ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 4, 2011

သူမသည် ကမ္ဘာမြေကို မျှား၏

>
ကန်ရေပြင်က သစ်ပင်အရိပ်တို့ အုပ်မိုးကာ စိမ်းဖန့်ဖန့် ညိုမှောင်မှောင်။ ကန်ကို ဖြတ်တိုက်လာသော လေနုအေးသည် တောရိပ်တောင်ရိပ်တို့ကြားမှ အုံ့တုံ့တုံ့ မှုန်မှိုင်းမှိုင်း အနံ့တို့ကိုပါ သယ်ဆောင်လာ၏။ ပြုပြင်ဖန်တီးမှု နည်းပါးသော သဘာဝသည် ကျေနပ်လောက်ဖွယ် ပျော်ရွှင်မှုကို သူ့ချည်းသက်သက် ပေးနိုင်ပါရဲ့လား။ သဘာဝတို့ ထုံမွှန်းထားသော ကန်တစ်ခုဘေးဝယ် ထိုင်ကာ သဘာဝမကျသော နည်းလမ်းဖြင့် ငါးမျှားကာ ပျော်ရွှင်မှုကို ရှာနေသူမှာ သူမဖြစ်သည်။

သူမ လက်ထဲမှာ ကိုင်ထားသော ငါးမျှားတံက တင်းကနဲ ဖြစ်သွားသည်။ ဟော.. ငါး.. ငါး.. ငါးတွတ်နေပြီ။ သူမ၏ နှုတ်မှ အသံ တပိုင်းတစတို့ ထွက်ကျသွားသည်။ မျက်မှောင်ကျုံ့သံ တစ်ခုကို စိတ်နားဝယ် ဖြတ်ကနဲ ကြားလိုက်ရတော့ သူမ ဖွဖွပြုံးလိုက်သည်။ ကန်ရေပြင် ဟိုဘက်ခြမ်း မလှမ်းမကမ်းကို လှမ်းကြည့်လိုက်လျှင် ဘယ်ရီဦးထုပ်ပြားလေး ငိုက်ငိုက် ဆောင်းထားသည့် အဘိုးကြီး တစ်ယောက်ရှိမည်။ တကယ်တော့ ဒီကန်တစ်ခုလုံးမှာ ငါးလာမျှားတာဆိုလို့ သူမရယ် အဲဒီ အဘိုးကြီးရယ်။ ဒါပဲ။ အဘိုးကြီးက သူမကို စကားတစ်လုံးမှ မပြော။ သူမကလည်း အဘိုးကြီးကို မပြော။ ငါးမျှားနေစဉ် သူမထံက အသံတစ်ခုခု ထွက်လာလျှင် သူမကို မျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်မည်။ ဒါပဲ။ ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်ခု ကုန်ဆုံးချိန်နီးလျှင် သူမက အဘိုးကြီးကို လက်တစ်ချက်ဝှေ့ယမ်းပြကာ နှုတ်ဆက်ပြီး ပြန်မည်။ အဘိုးကြီးက မပြုံးမရယ် မျက်မှောင်ကျုံ့ကာ တစ်ချက်ပြန်ကြည့်ပြီး မျက်နှာလွှဲသွားမည်။ ဒါပဲ။ သူမအတွက် တနင်္ဂနွေ တစ်နေ့တာဆိုတာ ဒါပဲ။

တနင်္ဂနွေနေ့မနက်တွေမှာ အိပ်ရာနိုးထသည်နှင့် ကော်ဖီထည့်ထားသော ဓာတ်ဗူးလေး တစ်လုံးရယ်၊ ပေါင်မုန့်တချို့ ၀က်ပေါင်ခြောက်တချို့ ကြက်ဥကြော်တစ်လုံး စပျစ်သီးခြောက်တချို့တို့ကို အဆီအငေါ်မတည့်စွာ ထည့်ထားသော ဗူးပြားပြားလေး တစ်ဗူးရယ်၊ ခင်းထိုင်ရန် ပလတ်စတစ် ဖျာခေါက်ကလေးတစ်ခု၊ ငါးမျှားတံတစ်ချောင်း၊ ငါးစာဗူးတစ်ဗူးရယ် နှင့် သူမထွက်လာမည်။ ခေါင်းရင်းအိမ်က အဘွားကြီးက ထုံးစံအတိုင်း မလိုတမာအကြည့်ဖြင့် သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မကြားတကြား မဲ့ရွဲ့ ပြောပြီး ကျန်ရစ်မည်။ မိန်းကလေးတန်မဲ့ စောစောစီးစီး အကုသိုလ်အလုပ် လုပ်တော့မယ် ဆိုလား။ အဲဒါမျိုးဆန်ဆန် ဖြစ်သည်။

သူမသည် ငါးကို အကောက်မပါသော ငါးမျှားချိတ် (တကယ်တော့ ငါးမျှားချိတ်လို့ပင် မခေါ်နိုင်နော်။) ဖြောင့်ဖြောင့်မှာ ငါးစာကိုစွပ်ကာ မျှားလေ့ရှိတာ အဲဒီမိန်းမကြီးမသိ။ ငါးကိုစားချင်လို့ ငါးမျှားတာမဟုတ်မှန်း အဲဒီမိန်းမကြီးမသိ။ အို.. သူမက ငါးကိုလိုချင်လို့ ငါးမျှားတာတောင် မဟုတ်မှန်း အဲဒီမိန်းမကြီးမသိ။ ညနေတိုင်းပြန်လာချိန်မှာ ဘာကြောင့် ငါးတစ်ကောင်တလေမှ အိမ်ပြန်ပါမလာသလဲ ဆိုတာ အဲဒီမိန်းမကြီးမသိ၊ သူမဘက်ကရော။ ချက်ပြုတ် စားလေ့မရှိတဲ့ သူမအတွက် ငါးပါလာလျှင် အဲဒီမိန်းမကြီးက ငါးလိုချင်တဲ့ မျှော်လင့်ချက် ထားနေသလား ဆိုတာ သူမမသိ။ သူမ အပြင်ထွက်တိုင်း ဒီမိန်းမကြီးတစ်ယောက် ချောင်းမြောင်းစပ်စုကာ ဘာကြောင့် မမောမပန်းနိုင် စကားတင်း ပြောနေနိုင်သလဲဆိုတာ သူမမသိ။ လောကမှာ ဒီလိုနဲ့ သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ၊ မသိတာကို အသိလုပ်ခဲ့တာတွေ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီမသိခြင်းတွေကို နောက်မှာ ချန်ခဲ့ရင်း တနင်္ဂနွေနေ့တိုင်း သူမ ငါးမျှားထွက်မည်။

ဒီတစ်ခါတိုက်သောလေက ပိုစိမ့်လာသည်။ မိန်းမိန်းမူးမူး ငိုက်မျည်းချင်စရာ။ အိပ်ချင်ပြေအောင် ၀ါးနေသော စပျစ်သီးခြောက်တွေကို ပါးစပ်ထဲ အကုန်လောင်းချလိုက်တော့ လက်ဖ၀ါးက စေးကပ်ကပ် အတွေ့တို့သာ ကျန်ခဲ့သည်.။ အဲဒီ လက်ဖ၀ါးတွေဟာ.. အဲ… ဒီ…. လက်ဖ၀ါးတွေဟာ..။ ဟေး.. ဟိုင်း.. ဟဲလို.. အနောက်တိုင်းဆန်ဆန် ခပ်ပေါ့ပေါ့ နှုတ်ဆက်သံတွေ… အဲဒီ လက်ဖ၀ါးတွေဟာ.. လူပေါင်းစုံရဲ့ ချွဲကျိတဲ့ အဆီပြန် လက်ဖ၀ါးတွေ.. အေးစက်စက် လက်ဖ၀ါးတွေ.. အာရုံငါးပါးတို့ ပူရှိန်းနေတဲ့ လက်ဖ၀ါးတွေ.. .. နဲ့.. အကြိမ်ပေါင်းများစွာ နီရဲမတတ် ဆွဲ.. ယမ်း.. နှုတ်.. ဆက်.. လို့။ အဲဒီ.. လက်ဖ၀ါးတွေဟာ… ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် တုန်းကတော့ လူငယ်လေး တစ်ယောက်ရဲ့ မရဲတရဲ ဆုပ်ကိုင်မှုမှာ တွန့်တိုစွာ… ရှက်ရွံ့စွာ… ကြည်နူးရင်ခုန်စွာ… စိတ်လှုပ်ရှားခဲ့ဖူးတယ် ဆိုရင်တော့ ယုံနိုင်ဖွယ်ပင် မရှိနော်။ အဲဒီလက်ဖ၀ါးတွေဟာ .. အခု လောလောဆယ်တော့ ငါးမျှားတံ တစ်ချောင်းကိုသာ ကျစ်ကျစ် ဆုတ်ကိုင်ထားသည်။

“ခင်ဗျားက သိပ်ကိုတော်တာပဲ နော်..” ပညာသားမပါတဲ့ အထင်တကြီး ခပ်ပိန်းပိန်း ချီးမွမ်းသူတွေ။ “မ ကလေ လှတယ်ဆိုတာထက် သိပ်ဆွဲဆောင်နိုင်တာ သိလား။” မျက်လုံးချင်းဆုံအောင် ခပ်ရဲရဲကြည့်ရင်း မထိတထိ အပြောတွေ။ “အိမ်မှာ အဆင်မပြေဘူးကွာ။ ကလေးနဲ့ အခုလို စကားပြောနေရတာတော့ စိတ်ချမ်းသာတယ်။” ဆီရွှဲအောင်လိမ်းထားတဲ့ ခေါင်းကြီးကို ယမ်းခါရင်း ပြောတဲ့ မျက်နှာထူအမ်းအမ်းတွေ။ ရှောင်ကာ.. တိမ်းကာ.. ကကာ… သီကာ.. ရယ်ကာ.. မောကာ… အိုး.. ပြာလဲ့လဲ့ မီးရောင်တွေကြားမှာ.. လူဂုဏ်တန်တွေရဲ့ တွေ့ဆုံပွဲတွေမှာ… ဖန်ခွက်ချင်း တချွင်ချွင် ထိတိုက်သံတွေကြားမှာ.. ပိုးဖဲဝတ်ရုံ ပွတ်တိုက်သံ တရွှမ်းရွှမ်းတွေကြားမှာ… စီးကရက်မီးခိုးနံ့.. ရေမွှေးနံ့.. စူးရှရှ ရီဝေေ၀ ရနံ့တွေကြားမှာ.. ကြော်ကြားမှုဆိုတာ ဘာလဲ။ အောင်မြင်မှုဆိုတာ ဘာလဲ။ မိန်းမတစ်ယောက်ရဲ့ အရေးပါမှုဟာ… အလုပ်အကိုင်.. ၀င်ငွေ.. လှပမှု .. ဘယ်နေရာမှာလဲ။

အဲဒါတွေက ကင်းလွတ်တဲ့ တနင်္ဂနွေနေ့ တစ်နေ့ မှာတော့ သူမ ငါးမျှားချင်ပါသည်။ ဘာငါးတွေကို မျှားမှာလဲ။ ဈေးသွားရန် ဟင်းချက်ရန် ၀ါသနာမပါသော သူမ… ငါးအမျိုးအစားတွေကို မသိပါ။ အို.. သိစရာလည်းမလိုပါ။ သူမ သိတာက ငါးစာနောက်မှာ ငါးမျှားချိတ် ပါမှန်းသိလို့ ကွင်းရှောင်သွားတဲ့ငါး… ငါးစာကို ဘေးက ပါးပါးနပ်နပ် တွတ်စားသွားတဲ့ငါး..။ အင်း… အစာတပ်ထားတဲ့ ငါးမျှားချိတ်ဖြောင့်ဖြောင့် တစ်ခုလုံးကိုပင် မျိုချတဲ့ ငါးမျိုးကတော့ လောဘကြီးတဲ့ငါး.. အဟပ်ကြီးတဲ့ငါး.. အစူးစမ်းအဆင်ခြင်မရှိတဲ့ငါး.. ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့ငါး.. အဲဒီငါးမျိုးတွေပဲ ဖြစ်မည်။ သိပ်ပါးနပ်တဲ့ငါး ကျတော့လည်း အန္တရာယ်မပေးမှန်း ရိပ်မိလို့ မသိချင်ယောင်ဆောင်ပြီး တမင်မျိုချတာ ဖြစ်ကောင်းဖြစ်မည်။ ဒါဆိုရင်တော့ ပွဲက နှစ်ဖက်စလုံးအတွက် ပျော်စရာ ဖြစ်နိုင်သားနော်။

ရယ်စရာကောင်းတာ တစ်ခုကတော့ အကောက်မပါတဲ့ ငါးမျှားချိတ်ဖြောင့်တစ်ခုက ပါးဟက်ကို ထိုးဖောက်ငြိတွယ်စေတဲ့ အကောက်တစ်ခုပါတဲ့ ငါးမျှားချိတ်လောက် ငါးကို ဆွဲဆောင်မှု မရှိသလို ဖြစ်နေတာပဲ ဖြစ်သည်။ ဟိုရှေ့က အဘိုးကြီး ငါး လေးငါးကောင်လောက် ဆွဲတင်ပြီးတဲ့ အချိန်မှာ သူမဆီတော့ တစ်ကောင်တစ်လေ လာတွတ်လျှင် တော်တော် ကံကောင်းလှပြီ။ ငါးစာပြုတ်ကျသွားလို့ ပြန်တပ်ရတာလဲ အကြိမ်ကြိမ်။ ဘယ်လိုဖြစ်ဖြစ် သူမကတော့ ဒီလိုပဲ ငါးမျှားနေချင်သေးသည်။

ဗြုန်းဆို လက်ကိုတင်းလာသော အထိအတွေ့ကို သူမ ခံစားလိုက်ရသည်။ ငါးမျှားကြိုးကို သတိကြီးစွာ တဖြည်းဖြည်း ရစ်ပတ် ဆွဲတင်လိုက်သည်။ ဟော.. ငါး.. ငါး။ လေးကနဲ ပါလာသည်။ တော်တော် အကောင်ကြီးမည်ဟု ထင်ရသည်။ ငါးကသိပ်မရုန်းပဲ အလိုက်သင့် ပါလာသည်။ ငါးမျှားတံကို ဆွဲမလိုက်တော့ ကန်ရေပြင်ပေါ်က တစ်ပေခန့် အကွာမှာ အမြီး တဖြတ်ဖြတ်ခါနေသည့် ငါးတစ်ကောင်လုံး ထင်းထင်းပေါ်လာသည်။

ငါးကို သူမ အားရစွာ ကြည့်နေမိသည်။ ငါးက သူမကို တဒင်္ဂမျှ ငေးစိုက်ပြန်ကြည့်သယောင်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်… ငါးက ကန်ရေပြင်ပေါ်ကို ဗွမ်းကနဲ ပြန်ကျသွားသည်။ ဒါပဲ။ အစာလည်း ပါသွားပြီ။ အကောက်မပါသော ငါးမျှားချိတ်ဖြောင့်လေးသာ တန်းလန်း လှုပ်ခါ ကျန်ရစ်သည်။ ကန်ရေပြင်ထဲ ငါးကျသွားရာနေရာမှ ရေဂယက် ၀ိုင်းဝိုင်းကလေးများကို သူမ မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ခဏကြာတော့ ဂယက်ကလေးများ ပျောက်သွားသည်။ ကန်ရေပြင်က ဘာမှမဖြစ်ခဲ့သလို ပြန်လည် ငြိမ်သက်သွားပြန်သည်။ ဒါပဲ။ သူမအဖို့တော့ ဘ၀ဆိုတာလည်း ဒါပဲဖြစ်သည်။

**ပန်ဒိုရာ**
t

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)