DESTRUCTIVE PATH: Hurricane Irene barrels down on Haiti and Dominican Republic
**ကာရစ်ဘီယံပင်လယ်၌ ဖြစ်ပေါ်သည့် အီ ရီနေဟာရီမုန်တိုင်း ဟေတီ၊ ဒိုမီနီကန်နှင့် ပွာတိုရီကိုနိုင်ငံများအား တိုက်ခတ်**
ကာရေဘီယံပင်လယ်တွင် ဖြစ်တည်ခဲ့သည့် အီရီနေဟာရီကိန်းမုန်တိုင်းသည် သြဂုတ် ၂၂ ရက်က ဟေတီနှင့် ဒိုမီနီကန် န်နိုင်ငံများသို့ ၀င်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်မှုနှင့် သစ်ပင်များလဲကျမှုများဖြစ်ပေါ်ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သြဂုတ် ၂၃ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ ၄င်းဟာရီကိန်းမုန်တိုင်းသည် အဆိုပါနိုင်ငံများသို့ ဖြတ်ကျော်ကာ ပွာတိုရီကိုနိုင်ငံသို့ သြဂုတ် ၂၃ ရက်က နံနက်ဝင်ရောက်တိုက်ခတ်ခဲ့ရာ တစ်နာရီမိုင် ၈၀ နှုန်းရှိကြောင်း မီရာမီအခြေစိုက်အမေရိကန်အမျိုးသား ဟာရီကိန်းဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**လောင်စာဆီတင်ယာဉ်များ ပါကစ္စတန်နိုင်ငံ၌ မီးလောင်**
(အစ္စလမ္မာဘတ်၊ သြဂုတ် ၂၃)
ပါကစ္စတန်နိုင်ငံ ဘလူချီစတန် ပြည်နယ်အနောက်တောင်ပိုင်းတွင် သြဂုတ် ၂၂ ရက်မွန်းလွဲပိုင်းက နေတိုးတပ်ဖွဲ့အတွက် ထောက်ပံ့ပေးမည် လောင်စာဆီတင်ယာဉ် ၁၉ စီးအကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကြောင့် မီးလောင် ပျက်စီးခဲ့ကြောင်း အူရဒူရုပ်မြင်သံကြားသတင်းဌာနက သြဂုတ် ၂၃ ရက်၌ သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ ကွီတာမြို့တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ မာစတန်ခရိုင် ဒက်ရ်အရပ် အဝေးပြေးကားလမ်းပေါ်၌ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင်အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လောင်စားဆီတင်ယာဉ်တန်း မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်။ လောင်စာဆီတင်ယာဉ်များ မီးလောင်နေမှု၏ မီးတောက်မီလျှံများကို အဝေးမှပင် လှမ်းမြင်နေရကြောင်း၊ ကွီတာမြို့မှ မီးသတ်ယာဉ်ခြောက်စီးအား အကြောင်းကြား ခေါ်ယူကာမီးငြှိမ်းသတ်ခဲ့ရကြောင်း ၄င်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment