**ဟောလိဝုဒ်တွင် အောင်မြင်နေသော ရုပ်ရှင်မင်းသမီး ဂျက်စီကာအယ်လ်ဘာ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၁)
ဟောလိဝုဒ်မှာအောင်မြင်မှုရရှိနေတဲ့ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ ဂျက်ဆီကာအယ်လ်ဘာလည်း ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင်နေပါတယ်။ စွဲမက်ဖွယ်ရာ မျက်နှာပိုင်ရှင်ဖြစ်တဲ့ ဂျက်ဆီကာအယ်လ်ဘာကို ပုရိသပရိသတ်တွေက စွဲစွဲလမ်းလမ်းအားပေးကြတာမို့ ဟောလိဝုဒ်မှာတော့ နာမည်ကျော်ကြားတဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ ဂျက်ဆီကာအယ်လ်ဘာဟာ အသက် ၁၇ နှစ်အရွယ်မှာ Camp Nowhere ဇာတ်ကားနဲ့စတင်ပြီး အနုပညာလောကကို ၀င်ရောက်လာသူဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားမှာ ပရိသတ်တွေရဲ့အာပေးမှုကို ရရှိခဲ့ပြီး ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးခဲ့သူပါပဲ။ ဂျက်ဆီကာအယ်လ်ဘာအောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ ၂၀၀၀ ပြည့်နှစ်မှာ ရိုက်ကူးခဲ့တဲ့ The Sleeping Dictionary၊ ၂၀၀၃ ခုနှစ်မျာ ရိုက်ကူးတဲ့ Honey ဇာတ်ကားနဲ့ Sin City ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ အဲဒီ Sin City ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ (အင်တာနက်)
**အချမ်းသာဆုံး ဆယ်ကျော်သက်အနုပညာရှင်အဖြစ် ဂျက်စတင်းဘီဘာနှင့် မီလေဆိုင်းရပ်စ်တို့ဖော်ပြခံရ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၁)
ကနေဒါနိုင်ငံသား ဆယ်ကျော်သက် ပေါ့ပ်အဆိုတော်ဂျက်စတင်းဘီဘာသည် ဟောလိဝုဒ်၌ ၀င်ငွေအကောင်းဆုံးလူငယ် အနုပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၁ ခုနှစ် မေလအတွင်း အနုပညာလုပ်ငန်းများမှဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဟောလိဝုဒ်၏ အချမ်းသာဆုံး လူငယ်အနုပညာရှင်တစ်ဦးအဖြစ် People မဂ္ဂဇင်း၌ ဖော်ပြသည်။ အသက် ၁၇ နှစ်အရွယ်ရှိ ဂျက်စတင်းဘီဘာသည် Never Say Never ရုပ်ရှင်ကားမှ ၀င်ငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိရရှိခဲ့သည်။ ထို့အတူ တေးအယ်လ်ဘမ်များမှ ၀င်ငွေများစွာရရှိခဲ့သူဖြစ်သည်။
ဟောလိဝုဒ် ဆယ်ကျော်ရုပ်ရှင်သရုပ်ဆောင် အသက် ၁၈ နှစ်အရွယ်မီလေဆိုငး်းရပ်စ်မျာလည်း ၀င်ငွေအကောင်းဆုံး ထိပ်တန်းအနုပညာရှင်တစ်ဦးအဖြစ်ဖော်ပြခြင်းခံရသည်။ သူမ၏ Best of Both Words ရုပ်ရှင်ကားမှ ၀င်ငွေအကောင်းဆုံးရရှိခဲ့သည်။ မီလေဆိုင်ရပ်စ်၏ Hannah Montan ဇာတ်ကားမှာဝင်ငွေအမေရိကန် ဒေါ်လာ ၄၈ သန်းရရှိခဲ့သည်။ ဂျက်စတင်းဘီလာ၏ မိန်းကလေးမိတ်ဆွေဖြစ်သည့် အနုပညာရှင် ဆီလီနာဂိုမက်စ်မှာ အမေရိကန်ဒေါ်လာ ငါးသန်းဝင်ငွေရှိကြောင်း ၄င်းမဂ္ဂဇင်းက ဖော်ပြသည်။ (အင်တာနက်)
**ရုပ်ရှင်မင်းသား ၀ဲလ်စမစ် ဇာတ်ကားသစ် ရိုက်ကူးနေ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၁)
ကမ္ဘာကျော်ရုပ်ရှင်မင်းသား ၀ဲလ်စမတ်က ၄င်းပါဝင် သရုပ်ဆောင်ထားသော Men in Black III ဇာတ်ကား အပြီးသတ်ရိုက်ကူးနေကြောင်း၊ ယင်းရုပ်ရှင်ကားကို လာမည့် ၂၀၁၂ ခုနှစ် မေလ၌ ရုံတင်ပြသမည်ဖြစ်ကြောင်း မကြာမီက ထုတ်ဖော်ပြောကြားသည်။ အသက် ၄၃ နှစ်အရွယ်ရှိ အမေရိကန်ရုပ်ရှင်မင်းသား ၀ဲလ်စမစ်သည် ယင်းဇာတ်ကား၌ အေးဂျင့်တစ်ဦးအဖြစ်သရုပ်ဆောင်ထားသော အင်္ဂလိပ်စကားဆင်နန်းဖီးက ရိုက်ကူးထားခြင်းဖြစ်ပြီး နာမည်ကျော် Men in Black ရုပ်ရှင်ကား၏ ဇာတ်လမ်းတွဲဖြစ်သည်။ ၄င်းဇာတ်ကားအား နယူးယောက်မြို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်မင်းသားကြီး တွမ်မီလီဂျူန်းစ်က တွဲဖက်ပါဝင်သရုပ်ဆောင်ထားသည်။ (အင်တာနက်)
**ဆင်ဆင်နာတီဖလား တင်းနစ်ဗိုလ်လုပွဲ အင်ဒီမာရေးနှင့် ဒီဂျိုကိုဗစ်တွေ့မည်**
(အိုဟိုင်းယို၊ သြဂုတ် ၂၁)
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ဆင်ဆင်နာတီမြို့၌ သြဂုတ် ၁၃ ရက်မှ ၂၁ ရက်အထိ Western & Southern open တင်းနစ် ပြိုင်ပွဲကြီး ကျင်းပလျက်ရှိရာ အမျိုးသား တစ်ဦးချင်း အကြိုဗိုလ်လုပွဲ တွင်ဗြိတိသျှတင်းနစ်ကစားသမား အင်ဒီမာရေးက အမေရိကန်တင်းနစ် ကစားသမား မာဒီဖစ်အားအနိုင်ရပြီးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီးဖြစ်သည်။ အင်ဒီမာရေးသည် ပြိုင်ဘက်မာဒီဖစ်အား ၆-၃၊ ၇-၆(၁၀-၈) ဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မာရေးသည် ဗိုလ်လူပွဲတွင် ကမ္ဘာ့နံပါတ်တစ် တစ်းနစ်ကစားသမား ဒီဂျိုကိုဗစ်နှင့် ကစားရမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ

No comments:
Post a Comment