** ဂျပန်ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သည့် ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ U-Kiss **
ကိုရီးယားလူငယ် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသော ကိုရီးယား ပေါ့ပ်ဂီတအဖွဲ့ U-Kiss သည် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ဂျပန်နိုင်ငံတွင်ပရိသတ်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာ ဂျပန်ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ Oricon ဂျပန်ဝက်ဘ်ဆိုက်၏ ဖော်ပြချက်တွင် U-Kiss ပေါ့ပ်တေးဂီတအဖွဲ့သည် ဂျပန်ပရိသတ်များနှင့် တွေ့ဆုံပွဲများကို ဇူလိုင်လ ၁၈ ရက်နေ့တွင် တိုကျိုမြို့၊ ဇူလိုင် ၂၄ ရက်နေ့တွင် နာဂိုရာမြို့နှင့် ၄င်းနောက် ခြောက်ရက်အကြာတွင် အိုဆာကာမြို့၌ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။ (အင်တာနက်)

(Spain beats Ecuador 2-0, advances at U20 World Cup)
** ယူ- ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ စပိန်အသင်း အီကွေဒါကို အနိုင်ရ **
(ဘာရန်ကွီလာ(ကိုလံဘီယာ) သြဂုတ်လ ၄ ရက်)
ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကိုသြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ကိုလံဘီယာနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ အုပ်စု(ဂ)မှ စပိန်အသင်းက အီကွေဒါအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ စပိန်အသင်းအတွက် အဖွင့်ဂိုးကိုရီးရဲမက်ဒရစ်ကစားသမား ဆာဂျီယိုကာနာလက်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၅၆ မိနစ်တွင် ကွင်းလယ်ကစားသမား ကာနာလက် လူစားဝင်ကစားပြီး စပိန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် အနီးကပ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** ၀က်စ်လိုက်ဖ်တေးဂီတအဖွဲ့ ကိုရီးယားတွင် ဖျော်ဖြေမည် **
နာမည်ကျော် ၀က်စ်လိုက်ဖ်တေးဂီတအဖွဲ့က အောက်တိုဘာတွင် တောင်ကိုရီးယားနိုင်ငံ၌ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖျော်ဖြေကျင်းပရေးတာဝန်ခံ Digi-Ent ဖျော်ဖြေရေး ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားရာ၌ ၀က်စ်လိုက်ဖ်တေးဂီတအဖွဲ့၏ ကိုရီးယားနိုင်ငံတွင် ဖျော်ဖြေမည့် ဂီတဖျော်ဖြေပွဲကို GRAVITY World TOUR in Seoul 2011 ဟု အမည်ပေးထားပြီး ယင်းဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၉ ရက်နေ့တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မြင့်မောင်စိုး **

No comments:
Post a Comment