ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 22, 2011

ပညာရှိနဲ့ မြင်း၁၉ကောင်

>

တစ်ခါတုန်းက ရွာတစ်ရွာမှာ မြင်း ၁၉ကောင်ကို ပိုင်ဆိုင်တဲ့ လူကြီးတစ်ယောက်ရှိပါတယ်… တစ်နေ့ သူသေဆုံးတော့ သေတမ်းစာ တစ်စောင် ချန်ထားခဲ့တယ်.. အဲဒီသေတမ်းစာထဲမှာက ဥာဏ်စမ်း ပဟေဠိလေးနဲ့ သူပိုင်ဆိုင်တဲ့ မြင်း၁၉ကောင်ကို အမွေ ခွဲဝေပေးခဲ့ပါတယ်… သူ့သေတမ်းစာထဲက အမွေ ခွဲဝေပေးခဲ့ ပုံလေးက ဒီလိုပါ…

သူပိုင်တဲ့ မြင်း ၁၉ ကောင်ထဲက တစ်ဝက်တိတိကို သူ့ရဲ့သားကို ခွဲပေးရမှာဖြစ်ပြီး လေးပုံတစ်ပုံကိုတော့ ရွာက ဘုရားကျောင်းအတွက်၊ ကျန်တဲ့ ငါးပုံတစ်ပုံကိုတော့ သူ့အပေါ်မှာ တစ်သက်လုံး သစ္စာရှိရှိနဲ့ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေ အတွက် ခွဲဝေပေးရန်ဖြစ်ပါတယ်တဲ့..

ရွာထဲက အသက်ကြီးတဲ့ လူကြီးတွေက အဲဒီသေတမ်းစာကို ဖတ်ပြီး ဦးခေါင်းတွေ ကွဲတော့မတတ် စဉ်းစားပြီး စိတ်ရှုပ်နေကြတယ်… ဘယ်လိုများ အမွေ ခွဲပေးရ ပါ့မလဲတဲ့… မြင်းက ရှိတာက ၁၉ ကောင် .. တစ်ဝက်ခွဲရမယ် ဆိုတော့ နောက်ဆုံးမြင်းတစ်ကောင်ကို တစ်ဝက် ပိုင်းရမလိုဖြစ်နေပြီ…

( စာဖတ်သူများ … ရှေ့ဆက်မဖတ်သေးဘဲ မြင်း၁၉ကောင်ကို သေတမ်းစာထဲက ညွှန်ကြားချက်အတိုင်း အတိအကျ ဖြစ်အောင် ဘယ်လိုများ ခွဲဝေမလဲလို့ ဒီနေရာလေးမှာ စဉ်းစားကြည့်ပါလားရှင်…)

စဉ်းစားလို့ မရဘူးဆိုရင်တော့ ရှေ့ဆက်ဖတ်ပါနော်………..

အဲဒီလိုနဲ့ သေတမ်းစာထဲက ပဟေဠိကို အဖြေမညှိနိုင်တဲ့ အတွက် ၂ပတ်တိတိကြာတဲ့တိုင်အောင် အမွေ မခွဲပေးနိုင်သေးဘဲ ဖြစ်နေပါတယ်.. နောက်ဆုံးတော့ သူတို့နေထိုင်တဲ့ ရွာနဲ့ မနီးမဝေး ရွာတစ်ရွာမှာနေတဲ့ ပညာရှိကြီးကို ဒီပဟေဠိကို ဖြေရှင်းပေးဖို့အတွက် အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..

လူလွတ်ပြီး အခေါ်ခိုင်းလိုက်လို့ ပညာရှိကြီးဟာ သူရဲ့ မြင်းကိုစီးပြီး ရောက်လာပါတယ်… ပြီးတော့ သူဘာများ ကူညီပေးရပါ့မလဲလို့ ရွာလူကြီးတွေကိုမေးပါတယ်… ရွာလူကြီးတွေက သေတမ်းစာ အကြောင်းကို ပြောပြပြီး အဲဒီထဲမှာ ၀ှက်ထားတဲ့ ပဟေဠိလေးကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းရခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်..
အဲဒီ သေတမ်းစာ အကြောင်းကို သိရတာနဲ့ တစ်ပြိုင်တည်း ပညာရှိကြီးဟာ နှောင့်နှေးခြင်း တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ခြင်းဘဲ ဖြေရှင်းပေး လိုက်ပါတယ်…

သူဖြေရှင်းပေးပုံလေးက ဒီလိုပါရှင်

မြင်း ၁၉ကောင်ကို ရှေ့နောက် ၂တန်း အညီ စီခိုင်းပါတယ်.. အဲလိုစီတဲ့အခါ ရှေ့အတန်းမှာ မြင်း ၁၀ကောင်ရှိပြီး နောက်အတန်းမှာတော့ မြင်းကိုးကောင်ဘဲ ရှိပါတယ်.. နောက်ဆုံးတန်းက လွတ်နေတဲ့ တစ်နေရာမှာ သူ့ရဲ့ မြင်းကို ထည့်ပြီး စီလိုက်ပါတယ်.. အားလုံးစုစုပေါင်း အကောင်၂၀ ဖြစ်သွားပါပြီ… ဒီတော့မှ ပထမအတန်းက တစ်ဝက် ဖြစ်တဲ့ ၁၀ ကောင်ကို သေတမ်းစာထဲက အတိုင်း သားဖြစ်သူကို ခွဲပေးလိုက်ပါတယ်…. အကောင်၂၀ရဲ့ လေးပုံ တစ်ပုံဖြစ်တဲ့ ၅ကောင်ကို ရွာဘုရားကျောင်း အတွက် ခွဲဝေလိုက်ပြန်တယ်… နောက်ထပ် ငါးပုံတစ်ပုံ ဖြစ်တဲ့ မြင်း ၄ကောင်ကို သစ္စာရှိ အလုပ်သမားတွေကို ခွဲဝေပေးလိုက်ပါတယ်.. ၁၀ကောင်ရယ် ၅ကောင်ရယ် ၄ကောင်ရယ် ပေးပြီးသွားတဲ့ နောက်ဆုံးမှာတော့ သူစီးလာတဲ့ မြင်း တစ်ကောင်သာ ကျန်နေခဲ့ပါတယ်… ဒီတော့ ပညာရှိကြီးဟာ ရွာသားတွေကို စကား အနည်းငယ် ပြောပြီးတဲ့နောက် သူ့မြင်းကို စီးပြီး ပြန်ထွက်သွားပါ တော့တယ်….

ရွာသားတွေဟာ ပညာရှိကြီးရဲ့ ဥာဏ်ပညာထက်မြက်ပုံကို အံ့အားသင့်ခြင်း မယုံနိုင်ခြင်း နှစ်ထောင်းအားရ ဖြစ်ခြင်းများစွာနဲ့ ကျန်နေခဲ့ပါတယ်.. ပညာရှိကြီး ပြောသွားခဲ့တဲ့ စကားတွေဟာလည်း သူတို့ရဲ့ရင်ထဲ အသည်းထဲမှာ ကဗျည်းထိုးလိုက်သလို ကျန်ရစ်ခဲ့ပါတယ်. အဲဒီစကားလေးကိုလဲ သူတို့ရဲ့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး ကျင့်သုံး သွားခဲ့ကြပါတယ်…

ပညာရှိကြီးက ရွာသားတွေကိုပြောသွားတဲ့စကားလေးက

ကျွန်တော်တို့ ဘ၀မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်ပျက်တွေ အကြောင်းအရာတွေ ကြားထဲမှာ တစ်ခါတစ်လေ မမျှော်မှန်းနိုင်တဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ထင်ရတဲ့ ပြဿနာတွေ ကြုံတွေ့ ရတတ်ပါတယ်.. ဥပမာ အခု ဖြစ်တဲ့ မြင်း၁၉ကောင်လို ပဟေဠိ ပြဿာနာမျိုးကို ခင်ဗျားတို့ အနေနဲ့ အဖြေမရှိဘူး မဖြေရှင်းနိုင်ဘူးလို့ ထင်ခဲ့ကြသလိုမျိုးပေါ့ဗျာ…. ဘယ်လောက် ခက်ခဲတဲ့ ပြဿနာမဆို အဖြေ တစ်ခုခုတော့ ထွက်ပေါက် အနေနဲ့ ရှိပါတယ်..အဲဒီလို ကြုံတွေလာတဲ့ အခက်အခဲတွေကို ခေါင်းအေးအေးထား စဉ်းစားဖို့နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ဘယ်လောက် ခက်ခဲတဲ့ ပြဿနာမဆို မာကြောတဲ့ ရေခဲတုံးဟာ တစ်ဖြေးဖြေး အရည်ပျော်သွားပြီး နောက်ဆုံးမှာ အငွေ့ပျံ ပျောက်ကွယ်သွား သလိုဘဲ ခင်ဗျားတို့ အခက်အခဲ၊ ပြဿာနာဟာလည်း တဖြေးဖြေးနဲ့ အဖြေကို ရှာတွေ့လာပြီး…. နောက်ဆုံး မှာတော့ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်.. ကျွန်တော်တို့ ဘ၀တွေကို ဖြတ်သန်းတဲ့အခါ ချစ်ခြင်းမေတ္တာ နဲ့ သစ္စာတရားဆိုတာ လက်ကိုင် ထားရပါမယ်… ချစ်ခြင်းမေတ္တာ နဲ့ သစ္စာတရားဆိုတာ ရေနဲ့တူပြီးတော့ ကျွန်တော်တို့တွေက လှေနဲ့တူပါတယ်.. လူတစ်ဦးနဲ့တစ်ဦး သစ္စာ တရားတွေ ထားပြီး မေတ္တာ ပွားကြမယ် ဆိုရင် ရေပေါ်မှာ သွားတဲ့ လှေလို သက်တောင့်သက်သာနဲ့ဘ၀ပန်းတိုင်ကို ခရီးဆက်နိုင်ပါလိမ့်မယ်.. တကယ်လို့ ချစ်ခြင်း မေတ္တာ မပါဘူး သစ္စာမရှိဘူးဆိုရင် ရေမရှိတဲ့ ကုန်းမြေပေါ်မှာ ပင်ပင်ပန်းပန်းနဲ့ဒရွတ်ဆွဲပြီး ပန်းတိုင်ရောက်ဖို့ ခက်ခက်ခဲခဲ သွားနေတဲ့ လှေနဲ့ တူပါတယ်…ဒါကြောင့် လူတိုင်းလူတိုင်း တစ်ဦးကိုတစ်ဦး စေတနာထားကြပါ.. မေတ္တာတရားလက်ကိုင်ထားကြပါ.. ဆိုတဲ့ စကားတွေဘဲ ဖြစ်ပါတယ်..

——————————————————————————————
စာဖတ်သူတို့ ဘ၀မှာလည်း တစ်စုံတစ်ရာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလွယ် တကူ လက်လျှော့ အရှုံမပေးပါနဲ့ … အချိန်ယူပြီး ခေါင်းအေးအေးနဲ့ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ပြဿာနာရဲ့ အဖြေကို တွေ့နိုင်မှာပါ… ပြီးတော့လဲ အခက်အခဲတွေ ပြဿာနာတွေ ပြည့်နေတဲ့ လောကကြီးကို ဖြတ်သန်းတဲ့အခါ သစ္စာတရားနဲ့ မေတ္တာတရားဆိုတဲ့ ရေပေါ်မှာ ဘ၀ဆိုတဲ့လှေကလေးနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင် ဖြတ်ကူး နိုင်ကြပါစေနော်…

(http://www.funzug.com/index.php/stories/19-horses-inspirational-story.html မှ ဆီလျှော်အောင် ဘာသာပြန်ပါသည်..)
**ချော (အစိမ်းရောင်လွင်ပြင်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)