**ကာရစ်ဘီယံပင်လယ်၌ အီမီလီမုန်တိုင်းဖြစ်ပေါ် သတိပေးချက်များ ထုတ်ပြန်ထား**
(မီယာမီ၊ သြဂုတ် ၂)
ကာရစ်ဘီယံပင်လယ်တွင် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်တည်လျက်ရှိကြောင်း၊ ယင်းမုန်တိုင်းသည် ပွာတိုရီကိုနိုင်ငံ ဆန်ဂျွန်မြို့အရှေ့တောက်ဘက် မိုင် ၃၅၀ ခန့် အကွာ၌ ဖြစ်တည်နေခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းဌာနက သြဂုတ် ၂ ရက်၌ သတိပေးချက်ထုတ်ပြန်လိုက်သည်။ အီမီလီဟု အမည်ပေးထားသော ၄င်းမုန်တိုင်းသည် ပွာတိုရီကိုနိုင်ငံနှင့် ပြင်သစ်နိုင်ငံ ဂွါဒီလူပီကျွန်းတို့ကို ဦးတည်ရွေ့လျားနေသဖြင့် ယင်းဒေသမျုားသည် မုန်တိုင်းဒဏိခံရနိုင်ကြောင်း သတင်း၌ဆက်လက်ဖော်ပြထားသည်။

(ဒိုမီနီုကန်)
..................
ထို့အတူ ဒိုမီနီုကန်၊ ဟေတီ၊ အမေရိကန်ဗာဂျင်းကျွန်းစုများမှာလည်း အီမီိလီမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခံရနိုင်ဖွယ်ရှိသည်။ ၄င်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၇ မိုင်နှုန်းဖြင့် ရွေ့လျားလျက်ရှိပြီး လာမည့် ရက်အနည်းငယ်အတွင် ကုန်းတွင်းပိုင်းဒေသများသို့ ၀င်ရောက်တိုက်ခတ်မည်ဖြစ်သည်။ (အင်တာနက်)
**ရုရှားနိုင်ငံအရှေ့ဖျားတွင် လေဆင်နှာမောင်းတိုက်ခတ်**
(မော်စကို၊ သြဂုတ် ၂)
ရုရှားနိုင်ငံ၏ အရှေ့ဖျားရှိ ဘလာဂိုဗက်ရှ်ချာနစကီမြို့၌ ဇူလိုင် ၃၁ ရက်ညပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ တစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၃၀ နီးပါရှိကြောင်း၊ အိမ်ခြေ ၁၀၀ နီးပါး အမိုးများလန်ကုန်ကြောင်းနှင့် ကားအစီး ၁၅၀ ခန့်ပျက်စီးခဲ့ကြောင်း ရုရှားသတင်းဌာနများတွင် သြဂုတ် ၁ရက်ကဖော်ပြသည်။ ခန့်မှန်းအပျက်စီးတန်ဖိုးမှာ ရူပီး သန်း ၈၀ (အမေရိကန်ဒေါ်လာ သုံးသန်း) ရှိကြောင်း၊ ရုရှားနိုင်ငံတွင် လေဆင်နှာမောင်း အလွန်ဖြစ်ခဲ့ကြောင်း သိရပြီး ယခုလေဆင်နှာမောင်းသည် ပထမဆုံးဖြစ်သည်ဟုလည်း မိုးလေ၀သမှတ်တမ်းများအရ သိရသည်။ (အင်တာနက်)
**နယ်သာလန်နိုင်ငံ၌ အမြန်ရေယာဉ် ပေါက်ကွဲမီးလောင်**
(သည်ဟိတ်၊ သြဂုတ် ၂)
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့အနီး အယ်လ်ခမာရာဒါရေအိုင်ကြီးအတွင်း သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက လူ ၁၅ ဦးတင်ဆောင်မောင်းနှင်လာသော အမြန်ရေယာဉ်တစ်စင်း ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ ၁ ဦးဒဏ်ရာရရှိခဲ့ကြာင်း နယ်သာလန်သတင်းဌာန အေအင်န်ပီက သတင်းထုတ်ပြန်သည်။ ၄င်းအမြန်ရေယာဉ်ပေါ်တွင် လူကြီးရှစ်ဦးနှင့် ကလေးငယ်ခုနစ်ဦးတို့လိုက်ပါလာကြပြီး နှစ်ဦးမှလွဲ၍ အားလုံးဒဏ်ရာရရှိခဲ့ကြကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
**အိန္ဒိယနိုင်ငံ၌ ဗုံးပေါက်ကွဲ၊ ငါးဦးသေဆုံး**
(အမ်ဖာဟယ်၊ သြဂုတ် ၂)
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ် မာနီပူ၏မြို့တော် အမ်ဖာဟယ်မြို့အတွင်းရှိ ဈေးတစ်ဈေးတွင် သြဂုတ် ၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံပြီး ၂၀ ခန့် ဒဏ်ရာရခဲ့သည်။
ဗုံးပေါက်ကွဲမှုမှာ အားပြင်းကြောင်းနှင့် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးတွင် ဗုံးကိုထားရှိပြီးေ
ောက်ခွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ု(အင်တာနက်)
**အတွင်းမွန်ဂိုလီးယားဒေသ၌ ရေလွှမ်းမှုဖြစ်ပွား၊ ၂၂ ဦးသေဆုံးပြီး ဒေသခံ ၅၀၀၀၀ ကျော်ရွှေ့ပြောင်းပေးရ**
(ပေကျင်း၊ သြဂုတ် ၂)
တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်သြဂုတ် ၁ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုများဖြစ်ပွားခဲ့ရာ ၂၂ ဦးသေဆုံးခဲ့သည့်အပြင် ဒေသခံ ၅၀၀၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေရကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ မိုးသည်းထန်မှုကြောင့် စီရင်စု ၇၀ ကျော်တွင် ပြည်သူ ၁ ဒသမ ၉၆ သန်းခန့်မှာ ဘေးဒုက္ခကြုံတွေ့နေရပြီး စိုက်ပျိုးမြေဟက်တာ ၆၁၈၅၀၀ ခန့်နှင့် နေအိမ် ၇၁၃၀၀ ခန့်တို့မှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ မြို့ပြရေးရာဗျူရိုမှာ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်၊ ဇော်ဦးခိုင်

No comments:
Post a Comment