တစ်ခါက မျက်မမြင် သားအဖနှစ်ဦးသည် တယောထိုးပြီး အသက်မွေးဝမ်းကျောင်းကြသည်။ သားဖြစ်သူက ဖခင်အား “ သားဘယ်တော့ မျက်စိမြင်ရမလဲ ဖေဖေ” ဟု အမြဲမေးသည်။ ဖခင်က “ တယောကြိုး အခု ၁၀၀ ပြတ်တဲ့ အထိ” ဟု ပြန်ဖြေခဲ့သည်။ ဖခင်ကွယ်လွန် သွားပြီးနောက် သားတစ်ယောက်တည်း တယောထိုးရင်း အသက်ဆက်ခဲ့ သည်။ သို့နှင့် ရက်မှလ၊ လမှနှစ်သို့ ကူးပြောင်းခဲ့သည့်တိုင် သားမှာ မျက်မမြင်ဘ၀နှင့် တယောထိုးမြဲ ထိုးနေခဲ့သည်။
တယောကြိုး အခု ၁၀၀ ပြတ်ချိန်တွင် သူသည် ဆံဖြူသွားကျိုးနေလေပြီ။ သူမြင်သမျှ အရာတိုင်းမှာ အမှောင်က ဖုံးလွှမ်းနေဆဲ။ သူမျက်ရည် ကျမိသော်လည်း မျက်နှာက ပြုံးနေမိသည်။ ဖခင်သည် သူ့အား အလင်းရောင် ပေးခဲ့သည်။ မျှော်လင့်ခြင်းဟူသော အလင်းရောင်ကို ထွန်းညှိပေးခဲ့သည်။ ထိုအလင်းရောင်သာ မရှိခဲ့လျှင် အမှောင်ထုက သူ့အား ၀ါးမျိုသွားနိုင်သည်။ သို့မဟုတ် မျက်မမြင်ဘ၀ကို စိတ်ပျက်ပြီး ဆင်းရဲခြင်းထဲတွင် လက်လျော့ အားပျော့ပြီး လဲကျသွားနိုင်သည်။
မလျော့သော ဇွဲဖြင့် မျှော်လင့်ချက်ဟူသော အလင်းရောင်ရှိနေသရွေ့ အမှောင်ထုသည် အမြဲ မကြီးစိုးနိုင်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--

No comments:
Post a Comment