
ဖြတ်သန်း သွားလာမှု့များ
အချိန်ကြာ ထိုင်နေသူများ
လှုပ်ရွ ဆူညံ မှု့များ
ငြိမ်သက် အေးဆေးသူများ ကို
ရေနွေးကြမ်းတအိုးနဲ့
တွေးခေါ်မှု့ဇာတ်ခင်းလိုက်တယ် . . .
အပြောအဆို
အမှု အရာ တွေက
ဒြပ် တခုလို လှုပ်ရွ
မှုန်ဝါးဝါး မီးရောင်ဟာလည်း
အိမ်မက်တခုလိုလို ဖြစ်လာတယ်. . .
ကဲ. . . ဒီမှာကြည့်
ငါတို့ရဲ့ မနက်ဖြန်တွေဟာ
ဘာသာဗေဒ တချို့ထဲ
ဝင်ရောက် ပုန်းအောင်း
နုတ်ထက် အက္ခရာတချို့ ကတော့
အတိတ်အကြောင်း ခပ်စောင်းစောင်း . . .
ရေနွေး က တအိုးပြီး တအိုး
အတွေး တွေက တမျိုးပြီး တမျိုး
ဖြတ်ခနဲ ဖြတ်ခနဲ မျက်ဝန်းတွေထဲ
မျှော်လင့်ချက် မီးလျှံက
ပြင်းပြစွာ တငြီးငြီး တောက်လောင် . . .
အိမ်ပြန်ချင်ပြီလား
ခဏနေပါဦး
ဟိုမှာ
ပြောင်းနေတဲ့ လူ့စိတ်တွေကို
အသာလေး စောင့်ကြည့်ရအောင် . . .
ငြိမ်ငြိမ်လေးထိုင်
ဖြည်းဖြည်းလေးတွေး
တိတ်တိတ်လေး နားထောင်
တဆိတ်လောက် . . . ဗျာ
ကျနော့် လက်ဘက်ရည်ခွက်ထဲ
ခင်ဗျားစကားလုံးတွေ
အရှိန်ပြင်းပြင်း ခုန်ပေါက်နေလေရဲ့ . . .
**မာဃလုလင်**

ဖြတ်သန်း သွားလာမှု့များ
အချိန်ကြာ ထိုင်နေသူများ
လှုပ်ရွ ဆူညံ မှု့များ
ငြိမ်သက် အေးဆေးသူများ ကို
ရေနွေးကြမ်းတအိုးနဲ့
တွေးခေါ်မှု့ဇာတ်ခင်းလိုက်တယ် . . .
အပြောအဆို
အမှု အရာ တွေက
ဒြပ် တခုလို လှုပ်ရွ
မှုန်ဝါးဝါး မီးရောင်ဟာလည်း
အိမ်မက်တခုလိုလို ဖြစ်လာတယ်. . .
ကဲ. . . ဒီမှာကြည့်
ငါတို့ရဲ့ မနက်ဖြန်တွေဟာ
ဘာသာဗေဒ တချို့ထဲ
ဝင်ရောက် ပုန်းအောင်း
နုတ်ထက် အက္ခရာတချို့ ကတော့
အတိတ်အကြောင်း ခပ်စောင်းစောင်း . . .
ရေနွေး က တအိုးပြီး တအိုး
အတွေး တွေက တမျိုးပြီး တမျိုး
ဖြတ်ခနဲ ဖြတ်ခနဲ မျက်ဝန်းတွေထဲ
မျှော်လင့်ချက် မီးလျှံက
ပြင်းပြစွာ တငြီးငြီး တောက်လောင် . . .
အိမ်ပြန်ချင်ပြီလား
ခဏနေပါဦး
ဟိုမှာ
ပြောင်းနေတဲ့ လူ့စိတ်တွေကို
အသာလေး စောင့်ကြည့်ရအောင် . . .
ငြိမ်ငြိမ်လေးထိုင်
ဖြည်းဖြည်းလေးတွေး
တိတ်တိတ်လေး နားထောင်
တဆိတ်လောက် . . . ဗျာ
ကျနော့် လက်ဘက်ရည်ခွက်ထဲ
ခင်ဗျားစကားလုံးတွေ
အရှိန်ပြင်းပြင်း ခုန်ပေါက်နေလေရဲ့ . . .
**မာဃလုလင်**


No comments:
Post a Comment