**ဘရုစ်လီ၏ပစ္စည်းများ လေလံတင်မည်**
(ဟောင်ကောင်၊ သြဂုတ် ၂)
တရုတ်နိုင်ငံမှ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဘရုစ်လီ၏ အသုံးအဆောင်ပစ္စည်းအချို့ကို လာမည့်သြဂုတ် ၆ ရက်၌ ဟောင်ကောင်တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ၁၉၇၃ ခုနှစ်က အသက် ၃၂ နှစ်အရွယ်တွင် သေဆုံးခဲ့သောဘရုစ်လီသည် ကမ္ဘာတစ်ဝန်းမှပရိသတ်များ အထူးနှစ်သက်သဘောကျ အားပေးခဲ့သည့် တရုတ်ရုပ်ရှင်မင်းသား တစ်ဦးဖြစ်သည်။ ယခုအခါ ၄င်းရေးသားခဲ့သည့် စာတစ်စောင်နှင့် ကုတ်အင်္ကျီတစ်ထည်တို့အပါအ၀င် အခြားအသုံးအဆောင်ပစ္စည်း ၁၃ မျိုးကို လေလံတင်ရောင်းချမည်ဖြစ်သည်။ (အင်တာနက်)

Spain 3, Czech Republic 2: SPAIN ARE U19 EUROPEAN CHAMPIONS!
**ယူ - ၁၉ ဥရောပချန်ပီယံရှစ်ဖလားစပိန်လူငယ်များ ဆွတ်ခူးရရှိ**
(ချန်နာ(ဘူခါရက်)၊ သြဂုတ် ၂)
အသက် ၁၉ နှစ်အောက် (ယူ - ၁၉ ) ဥရောပချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၁ ရက်က ဘူခါရက်၌ ကျင်းပရာ စပိန်လူငယ်အသင်းနှင့် ချက်သမ္မတနိုင်ငံ လူငယ်ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါဗိုလ်လူပွဲတွင် စပိန်လူငယ်ဘောလုံးအသင်းက သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ စပိန်လူငယ်အသင်းသည် တိုက်စစ်ဖွင့်ကစားနိုင်ခဲ့သဖြင့် လက်ရှိချန်ပီယံ ချက်သမ္မနိုင်ငံအသင်းကို အနိုင်ရလိုက်ခြင်းဖြစ်သည်။ စပိန်ဘောလုံးအသင်းသည် လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်သကဲ့သို့ ဥရောပချန်ပီယံလည်းဖြစ်သည်။ အသက် ၁၉ နှစ်အောက် စပိန်အသင်းတွင် စပိန်လက်ရွေုးစင်အသင်းမှ လူငယ်ကစားသမားအများစု ပါဝင်ကစားခဲ့သည်။ (အင်တာနက်)

**တောင်ပံကစားသမား ဗလင်စီယာအား မန်ယူ နောက်ထပ်လေးနှစ်စာချုပ်**
(လန်ဒန်၊ သြဂုတ်)
မန်ယူတောင်ပံကစား အန်တိုနိုယိုဗလင်စီယာအား ၄င်းကလပ်က လေးနှစ်ထပ်မံစာချုပ်လိုက်သဖြင့် ၂၀၁၅ ခုနှစ်အထိ မန်ယူကွင်း အိုးထရက်ဖို့်ဒ်၌ ဆက်လက်ကစားရမည်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဗလင်စီယာသည် ၂၀၀၉ ခုနှစ်က ပီဂန်အသင်းမှ မန်ယူသို့ အပြောင်းလာပြီးနောက် ၆၉ ပွဲ ကစားခဲ့ရာတွင် ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment