(သြဂုတ် - ၂၃ ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ဒီကနေ့မနက်က ၀န်ကြီးချုပ်ခွန်ယင်လပ်ဟာ ညွန့်ပေါင်းအစိုးရရဲ့ မူဝါဒကြေညာချက်ကို လွှတ်တော်ကို ပေးပို့လိုက်ပါ တယ်။ ပါလီမန်ဥက္ကဋ္ဌဆုမ်ဆတ် သဘာပတိလုပ်တဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်အမတ်တွေပါ တဲ့ ပူးတွဲစည်းဝေးပွဲကို မနက် ၉ နာရီ ၁၅ မီနစ်မှာ စတင်ခဲ့ပါတယ်။ သူ့ရဲ့ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အောက်ပါမူဝါဒ ၈ ချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
၁။ အစိုးရအဖွဲ့ သက်တမ်းပထမနှစ်အတွင်း လွှတ်တော်ကိုတင်သွင်းတဲ့ အရေးပေါ်မူဝါဒများ။
၂။ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ။
၃။ စီးပွားရေးဆိုင်ရာ မူဝါဒ။
၎။ လူမှုတန်းတူညီမျှရေးဆိုင်ရာ မူဝါဒ။
၅။ သဘာဝသယံဇာတရင်းမြစ်နှင့် ပတ်ဝန်းကျင်းဆိုင်ရာ မူဝါဒ။
၆။ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ မူဝါဒ။
၇။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာဘောဂဗေဒနှင့်ပတ်သက်သည့် မူဝါဒ။
၈။ အစိုးရကောင်းဆိုင်ရာ မူဝါဒ စတာတွေ ဖြစ်ပါတယ်။(နေ့သစ်.)
ဖြစ်ရပ် - ၂။ ။မလေးရှားနိုင်ငံတွင် လူကုန်ကူးမှုဖြင့် အဖမ်းခံခဲ့ရသော တရုတ်ပြည်မှ ၀ီဂါလူမျိုး ၆ ဦးကို တရုတ်ပြည်သို့ ပြည်လည်ပို့ဆောင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မလေးရှား လူအခွင့်အရေးအဖွဲ့များက ဝေဖန်ပြောဆိုလိုက်သည်။ (RFA)
(သြဂုတ်လ ၂၀ ရက်၊ ၂၀၁၁)
မလေးရှားနိုင်ငံသို့ လူကုန်ကူးနေသူ တရုတ်နိုင်ငံသား (၁၁) ဦးကို ယနေ့ဖမ်းဆီးလိုက်ကြောင်း၊ ၄င်းတို့သည် တရုတ်ပြည်မှ လူများကို ထိုင်းနိုင်ငံမှတဆင့်ခံပြီး မလေးရှားနိုင်ငံထဲသို့ လူမှောင်ခိုတင်သွင်းနေကြသူများကိုဖြစ်ကြောင်းမလေးရှား ရဲတပ်ဖွဲ့က ပြောဆိုသည်။ (RFA)
(သြဂုတ်လ ၁၇ ရက်၊ ၂၀၁၁)ထိုင်း-မြန်မာနယ်စပ် ၊မဲဆောက်မြို့ 
တောင်ဘက်မှာရှိတဲ့ ဖုတ်ဖရမြို့ နယ်ထဲက နေရာ (၇ ။ ၈) ခု လောက်မှာ
မည်သည့်အထောက်အထားမျှမရှိသော မြန်မာစိုက်ပျိုးရေးလုပ်သား (၂၅၀) ခန့်အား ယနေ့ နံနက်(၄း၃၀) နာရီမှ စပြီး ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့များ ပါဝင်သော အဖွဲ့စုံ ရှင်းလင်းရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်)
(သြဂုတ်လ ၁၆ ရက်၊ ၂၀၁၁)
ဖြစ်ရပ် ၁။ ။ထိုင်း - မြန်မာနယ်စပ်၊ ရနောင်းမြို့ဘက်သို့ မြန်မာနိုင်ငံဘက်မှ ခိုးဝင်လာသော ရေယာဉ်တစ်စင်းကို ထိုင်းရေတပ်ကင်းလှည့် ရေယာဉ်က ဖမ်းဆီးရမိကြောင်း၊ တရားမ၀င်ခိုးဝင်လာသူ မြန်မာနိုင်ငံသား (…) ဦးပါဝင်ကြောင်း သိရသည်။ (RFA)
ဖြစ်ရပ် - ၂။ ။မလေးရှားနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲစနစ်တွင် အစိုးရနှင့် အတိုက်အခံ ကိုယ်စားလှယ်များပါဝင်သော ပူးတွဲလေ့လာကြီးကြပ်ရေးကော်မရှစ်တစ်ရပ်ကို ထူထောင်သွားရန် ရှိကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ပြောကြားခဲ့ကြောင်း၊ ဤပြောကြားချက်ကိုမလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က သတိဖြင့် ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။ (RFA)
(သြဂုတ် ၁၅ ရက်၊ ၂၀၁၁)
ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာရရှိအောင်ဆောင်ရွက်ရာတွင် လက်ရှိ ထိုင်းအစိုးရအဖွဲ့၏ အကူအညီမပါဝင်ကြောင်း၊ သက်ဆင်သည် ဥရောပနိုင်ငံတစ်ခုဖြစ်သော မွန်တီနီဂရိုးနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထား ပြီးဂျပန်နိုင်ငံသို့ဝင်ရောက်မည်ဖြစ်သည်။ (RFA)
(သြဂုတ် ၁၄ ရက်၊ ၂၀၁၁)
ထိုင်း - မြန်မာနယ်စပ် တနင်္သာရီတိုင်း ကောင်သောင်းမြို့တွင် နယ်ခံသံဃာတော်များ ကန့်ကွက်နေ့သည်ကြားမှ ကော့သောင်းမြို့နယ် (၇) မိုင်၌ ဘုန်းတော်ကြီးကျောင်းသစ်ကျောင်းအား အသစ်ဆောက်လုပ်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ကျောင်းဆောက်လုပ်မည့် နေရာသည် ရှိရင်းစွဲဘုန်းတော်ကြီးကျောင်းမှာနေကြောင်း၊ ကျောင်းများမှ နီးကပ်လွန်းခြင်းကြောင့် ဒေသခံလူထုကလည်း သံဃာတော်များနှင့်အတူ ကန့်ကွက်ကြကြောင်း သိရသည်။ (RFA)
သြဂုတ်လ ၁၂ ရက် ၂၀၁၁
ယနေ့ကျရောက်သော ထိုင်းမိခင်များနေ့ (၀ါ) ထိုင်းမိဖုရားသီရီခေတ် မွေးနေ့အခမ်းအနားများကို ထိုင်းနိုင်ငံတစ်ဝန်းမှ အိမ်ရှင်ထိုင်းနိုင်ငံသားများသာမက ဧည့်သည်မြန်မာပြည်သားများပါ နည်းအမျိုးမျိုးဖြင့်ကျင်းပလျက်ရှိရာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက်၊ မယ်ရမတ်မြို့နယ်၊ မယ့်ချရောတိုက်နယ်တွင်ဖွင့်လှစ်ထားသောငါတို့လမ်းသစ်ကျောင်း “Our New Road”မှ ကျောင်းသား ၃၀ယောက်၊ ဆရာများ၊ မိဘများက ရွာဦးဘုန်းတော်ကြီးကျောင်း၌ ထိုင်းမိခင်များနေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ (မြန်မာပြည်သားသတင်းစဉ် )
…
(သြဂုတ်လ ၈ ရက်၊ ၂၀၁၁)
ဖြစ်ရပ် ၃။ မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်များပြန်လည်ပို့ထောက်ရန် အစီအစဉ်ကို သြစတြေးလျတရားရုံးချုပ်က ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ ဤသို့ သြစတြေးလျတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (AI) ကကြိုဆိုလိုက်သည်။ (RFA)
ဖြစ်ရပ် ၂။ ၂၃ နှစ်မြောက်ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးအောက်မေ့သွယ်ရာ အခမ်းအနားများကို ထိုင်း - မြန်မာနယ်စပ်ရှိ လူထုအခြေပြုအဖွဲ့အစည်းများ အခြေစိုက်ရာ နေရာများရွှေ့ပြောင်းအလုပ်သမားပညာသင်ကြားရေးဌာနအချို့တို့၌ကျင်းပကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ် ၁။ မလေးရှားနိုင်ငံရှိကမ္ဘာလှည့်ခရီးသည်များအပန်းဖြေစခန်းတစ်ခုဖြစ်သော “ကာမာရွန်” ကုန်း မြင့် ဒေသတွငသြဂုတ်လ ၇ ရက်နေ့ကမြေပြိုမှုဖြစ်ပွားရာ လှူ(၇) ဦးသေဆုံးခဲ့ကြောင်း မလေးရှား မီဒီယာများက ယနေ့ဖော်ပြသည်။ (အင်တာနက်)
(သြဂုတ်လ ၇ ရက် ၂၀၁၁)
မလေးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် လှေစီးဒုက္ခသည်များအရေးကို ပြန်လည်စဉ်းစားပေးပါရန် နိုင်ငံ တကာလူ့အခွင့်အရေးအဖွဲ့က သြစတြေးလျနိုင်ငံအား တောင်းဆိုလိုက် သည်။ (RFA)
(သြဂုတ်လ ၅ ရက် ၂၀၁၁)
ဖြစ်ရပ်။ ။ (၁) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို မည်သို့မျှ ပိတ်ပင်တားဆီး၍ရမည် မဟုတ်ကြောင်းကို အာရပ်နိုင်ငံများက ပြဆိုခဲ့ပြီးဖြစ်ကြောင်း၊ မလေးရှားနိုင်ငံမှ အစိုးရ ခေါင်းဆောင်များသည် အီဂျစ်သမ္မတဟောင်း မူဘာရက်၏ တရားစွဲဆိုခံရမှုမျိုးကို သင်္ခန်းစာရယူသင့်ကြောင်း မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က ဝေဖန်လိုက်သည်။ (RFA)
ဖြစ်ရပ်။ ။ (၂) သြစတြေးလျနိုင်ငံမှ မလေးရှားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းမည့် တရားမ၀င် ခိုးဝင်လာကြသော မလေးရှားဒုက္ခသည် (၈၀၀)သည် ယ္ခုအခါ ခရစ္စမတ်ကျွန်း၌ ရှိနေကြကြောင်း၊ ယင်းတို့ထဲတွင် မိဘမဲ့ကလေးများပါဝင်နေခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်သုံးသပ်ပေးရန် ကုလသမဂ္ဂက ပြောဆိုလိုက်သည်။ (RFA)
(သြဂုတ်လ ၁ရက် ၂၀၁၁)
အမျိုးသား လုပ်ခသတ်မှတ်ရေး ၃ ပွင့်ဆိုင်ကော်မတီအောက်က လက်ရှိစနစ်တွေကိုအစားထိုးဖို့ နေ့စဉ်အနိမ့်ဆုံးလုပ်ခ တွေ တွက်ချက်ဖို့အတွက် လွတ်လပ်တဲ့အဖွဲ့တခုကို ထူထောင်သင့်တယ်။ ဒီအဖွဲ့ရဲ့ အစိုးရကိုယ်စားလှယ်တွေက အလုပ် ရှင်တွေ ဘက်ကိုပဲ ပုံမှန်ရပ်ကြတာ ဖြစ်တယ်။ လို့ တနေ့ကကျင်းပတဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဟောပြောပွဲတခုမှာ အလုပ် သမား သမဂ္ဂ၀င်တွေက ပြောပါတယ်။လုပ်ခသတ်မှတ်ရေး ၃ပွင့်ဆိုင်ကော်မတီအောက်မှာ အလုပ်သမားကိုယ်စားလှယ်တွေအတွက် အကျိုးမရှိဘူး။ ဘာလို့လဲ ဆိုတော့ အာဏာပိုင်တွေနဲ့အလုပ်ရှင်တွေအကြေား ဘက်လိုက်ပြီး စေ့စပ်ဆွေးနွေးတဲ့အပေါ်အခြေခံပြီး လုပ်ခတွေကို တွက်ချက်အတည်ပြုထားလို့ဖြစ်ပြီး၊ စီးပွားရေးအကြောင်းအချက်တွေအပေါ် အခြေခံထားတဲ့ မျှတတဲ့ အချက်အလက် အခြေအနေတွေပေါ်မှာ မူတည်တွက်ချက်သတ်မှတ်တာ မဟုတ်လို့ ဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ ဆာ့က် ဒီနားချတ်ခူးလ်နာအယုဒ္ဒယက ပြောပါတယ်။(နေ့သစ်)

No comments:
Post a Comment