ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 25, 2011

လူထုကျန်းမာရေး (အသားအရေကိုလှပစေသော သစ်သီးများ )

>

**Public Health**

အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ၀င်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။

**သင်္ဘောသီး (Papaya)**

သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..

**ပန်းသီး (Apples)**

ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်.. အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်.. မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်.. ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်.. ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်.. မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ၀က်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

**ရှောက်သီး (Lemons)**

အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်.. ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်.. သန့်စင်စေနိုင်ပါတယ်.. ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်.. ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်.. ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်.. အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်..

**သခွားသီး ( Cucumber)**

သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်… အဆီပြန်တတ်သူများအတွက်လည်း ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း ကျဉ်းစေနိုင်ပါတယ်..

**မက်မွန်သီး (Peaches )**

မက်မွန်သီးသည်လည်း အရေပြားအတွက် အလွန်ကောင်းမွန်သော အစွမ်းထက် သဘာဝပစ္စည်းဖြစ်ပါတယ်.. ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် မက်မွန်သီးနဲ့ ဒိန်ချဉ်တို့ကို ရောစပ်၍ မျက်နှာပေါ်တွင် ပေါင်းတင်ပေးနိုင်ပါတယ်.. မိနစ်၂၀ခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပြီးတဲ့အခါ ထူးထူးခြားခြား နူးညံ့စိုပြေလှပသော မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြောင်း သိရပါတယ်.... မက်မွန်သီးမှာ ဗီတာမင် အေနှင့် စီ ပါရှိခြင်းကြောင့် အရေပြားကို တောက်ပစေခြင်း၊ နူးညံ့ပျော့ပြောင်းစေခြင်း၊ အမဲစက်များကို လျော့ပါးစေခြင်း၊ ရေဓာတ်ကို ဖြည့်တင်းပေးခြင်း စသော အစွမ်းသတ္တိများကြောင့် အလှအပပစ္စည်းများတွင် တွယ်ကျယ်စွာ အသုံးပြုကြပါတယ်..

**နာနတ်သီး (Pineapple)**
သင်္ဘောသီးကဲ့သို့ပင် နာနတ်သီးသည်လည်း အရေပြားကို နုညံ့ပျော့ပြောင်းစေကာ ခြောက်သွေ့ထိုင်းမှိုင်းသော အသားအရေများကိုပင် စိုပြေကာ နုပျိုသစ်လွင်လာစေနိုင်သော အစွမ်းသတ္တိများရှိကြောင်း သိရပါတယ်.. နာနတ်သီးအလွှာများကို ကြမ်းတမ်းသော အရေပြားနေရာများဖြစ်သည့် ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေဖနောင့် ၊ ခြေမျက်စိတို့တွင် ပွတ်တိုက်ပေးပါက အသားမာများကို နုညံ့ပျော့ပြောင်းလာစေနိုင်ပါသည်။ ရေချိုးသောအခါတွင်လည်း ခန္ဓာကိုယ်အား နာနတ်သီးလွှာဖြင့် ပွတ်တိုက်ပေးပါက နုညံ့သန့်စင်သော အရေပြားကို ရရှိစေနိုင်ပါတယ်…

**သလဲသီး (Pomegranates)**

အနီရောင်သလဲသီးမှာ အဆီပြန်တတ်သော အသားအရေအတွက် အထူးသင့်တော်ပါတယ်.. သလဲသီးမှာ အရေပြားအတွက် အကျိုးဖြစ်စေသော AHA ပါဝင်သောကြောင့် ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဗီတာမင်စီလည်း ပေါများစွာ ပါဝင်သောကြောင့် သဘာဝ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်.. ကြိတ်ချေထားသော သလဲသီးစေ့များဖြင့် မျက်နှာပြင်ပေါ် ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါက အဆီပိုများကို ဖယ်ရှားပစ်ပြီး မျက်နှာပြင်အရေပြားကို လန်းဆန်းလာစေနိုင်ပါတယ်.. သလဲသီးရည်ဖြင့် မျက်နှာပြင်ပေါ် ၁၀မိနစ်ခန့် နှိပ်နယ်ပြီး ရေစင်အောင်ဆေးလိုက်ပါက တောက်ပကြည်လင်နေသော မျက်နှာပြင်ကို ပိုင်ဆိုင်စေနိုင်ပါတယ်..

**ငှက်ပျောသီး (Bananas )**

ငှက်ပျောသီးဟာ အရေပြားနာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လက်လို အသုံးဝင်ပါတယ်… ငှက်ပျောသီးမှာ ပရိုတိန်းနဲ့ သဘာဝ အဆီဓာတ်များ ပေါများစွာ ပါဝင်သောကြောင့် မည်သည့်အရေပြား အမျိုးအစားနဲ့မဆို သင့်လျော်ပါတယ်.. ငှက်ပျောသီးကို လက်နှင့်ချေမွ၍ မျက်နှာပေါ်တွင် မိနစ် ၂၀ခန့် မျက်နှာပေါင်းတင်ထားပြီး ရေခပ်နွေးနွေးဖြင့် သန့်စင်ဆေးကြောကာ Moisturize လိမ်းပေးပါက အရေပြားကို နုညံ့သန့်စင်စေသလို ချေမွထားသော ငှက်ပျောသီးကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ ဆံပင်အတွက် Conditioner အဖြစ်အသုံးပြုပါက တောက်ပနူးညံ့သော ဆံပင်သားကို လှပစွာ ဖန်တီးနိုင်ပါတယ်..

**ခရမ်းချဉ်သီး ( Tomato)**

ခရမ်းချဉ်သီးသည်လည်း အရေပြားအတွက် အစွမ်းထက်သော အထောက်အကူပြု အသီးတစ်မျိုးဖြစ်ပါတယ်.. နေပူထဲ အချိန်ကြာကြာသွားလာ၍ နေလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးနှင့် သခွားသီးအရည်ကို ရောနှော၍ နေလောင်သော နေရာသို့ ၁၀မိနစ်ခန့် လိမ်းပြီး ရေဖြင့် ဆေးကြောလိုက်ပါက နေလောင်ခြင်းမှ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်.. ပျားရည်နှင့် ခရမ်းချဉ်သီးအရည် အရောအနှောကို မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ပေါင်းတင်ထားပြီး ရေဖြင့်ဆေးကြောလိုက်ချိန်တွင် မှန်ထဲတွင် သန့်ရှင်းတောက်ပြောင်၍ ၀င်းလက်နေသော မျက်နှာပြင်ကို ဖန်တီးနိုင်ပါတယ်.. ခရမ်းချဉ်သီးကို အရေပြားသန့်စင်လှပဖို့ ပုံမှန်အသုံးပြုပါက ထူးခြားထင်ရှားစွာ ၀င်းလဲ့တောက်ပသော အရေပြားအလှကို တွေ့ရမှာ ဖြစ်ပါတယ်..

အလှအပကို နှစ်သက်သူ မိန်းခလေး၊ ယောက်ျားလေးများအားလုံး အိမ်မှာရှိတဲ့ အသီးအနှံများဖြင့် လှပ လန်းဆန်းသော မျက်နှာအလှကို ဖန်တီးနိုင်ကြပါစေရှင်။

Ref: Funzug.com and John Edward's Natural skin care from your kitchen
**Nwe Ni**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)