ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 2, 2011

ရုပ်လှချင်ရင်

>
ရိပ်သာမှာ တံမြက်စည်း လှည်းနေရင်း အတွေးတစ်ခု ကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားက ဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြော လိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို.ပြောပြီး ရှေ.ဆက်လျှောက် သွားပါတယ်။ တကယ်တော့ မိမိ ပြုံးရခြင်း ရဲ့ အကြောင်းမှာ အဖြေက သီးသန်. ရှိပြီးသားပါ။ သူငယ်ချင်းကို ပြောမပြ ဖြစ်ခဲ့ ပေမဲ့ ချစ်တဲ့ စာဖတ် ပရိသတ်ကိုတော့ တကူးတက ကိုပြောပြ ချင်ပါတယ်။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရုပ်အလွန် လှတဲ့သူ နှစ်ဦး ရှိခဲ့ ဖူးပါတယ်။ တစ်ဦးက အရှင်ဘယ လို.အမည်ရတဲ့ ရဟန်းငယ် ဖြစ်ပြီး တစ်ဦးကတော့ အမတ်ကြီးရဲ့ သားပါ။ သူတို.နှစ်ဦး ဘယ်လောက်ထိ ရုပ်လှကြလဲ ဆိုရင် တစ်ခြားတစ်ခြား ပုဂ္ဂိုလ်တွေ ကုသိုလ် ကောင်းမူ. ပြုပြီး ဆုတောင်း ကြရင်တောင် ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားလို ရုပ်လှရပါလို၏ လို. ဆုတောင်းကြတဲ့ အထိပါပဲ။

ဒီနေရာမှာ ပုထုဇဉ်တို. ပီပီ ရဟန်းငယ်နဲ့ အကျွမ်းဝင်တဲ့ သူတွေရှိသလို အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင်တဲ့ သူတွေလည်း ရှိကြပါတယ်။ ပုဂ္ဂိုလ်မင်တော့ တရားခင် ဆိုတဲ့ အတိုင်း ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက ရဟန်းငယ်ရဲ့ ရုပ်လှမူ.ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို. ရဟန်းငယ်သာ အလှဆုံးလို့ မှတ်ယူထား ကြပါတယ်။ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင် သူတွေကလည်း အမတ်ကြီးသားရဲ့ ရုပ်လှမူ.ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို. အမတ်ကြီးရဲ့သားသာ အလှဆုံးလို. မှတ်ယူထားကြ ပါတယ်။

ဒီလိုနဲ့တစ်နေ. ကိစ္စတစ်ခုနဲ့ နှစ်ဘက် ဆုံဖြစ်ကြပါတယ်။ စကား စပ်မိစပ်ရာ ပြောကြရင်း စကားလမ်းကြောင်းက ဘယ်ကို ဦးတည် သွား ကြသလဲ ဆိုတော့ ရဟန်းငယ်နဲ့ ကျွမ်းဝင်သူ တွေက သီဟိုဠ်ကျွန်းမှာ ရဟန်းငယ်သာ အလှဆုံးလို. ပြောလိုက် မိပါသတဲ့။ ဒီတော့ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင် သူတွေကလည်း သီဟိုဠ်ကျွန်းမှာ သူတို. အမတ်ကြီးရဲ့သားသာ အလှဆုံးလို. ပြန်ပြော လိုက်ပါသတဲ့။

နောက်ဆုံးတော့ စကားက ဒီမှာတင် ရပ်မသွားတော့ဘဲ ရဟန်းငယ်က ပိုလှတယ်။ အမတ်ကြီးသားက ပိုလှတယ်ဆိုပြီး နှစ်ဘက် အငြင်း အခုံ ဖြစ်ကြပါရောတဲ့။

ဒီနေရာမှာတင် အမတ်ကြီးရဲ့ သား အဖွဲ.ထဲက တစ်ယာက်က “ သတ္တိရှိရင် သင်တို. ရဟန်းငယ်နဲ့ ငါတို. အမတ်ကြီးရဲ့သား ဘယ်သူ ပိုလှတယ် ဆိုတာ အလှပြိုင်ကြမလား” လို. ထ စိန်ခေါ် လိုက်ပါသတဲ့။ ရဟန်းငယ်ရဲ့ အဖွဲ့ ကလည်း ဘယ် အ ညံ့ ခံမလဲ “စိန်လိုက်လေ” ဆိုပြီး ပြန် စိမ်ခေါ် လိုက်ပါသတဲ့။ ပြိုင်ပွဲ နေရာကိုတော့ သူတို. သီဟိုဠ်ကျွန်းရဲ့ အထင်ကရ တစ်နေရာ ဖြစ်တဲ့ မဟာစေတီ ကို သတ်မှတ် လိုက်ကြပါတယ်။ မိမိတို. ရန်ကုန်မှာ ရှိတဲ့ ရွှေတံဂုံ စေတီလို နေရာမျိုး မှာပေါ့။ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သား ရုပ်အလှ ပြိုင်ကြမယ် ဆိုတဲ့ သီတင်းဟာ သီဟိုဠ် တစ်ကျွန်းလုံး ပြန်.သွားပါတယ်။ ဒီအလှ ပြိုင်ပွဲမှာ သက်ဆိုင်ရာ လူကြီးတွေ မသိအောင် လောင်းကြေးထပ်တဲ့ ၀ါသနာ အိုးတွေလဲ ပါချင်ပါမှာပါ။

ရဟန်းငယ်နဲ့ အမတ်ကြီးသားတို. အလှပြိုင်ပွဲမှာ အမတ်ကြီးသားဘက်က သူတွေက သူတို. လူကို အကောင်းဆုံး အ၀တ်အစား တွေ ၀တ်ပေးပြီး ပြိုင်စေခဲ့ သလို အလှပြိုင်ပွဲ သတင်း ကြားထားတဲ့ ရဟန်းငယ်ရဲ့ မယ်တော် ကြီးကလည်း သူ.သား ရဟန်းငယ်ဆီ အကောင်းဆုံး သင်္က်းကို သွားကပ်ပြီး “သားတော် မနက်ဖြန် ဦးခေါင်းကို ပြောင်အောင် ရိပ်ပြီးတော့ ဒီသင်္ကန်း ၀တ်ပြီး ပြိုင်ပါ” လို. ပြော ပါသတဲ.။
ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သား တို. အလှ ပြိုင်ပွဲမှာ ဘယ်သူ နိုင်သွားတယ် ဆိုတာ မပြောခင် သူတို. ဘာကြောင့် ရုပ်လှခဲ့ ကြတယ် ဆိုတဲ့ အကြောင်းကို ကြားဖြတ် အနေနဲ့ အရင်ပြော ချင်ပါတယ်။

လွန်ခဲ့တဲ့ ဘ၀တစ်ခုမှာ ကျောင်းထိုင် မထေရ်ကြီး တစ်ပါးရယ်၊ ဝေယျာဝစ္စ လုပ်ပေးနေတဲ့ ကပ္ပိယကြီး တစ်ယောက်ရယ် ရှိခဲ့ ဖူးပါတယ်။ သူတို့ နှစ်ဦး နေ.စဉ် ပြုတဲ့ ကုသိုလ် တစ်ခုကတော့ ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြီး ကပ္ပိယကြီးက အမိုက် ကျုံးပစ်ပေးပါတယ်။ မထေရ်ကြီးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ တံမြက်လှည်းခဲ့ သလို ကပ္ပိယကြီး ကလည်း မထေရ် ကြီးနည်းတူ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စေတနာပါပါနဲ့ အမိုက်ကျုံး ပစ်ပေးခဲ့ပါတယ်။

အဲဒီကုသိုလ် ကြောင့်ပဲ သူတို. နှစ်ဦးထဲက တံမြက်လှည်းခဲ့တဲ့ မထေရ်က ရုပ်အလွန်လှတဲ့ ရဟန်းငယ်ဖြစ်ပြီး အမှိုက် ကျုံးပစ်ပေးခဲ့တဲ့ ကပ္ပိယကြီးက ရုပ်အလွန် လှတဲ့ (အမတ်ကြီး ရဲ့ သား) သူငယ် ဖြစ်လာခဲ့ ရတာပါတဲ့။

အတိတ်ဇတ်ကြောင်း သိသွားပြီဆိုတော့ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူ နိုင်သွားတယ် ဆိုတာ ချစ်တဲ့ စာဖတ် ပရိသတ်တွေ ခန်.မှန်း လို.ရသွားရောပေါ့။
စာဖတ်သူ ဖြေကြည့်ပေး ပါဦး ဘယ်သူ အနိုင်ရသွားတယ် ဆိုတာ ။
“………………………………………………………………..”
ဟုတ်ပါတယ်။

အတိတ်ဘ၀က တံမြက်လှည်း တဲ့သူ ရဟန်းငယ်က အနိုင် ရသွားပါတယ်။ ဒီဝတ္တုလေး နဲ့ အတူ ချစ်တဲ့ စာဖတ်သူတွေ အတွက် ဓမ္မလက်ဆောင် လေးလည်း ပူးတွဲ ထည့်ပေး လိုက်ပါရစေဦး ။ ရှေးဆရာတွေ စီကုံးထားတဲ့ တံမြက်လှည်း ရကျိုး လင်္ကာလေးပါ၊ ကျက်ထားလိုက်ပါဦး။

သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြေ၊ ဤငါးထွေသည်၊ မှတ်လေ တမြက်လှည်း ခြင်း အကျိုးတည်း။
********************************************************

တံမြက်လှည်းပြီးလို. ပုံထားခဲ့တဲ့ အမှိုက်တွေကို ကျုံးပစ်ရင်း “ရဟန်းငယ်က တံမြက်လှည်းခဲ့လို. ရုပ်လှတာတဲ့.၊ အမတ်ကြီးရဲ့ သားက အမှိုက်ကျုံးပစ် ပေးခဲ့လို. ရုပ်လှတာတဲ့၊ အင်း….. ငါက နှစ်မျိုးလုံး လုပ်တာဆိုတော့ တန်ပြန် သက်ရောက်မူ. သဘောအရ ဆိုရင် ငါက နှစ်ထပ်ကွမ်း အလှပေါ့ ” ဆိုတဲ့ အတွေးနဲ့ အတူ ဒုတိယ အကြိမ် ထပ်ပြုံး ဖြစ်လိုက် ပါသေးတယ်။ ဒုတိယ အပြုံးရဲ့ မရှေးမနှောင်းမှာဘဲ တတိယ အပြုံးကို ဆက်ပြုံး ဖြစ်လိုက်ပြန်ပါတယ်။

အကြောင်းက …… နှစ်ဘက်လုံးရဲ့ အလှကို ပိုင်ဆိုင်ထားသူ ဖြစ်လေတော့ မိမိ တစ်ယောက် တည်းများ အလှပြိုင် ပွဲ ကျင်းပနေမိမှဖြင့် …..။

**ရဝေနွယ်(အင်းမ)** -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)