သူများကို လက်ညိုးထိုးမယ်ကြံတိုင်း
ကိုယ့်ကိုကိုယ် ရဟာဇယ် ထိုးထိုးမိတော့
ကိုယ်ချင်းစာ တရားလည်း
မပွားများပဲ အလိုလို ရလာ . . .
တောထွက်ပြီး တရားရှာရင်ကောင်းမလား
မြို့မှာပဲ အမှားရှာနေရင်ကောင်းမလား
အဖျား ရှုးရှုးသွားတဲ့ စိတ်ကူးများနဲ့
အသိညဏ်ကကျင့်တဲ့ ဒုက္ခစရိယာ . . .
အဖန်ဖန်အထပ်ထပ် နဲ့
ဆင်ခြင်တွေးခေါ်မှု့ ဇတ်လဲမကချင်တော့
ထုံတုံတုံ အတတ သာ
လူပြိန်းတစ်ယောက်လို နေချင်လာ ရာ . . .
အဲ့ဒါနဲ့ အဲ့ဒါနဲ့ပဲ
ကိုယ့် ဟာကိုယ်လဲ စိတ်ကုန်
သစ်ခေါက်ဆိုး သင်္ကန်းလဲ မရုံနိုင်တဲ့
မောင်မာဃ ရဲ့ ကဗျာ . . .
**မာဃလုလင်**
သူများကို လက်ညိုးထိုးမယ်ကြံတိုင်း
ကိုယ့်ကိုကိုယ် ရဟာဇယ် ထိုးထိုးမိတော့
ကိုယ်ချင်းစာ တရားလည်း
မပွားများပဲ အလိုလို ရလာ . . .
တောထွက်ပြီး တရားရှာရင်ကောင်းမလား
မြို့မှာပဲ အမှားရှာနေရင်ကောင်းမလား
အဖျား ရှုးရှုးသွားတဲ့ စိတ်ကူးများနဲ့
အသိညဏ်ကကျင့်တဲ့ ဒုက္ခစရိယာ . . .
အဖန်ဖန်အထပ်ထပ် နဲ့
ဆင်ခြင်တွေးခေါ်မှု့ ဇတ်လဲမကချင်တော့
ထုံတုံတုံ အတတ သာ
လူပြိန်းတစ်ယောက်လို နေချင်လာ ရာ . . .
အဲ့ဒါနဲ့ အဲ့ဒါနဲ့ပဲ
ကိုယ့် ဟာကိုယ်လဲ စိတ်ကုန်
သစ်ခေါက်ဆိုး သင်္ကန်းလဲ မရုံနိုင်တဲ့
မောင်မာဃ ရဲ့ ကဗျာ . . .
**မာဃလုလင်**
No comments:
Post a Comment