ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 5, 2011

ခြေရာချွန်မြ

>
ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။

ကံကောင်းသောနေ့များတွင် လမ်းမမှာ ကားလာနေသဖြင့် ခြေထောက်ကလေးသည် ခေတ္တရပ်တန့်စောင့်ဆိုင်း နေရတတ်သည်။ အဲသည် အခါမျိုးမှာ သူ့အတွက် ခြေထောက်ကလေးကို ငေးမောချိန် ပိုရလေ့ရှိသည်။ လမ်းကို ဖြတ်မကူးခင်မှာ ခဲတံချောင်းလေးလောက် သေးချွန်ချွန် ဖိနပ်ခွာကလေး ပေါ်မှာ ခြေလှမ်းကို ထိန်းလိုက်ပုံ။ ကားကို စောင့်နေချိန်တွင် အိနြေ္ဒရရ ရပ်နေပုံ။ ကားများ ရှင်းသွားမှ မနှေးလွန်း မမြန်လွန်း ခြေလှမ်းများဖြင့် တလှမ်းချင်း ဆက်လှမ်းထွက်သွားပုံ။ မနွဲ့သော သို့သော် ဆတ်တောက်တောက်လည်း ဖြစ်မနေသော မနှေးသော သို့သော် ပျာယာခတ်ခြင်းမျိုးလည်း ဖြစ်မနေသော ခြေလှမ်းများ ပိုင်ရှင်။ သည်လို မိန်းကလေးတစ်ယောက်ဟာ ရုပ်ကလေးလည်းလှ စိတ်ထားကလေးလည်း သိမ်မွေ့သူ ဖြစ်ရမည်ဟု ဆိုင်ဆိုင်မဆိုင်ဆိုင် သူ တိတ်တခိုး ကောက်ချက်ချသည်။

ကံဆိုးတာ တစ်ခုကတော့ အဲသည် ထောင့်ကွက်လပ်ကလေးနှင့် မနက်ခင်းအချိန်ပိုင်းမှာ သူထိုင်ပြီး အလုပ်လုပ်ရသည့်နေရာတို့ ဖွဲ့စည်းထားပုံမှာ ခြေထောက်ကလေးကို လှမ်းမြင်ရရုံသာ လှစ်ဟနေခြင်း ဖြစ်သည်။ သူ မတ်တတ်ရပ်လိုက်လျှင် ဘာမှ မမြင်ရတော့။ သူမြင်မြင်နေရသော ခြေသလုံးကလေး၏ အထက်မှ လူပုံသဏ္ဍာန် တစ်ခုလုံးကို မြင်ရဖို့ ဆိုပြန်လျှင်လည်း သူမြေပေါ်မှာ ပြားပြားဝပ်လျှင်ဝပ်လိုက်မှ သို့မဟုတ် အလုပ်နေရာကို ကာရံထားသော သူ့တစ်ရပ်စာ မကသည့် အဆီးအတားများကို ဖယ်ရှားပစ်ဖို့ လိုပါမည်။

ညနေ အလုပ်သိမ်းပြီးလျှင် တကိုယ်စာလှဲလျောင်းနိုင်သော ခုတင်ကလေးများ ရှိသည့် သူတို့ စုပြုံနေရသော အခန်းကျဉ်းကလေးကို ပြန်ကြမည်။ ညနေစာ စားပြီးလျှင် စာဖတ်သူဖတ် တီဗွီရှေ့ ထိုင်သူထိုင် စောစောအိပ်သူ အိပ်မည်။ သူကတော့ အခုတလောမှာ မနက်တိုင်း သူငေးမောမိသော ခြေထောက်ကလေး အကြောင်းကို သူငယ်ချင်းများနှင့် ပြောဖြစ်ပါသည်။ ခြေထောက်ကလေး တစ်ခုတည်းကို ကြည့်ပြီး စွဲလန်းတယ်ဆိုတာ ကြားတော့ သူနှင့် တခန်းတည်းနေ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက ရယ်ကြသည်။

“မင်းဟာကကွာ… ခြေထောက်က လွဲပြီး လူကိုလည်း မမြင်ဖူးဘူး။ မင်းဆိုတဲ့ကောင် ရှိနေမှန်းတောင် သူကမသိဘူး။ သိတော့ရော သူက ဒီနိုင်ငံသူ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ငါတို့လို ကောင်တွေကို ရှိတယ်တောင် ထင်မှာ မဟုတ်ဘူးလေ။”

ငါတို့လိုကောင်တွေ…. ဘယ်လိုကောင်တွေပါလိမ့်။ သည်နိုင်ငံလေးကို ရောက်လာကြသည့် အမိမြေက လူတွေဟာ အမျိုးမျိုး အဖုံဖုံ ကွဲပြားကြသည်လေ။ အစွယ်ရှိသူက အစွယ်ကို ဦးချိုရှိသူက ဦးချိုကို အားကိုးလို့ ရချိန်မှာ သူကတော့ လက်နှစ်ဘက် ခြေနှစ်ဘက်ကိုသာ အားကိုးနိုင်ခဲ့သည်။

ဘာနဲ့ အလုပ်လုပ်နေလဲဟင် .. ဟုမေးလိုက်တိုင်း သူ့အဖြေဟာ ရင်ကော့ခေါင်းမော့ စရာ တစ်ခု မဟုတ်ခဲ့တာတော့ သေချာသည်လေ။ သို့သော် ဒါဟာ သူ့အပြစ်လေလား။ သူ ဘာမှားခဲ့သလဲဟု မကြာခဏ စဉ်းစားကြည့်ဖူးသည်။

တကယ်တော့ သူဟာ ဘာမှ မထူးချွန် မထူးခြားသော သာမန် ယောက်ျားလေး တယောက် ဆိုပေမယ့် မိကောင်းဖခင်က မွေးဖွားလာခဲ့သူ တစ်ဦးပေပဲ။ ကိုယ့်ရပ်ရွာမှာဆိုလျှင် သူ့မိသားစုက အတိုင်းအတာတခုအထိ ၀င်ဆန့်သည်ဟု ဆိုနိုင်သည်။ သူ့မိဘတွေမှာ အိမ်ပိုင် ရှိသည်။ အိမ်မှာ ဈေးဆိုင်ကလေး ဖွင့်တုန်းက သူကိုယ်တိုင် ဦးစီးခဲ့ဖူးသည်။ သူ့မှာ ဘွဲ့ဒီဂရီ တစ်လုံးလည်း ရှိသည်။
သို့သော် စာပေ၀ါသနာ ပါတာ တစ်ခုတည်းနှင့် ၄ နှစ်တိုင်တိုင် ပျော်ရွှင်စွာ သင်ယူခဲ့သော မြန်မာစာ အဓိက ဟူသည့် ဘာသာရပ် သည် အခုတော့ ဒီနေရာမှာ ဘာမှ သုံးလို့မရဘူး ဟူသောမှတ်ချက်ကို ရင်နာနာနှင့် လက်ခံရပြီလေ။

သည်နိုင်ငံလေးမှာ အလှူပွဲ တွေ့ဆုံပွဲ စသည့် ကိုယ့်လူမျိုးများ စုဝေးရာ နေရာများကို ရင်းနှီးသော သူငယ်ချင်းများ မပါလျှင် သူဘယ်တော့မှ မသွားပါ။ တခါက သူ့အဖေ၏ သူငယ်ချင်းတစ်ဦး၏ သမီးနှင့် ဆုံခဲ့ဖူးသည်။ မတွေ့တာ ကြာသည်မို့ အားပါးတရ နှုတ်ဆက်မိပါသည်။ ကျောင်းတက်နေသည်ဟု သူက သိထားသည်လေ။ သူလည်း အလုပ်လုပ်နေကြောင်း နေထိုင်သည့်နေရာနှင့် အလုပ်ကို ပြောပြနေရင်း ကောင်မလေးက ဟက်ဟက်ပက်ပက် မရှိလှတာကို သတိထားမိကာ သူမျက်နှာပူနွေးလာခဲ့သည်။

ရိုးသားသော သူ့မိသားစုကတော့ အဝေးရောက် သားကြီးအတွက် အမြဲ ဂုဏ်ယူနေခဲ့သည်။ ဖုန်းဆက်လိုက်လျှင် “နိုင်ငံခြားမှာ ငါ့သားတော့ တွေ့နေလောက်ရောပေါ့” ဟု ရယ်မောကာ မေးလာတတ်သော အဖေ့ကိုတော့ သူ့ တနေ့တာ အချိန်ဇယားကို ပြောမပြဖြစ်ခဲ့ပါ။

“ဟေ့ကောင် စိတ်ကူးယဉ်မနေနဲ့။ ငါတို့လို လက်တွေ့ကျကျ လုပ်လိုက်။ ဒီတပတ် တနင်္ဂနွေ သွားမယ်။”

“ဘယ်ကိုလဲ။”

နေရာ တစ်နေရာအကြောင်း သူ့နားနားကို ကပ်ပြီးပြောတော့ သူ အလိုလို ခေါင်းခါရမ်းလိုက်မိသည်။

“ဘာလဲ ဖဦးထုတ်မို့လို့ မကြိုက်ဘူးလား။ ရွှေလိုချင်ရင်လည်း ရွှေရပါတယ်။ ဒါဆိုရင်တော့ တိုးတိုးတိတ်တိတ်ပေါ့။”

သူငယ်ချင်းက ရယ်ကျဲကျဲဖြင့် ပြောလာတော့ သူအံ့သြမိသလို နာကျင်ရသည်။ သည်လိုနိုင်ငံကို ရောက်လာပါလျှက် သည်လိုအလုပ်ကို လုပ်နေရသော ကိုယ့်လူမျိုး မိန်းကလေးတွေ ရှိနေသေးတယ်တဲ့လား။ အားပေးရက်သူတွေလည်း ရှိနေသေးသတဲ့လား။

“ခင်ဗျားတို့ပဲ သွားကြပါဗျာ။ ကျွန်တော်က ပိုက်ဆံစုရမှာ အကြွေးတွေ များနေလို့ပါ။”

အတိုက်အခံ မဖြစ်အောင်သာ ကြည့်ပြောရင်း လှည့်ထွက်လာခဲ့သည်။

ရန်ဖြစ်ရမည်ကိုတော့ သူတတ်နိုင်သမျှ အမြဲရှောင်ပါသည်။ အလုပ်ထဲမှာ ကိုယ့်လူမျိုးတွေဟာ ရိုးသားပြီး မခိုမကပ် ကြိုးစားသည်ဟု နာမည်ကောင်းရပါလျှက် မဟုတ်မခံ စိတ်ဆတ်သည် ရန်ဖြစ်တတ်သည် ဟု ကောက်ချက်ချခံရသည်။ သူတို့ကလည်း ထိန်းချုပ်ထားခဲ့ရသော ခံစားမှုမျိုးစုံကို တခါတခါ သည်နည်းဖြင့် ဖောက်ချမိတတ်ကြသည်။ ရွေးချယ်စရာ နည်းပါးလာသော ဘ၀တွေမှာ အရေပြားတွေက ပါးလျလာသည်။ နှလုံးသားတွေက ကြွပ်ဆတ်လာခဲ့ကြသည်လေ။

ရှားပါးလှသော အားလပ်ချိန်တွေမှာ ကုန်တိုက်ကြီးတွေကို လှည့်ပတ်လျှောက်သွားရင်း မိန်းကလေးဖိနပ် ရောင်းသည့် ဆိုင်တွေ ရှေ့ကို ရောက်တိုင်း သူ ငေးမောကြည့်မိသည်။ သူမရဲ့ ဖိနပ်ကလေးဟာ သည်အရွယ်အစားလောက် ရှိမှာပဲ။ သည်လိုဖိနပ်ကလေးနဲ့ဆိုလျှင် သူမနဲ့ လိုက်ဖက်မှာပဲ စသည်ဖြင့် သူက စိတ်ကူးယဉ်လိုက်သေးသည်။ ဈေးနှုန်းတွေကို ကြည့်တော့ တော်တန်ရုံ အမျိုးအစားလေး ၀ယ်မည်ဆိုလျှင်ပင် မောင့်တလစာ မဟုတ်တောင် မောင့်တပတ်စာ ဟု ပြောရတော့မည် ထင်သည်။ သည်လိုဆိုပြန်တော့လည်း သူကြားဖူးသည့် မောက်မာသော မိန်းကလေးတွေ ပြောတတ်သလို ရှင့်လစာက ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် ရှိလို့လား ဟုပြောသော မိန်းကလေးမျိုး ဖြစ်မှာကို စိုးမိပါသေးသည်။

သူမကလေးဟာ ချစ်စဖွယ် ယဉ်ကျေးသော မြန်မာမကလေး ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မလဲ ဟု သူ မကြာခဏ တွေးဖြစ်သည်။ ခြေထောက်ကလေးကို ငေးမောခွင့်ရသည့် သည်အလုပ်ခွင်၏ သတ်မှတ်ချိန် ခြောက်လတာ မပြီးဆုံးခင်မှာ သူမ သိအောင် တစ်ခုခုတော့ ပြောပြချင်ပါသေးသည်။ မြန်မာမကလေး ဖြစ်ခဲ့လျှင်တော့ သူမရဲ့ နေ့စဉ် ခြေလှမ်းကလေးများအပေါ်မှာ ရင်ခုန်ယစ်မူးတတ်သော လူမျိုးတူ ကောင်ကလေး တစ်ယောက် ဟောသည် မြို့လေးပေါ်မှာ ရှိနေတယ် ဆိုတာလောက်ပေါ့။

အခွင့်အရေးပေးလာသည့် တနေ့နေ့မှာ သူမ သိအောင် ဘယ်လို ပြောရပါ့မလဲ။ သူက စိတ်ကူးယဉ်စွာ ကဗျာလေး တပုဒ် စပ်မိပါသည်။ ကဗျာနာမည်ကို “ခြေရာချွန်မြ” ဟုပေးထားသည်။ ကဗျာ အောက်မှာ “တိတ်တခိုး ငေးမောမိသူ” ဟု လက်မှတ်ကလေး ရေးလိုက်မည်။ ကဗျာက ကလေးဆန်လွန်းသလား။ သိပ်နုလွန်းနေသလား။ သူ့စိတ်ကူးတွေကလည်း ကဗျာလေးနဲ့အတူ နုနေသည်။

အခြေအနေပေးလာတဲ့နေ့မှာ သူက အမှတ်တမဲ့လိုလိုနဲ့ ဒီစာရွက်ကလေးကို သူမရှေ့ ရောက်အောင် မလှမ်းမကမ်းကနေ လွှင့်ချပစ် လိုက်မှာပေါ့။ စာရွက်ကလေးကို ကောက်ကြည့် ချင်စရာ ကောင်းအောင် ပန်းပွင့်ပုံ လိပ်ပြာပုံ အရိပ်ကလေးများပါသော စာရွက်လှလှလေး ၀ယ်ပြီး လက်ရေးလှလှဖြင့် ရေးထားမည်။ တကယ်လို့ မြန်မာမကလေး ဖြစ်ခဲ့လျှင် ဖတ်ပြီးတဲ့အခါ သူမ မျက်နှာလေး ဘယ်လိုဖြစ်သွားမလဲ။ တကယ်လို့ မြန်မာမကလေး မဟုတ်ခဲ့လျှင်တော့ နားမလည်စွာ သူ့ကို ကြည့်လာလျှင် ဆောရီး ဟုပြောပြီး မတော်တဆ လွင့်သွားသလိုလိုနှင့် စာရွက်ကလေးကို ပြန်သိမ်းယူလိုက်မည်။

သူက ကံအဆိုးဆုံး အခြေအနေကိုလည်း မျှော်လင့်ထားခဲ့သေးသည်။ ဥပမာ ကောင်မလေးက သူ့စာရွက်ကလေးကို လုံးဝ မမြင်ဘဲ တက်နင်းသွားခဲ့တာမျိုးပေါ့။ ဒါဆိုလျှင်လည်း သူမရဲ့ ခြေရာ စွန်းထင်းကျန်ခဲ့သော စာရွက်လေးကို သူက အမှတ်တရ သိမ်းဆည်း ထားတော့မည်လေ။

သူမျှော်သည့်နေ့ကို ရောက်လာစေချင်သလို ရောက်လာမှာကိုလည်း စိုးနေမိသည်။ ခြေထောက်ပိုင်ရှင်လေးကို အပြည့်အ၀ မြင်ခွင့်ရမည့်နေ့ သို့မဟုတ် အကာအရံများ ခွာချရသည့်နေ့ဟာ သည်အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့ပေပဲ။

“လူသွားလမ်းဘက် အခြမ်းကို နောက်ဆုံးမှ ဖြုတ်လေ။ ဒါမှ အမှုန်အမွှားတွေ ဟိုဘက် မလွင့်မှာပေါ့။”

သူ့အလုပ်ကြပ် ပြောသော စကားကြောင့် လမ်းမဘက်မှ အကာအရံများထံ လှမ်းနေသော သူ့လက်တွေ တွန့်သွားသည်။ ကျွတ်.. အရေးထဲမှာကွာ။ သူမ မရောက်ခင် ဒီအကာတွေ ခွာလို့ ပြီးပါ့မလား။

ဟော…. သူ့နားထဲမှာ အစဉ်မှတ်မိနေသော ခြေသံ သဲ့သဲ့ ကြားရပြီ။ အချိန်မှန်သော သူမ လာနေပြီ။ အိပ်ကပ်ထဲက ကဗျာစာရွက်ကလေးကို အသာစမ်းလိုက်မိသည်။

နားစွင့်နေရင်း ဒေါက် ဒေါက် ခြေသံ တိတ်သွားပြီ။ လမ်းမနားကို မရောက်ခင် ခြေထောက်ကလေး ရပ်သွားပြီ။ ဘာဖြစ်လို့ပါလိမ့်။ သူ့နားထဲမှာ စကားသံ သဲ့သဲ့ ကြားလိုက်ရသလို။ အိုး..။ သူ ပျော်ရွှင်စိတ်ဖြင့် ရင်ခုန်သံတို့ မြန်လာသည်။ ဟုတ်တယ်။ ဒါ မြန်မာသံ ပီပီသသပဲ။

“ဟင်.. ။ မေ့ကျန်ခဲ့သလား။ ဟုတ်သားပဲ စားပွဲပေါ် တင်ခဲ့တာလေ။”

သူမ၏ အသံသည် သူမ၏ ခြေထောက်ကလေးလိုပဲ လှနေသည်။ ချိုနေသည်။ သူမဟာ တခုခုကို အိမ်မှာ မေ့ကျန်ခဲ့သတဲ့။ ဒါဆို လှည့်ပြန်တော့မလို့လား။

“ဘာ.. လိုက်ပေးနေပြီ ဟုတ်လား။ အခု ဘယ်မှာလဲ။ ဒါဆို စောင့်နေမယ်နော်။”

သူ အကာအရံတွေကို အမြန်ဆုံး ဖြိုချလိုက်ချင်သည်။ ရှားရှားပါးပါး သူမ အကြာကြီး ရပ်နေသည့် အချိန်မှာ တစက္ကန့် တစက္ကန့်တိုင်းဟာ သူ့အတွက် အဖိုးတန်နေပြီ။ လမ်းမဘက် အကျဆုံး ထောင့်ဘက်မှ အလွှာကို စတင်ဖယ်ရှားရန် တွန်းဟလိုက်သည့်အခါ လှပသော ဒေါက်ဖိနပ်လေးကို အရင်ဆုံး မြင်လိုက်ရသည်။ သူ ခေါင်းမော့ ကြည့်ရန်အလုပ် အပြေးတပိုင်းဖြင့် လျှောက်လာသော ခြေသံ တဖြတ်ဖြတ်ကို ကြားလိုက်ရသည်။

“ဒီမှာ.. စောင့်နေတယ်။”

ရုတ်တရက် ပေါ်ထွက်လာသော သူမအသံကြောင့် သူ ဖြတ်ခနဲ ခေါင်းကို ပြန်ငုံ့ထားလိုက်မိပါသည်။

ခြေသံအသစ် သည် အနားတွင် ရပ်သွားသည်။ သူ့မြင်ကွင်းထဲသို့ အမျိုးသားစီး ရှူးဖိနပ်တရံ ရောက်လာသည်။

ပြောနေကြသော စကားသံသဲ့သဲ့ ကို သူ့နားထဲ မကြားသလို ကြားသလို ဖြစ်လာသည်။ ကဗျာစာရွက်ကလေးကို ထုတ်ပြီး အသံတိတ် ပြန်ဖတ်နေမိသည်။

**ခြေရာချွန်မြ**

ဒေါက်… ဒေါက်
ဒီအချိန်ရောက်တိုင်း
မိုးပေါ်ကကျလာတဲ့
ခဲတံတစ်လုံးစာ ဟန်ချက်မှာ
အသက်ရှူသံတွေ အေးစက်သွားတယ်။

ဒေါက်.. ဒေါက်
ကဗျာဆန်ဆန် အညို့ဓာတ်နဲ့
ရွှေဖိနပ် ပိုင်ရှင်ရေ…
ပြေပြစ်သွယ်လျ
မင်းအလှလေးကို
ဒီကငေးမိရုံပါကွယ်။

ဒေါက်.. ဒေါက်
ရင်ထဲထိ လျှောက်လာတဲ့
စည်းချက်မှန်မှန် နရီတေးရယ်….
တစ်လှမ်းချင်း နီးလာတိုင်း
တစ်လှမ်းချင်း ဝေးသွားတိုင်း
နွေးခနဲ အေးခနဲ
အတွေးထဲမှာ
ခြေရာချွန်မြ
စူးရှထင်ကျန်ရစ်ခဲ့ပေါ့ကွယ်။

သူခေါင်းကို မော့မကြည့်လိုက်တော့ပါ။ သပ်ရပ်ခံ့ညားသော ရှုးဖိနပ် တစ်ရံနှင့် လှပ ချစ်စဖွယ် ကောင်းသော ဒေါက်ဖိနပ် ချွန်ချွန်လေးတစ်ရံ မြင်ကွင်းမှ ပျောက်သွားပြီ။ လက်ထဲမှ ကဗျာစာရွက်ကလေးက သူစီးထားသော လည်ရှည် ရာဘာဖိနပ်ဝါ၀ါ ထဲကို ချွန်ချွန်မြမြ ထိုးဖောက်ကျသွားခဲ့ပြီ။

**ပန်ဒိုရာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)