေ . . .
**မာဃလုလင်**
လေညှင်း အစမ်း
ကြွေတော့ ခမန်း
ဒီပန်းတွေ ရမ်းတယ် . . .
မိုးဖွဲ အဖြန်း
မြေခ မတမ်း
အပင်ပါ ယိမ်းတယ် . . .
လေစမ်းလဲ မကြွေ
မိုးဖြန်းလဲ မသေ
အပင်ပျို စိမ်းဝေ . . .
နှစ် ရာသီ ပြောင်း
အကိုင်းဟောင်းတို့
မြေ မှာကျိုးကြေ . . .
လေကို အံတု
မိုးကို မမှု့
ဇရာ ထုခြေ . . .
ဤမြေကမ္ဘာ
ဘယ်အရာမှ
သေချာ မမြဲပေ . . .
**မာဃလုလင်**
No comments:
Post a Comment