ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 28, 2011

လူထုကျန်းမာရေး (အိပ်ချိန်လျော့နည်းသူများ ကိုယ်အလေးချိန် တိုးလာနိုင် )

>

**Public Health**

**အိပ်ချိန်နည်းပါးခြင်းသည် ဆာလောင်မွတ်သိပ်မှုကို မြှင့်တင်ပေးသလို ခန္ဓာကိုယ်အတွင်း ကယ်လိုရီ လောင်ကျွမ်းမှုကို နှေးကွေးစေသည်ဟု ပညာရှင်များကဆို **

သုတေသန ရလဒ်သစ် တစ်ခုက အိပ်ချိန်လျော့နည်းခြင်းသည် ခန္ဓာကိုယ် အလေးချိန် တိုးတက်စေသည့် အဓိက အကြောင်းရင်း တစ်ခုအဖြစ် အတည်ပြု ဖော်ပြပေးခဲ့သည်။ အိပ်ချိန်နည်းပါးခြင်းသည် ဆာလောင်မွတ်သိပ်မှုကို မြှင့်တင်ပေးသလို ခန္ဓာကိုယ်အတွင်း ကယ်လိုရီ လောင်ကျွမ်းမှုကို နှေးကွေးစေသည်ဟု ပညာရှင်များကဆိုသည်။

ယခုသုတေသန စစ်တမ်းကို ဆွီဒင်နိုင်ငံ အပ်ဆာလာ တက္ကသိုလ်မှ ခရစ္စတီယန် ဘန်နဒစ်ဦးဆောင်သော သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရလဒ်ကို အမေရိကန် ဆေးပညာဂျာနယ် Clinical Nutritionတွင် ဖော်ပြခဲ့သည်။

စစ်တမ်းအရ အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို အပြောင်းအလဲများ သက်ရောက်စေပြီး ခန္ဓာကိုယ်တွင် စွမ်းအင်သုံးစွဲမှုကို လျော့နည်းသွားစေရန် ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းသွားစေသည်။

သို့သော် လုံလုံလောက်လောက် အိပ်စက်အနားယူမှုမှာမူ ကယ်လိုရီ လောင်ကျွမ်းမှုကို မြင့်မားစေသလို ကိုယ်အလေးချိန် တက်လာခြင်းကို ဟန့်တားပေးကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ (၇၀)ခန့်သည် ပုံမှန်အိပ်ရေးမ၀ခြင်းနှင့် အိပ်ချိန်မမှန်ခြင်းများ ကြုံနေရကြောင်း အမေရိကန် ကျန်းမာရေးဌာန ပြောကြားခဲ့သည်။ ယခင်ကလည်း အိပ်ရေးပျက်ခြင်းသည် ကိုယ်အလေးချိန် တိုးလာမှုနှင့် ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိမှုများအရ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုတွေ့ရှိချက်က အိပ်ရေးပျက်ခြင်းသည် ဆာလောင်မွတ်သိပ်မှု တိုးပွားလာမှုနှင့် ဆက်စပ်နေပြီး အစားအသောက် လိုသည်ထက် ပိုစားရန် လှုံ့ဆော်မှုနှင့်ပါ ဆက်စပ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ သုတေသီများက အိပ်ရေးဝစွာ အိပ်စက်ထားခြင်း မရှိသူများသည် နောက်တစ်နေ့ နံနက်တွင် အသက်ရှူခြင်းနှင့် အစာချေခြင်းကဲ့သို့ ဇီဝဖြစ်စဉ်များတွင် ခန္ဓာကိုယ်က စွမ်းအင်သုံးစွဲမှုမှာ (၅)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းထိ လျော့ကျနေကြောင်း တွေ့ရှိခဲ့ရသည်။ အမျိုးသား အိပ်စက်ခြင်းဆိုင်ရာ ဖောင်ဒေးရှင်းက ကျန်းမာရေးအတွက် အသက်အရွယ် ရလာသူတိုင်း နေ့စဉ် (၇)နာရီမှ (၉)နာရီခန့် အိပ်စက်သင့်ကြောင်း ထောက်ခံပြောဆိုထားသည်။ ယခုသုတေသန ရလဒ်ကို ဖော်ထုတ်ခဲ့သော ဘန်နဒစ်က နေ့စဉ်ပုံမှန် အိပ်ရေးဝစွာ အိပ်စက်ခြင်းဖြင့် ကိုယ်အလေးချိန် တိုးမှုကို အထိုက်အလျောက် အဟန့်အတား ဖြစ်စေနိုင်မည်ဟု ရှင်းလင်းပြောဆိုသွားသည်။

Source: DailyChilli

**Mya YaMin**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)