**ဗလင်စီယာမှ မာတာအား ပေါင် ၂၃ သန်းခွဲဖြင့် ချယ်လ်ဆီးစာချုပ်**
(လန်ဒန်၊ သြဂုတ် ၂၃)
စပိန်ကလပ်ဗလင်စီယာတောင်ပံကစားသမား ဂျူအန်မာတာအား ချယ်လ်ဆီးအသင်းက ပေါင် ၂၃ ဒသမ ၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။ အသက် ၂၃ နှစ်ရှိ တောင်ပံကစားသမား ဂျူအန်မာတာ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန်ဆေးစစ်မှု ခံယူနေပြီဖြစ်ကြောင်း ချယ်လ်ဆီးတာဝန်ရှိသူများက ပြောကြားသည်။ မာတာသည် ၂၀၀၇ ခုနှစ်က ဗလင်စီယာသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က မာတာသည် စပိန်ယူ - ၂၁ တွင်လည်း အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားပေးခဲ့ရာဆုဖလားဆွတ်ခူးပေးနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။ ထို့အပြင် ၂၀၁၀ ခုနှစ်စပိန်အသင်း ကစားပေးခဲ့သူဖြစ်သည်။ မာတာသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဗလင်စီယာအတွက် ရှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အမှတ်ပေးဇယားတတိယနေရာရအောင်လည်း အဓိက ကစားပေးခဲ့သူဖြစ်သည်။ (အင်တာနက်)
**အာဆင်ဝင်းဂါး နှစ်ပွဲပိတ်ပင်ခံရ**
ပွဲပိတ်ပင်ခံထားရသည့် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် အီတလီစီးရီအေကလပ် အူးဒီနိစ်နှင့် သြဂုတ် ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲ၌ ၄င်း၏ လက်ထောက်နည်းပြအား ညွှန်ကြားမှုများပြုလုပ်ခဲ့သဖြင့် ယူအီးအက်ဖ်အေက နှစ်ပွဲပိတ်ပင်လိုက်သည်။ အာစင်ဝင်းဂါးသည် လာမည့်ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအကျော့ပြိုင်ပွဲနှင့် အခြားချန်ပီယံလိဂ်တစ်ပွဲတို့ လွဲချော်မည်ဖြစ်သည်။ ၄င်းအား ယူအီးအက်ဖ်အေက ယူရို ၁၀၀၀၀ကိုပါ ဒဏ်ရိုက်လိုက်သည်။ (အင်တာနက်)
**နာဆရီအားး မန်စီးတီးစာချုပ်မည်**
အာဆင်နယ်ကွင်းလယ်ကစားသမား နာဆရီအား ၄၈ နာရီအတွင်း မန်စီးတီးက ခေါ်ယူရန်စာချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးအသင်းနည်းပြ မန်စီနီက ပြောကြားသည်။ မန်စီးတီးက ပေါင် ၂၃ သန်းဖြင့် စာချုပ်ဖွယ်ရှိကြောင်းလည်း ပရီမီယာလိဂ်မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
**အင်္ဂလိပ် ဂေါက်သီးကစားသမား အိုလီဗာဖစ်ရှား ချက်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ဖလားဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၂၃)
အင်္ဂလိဂ်ဂေါက်သီးကစားသမား အိုလီဗာဖစ်ရှာသည် ချက်အိုးပင်းဂေါက်သီးရိုက်အားကစားပြိုင်ပွဲတွင် သြဂုတ် ၂၂ ရက်က သတ်မှတ်ရိုက်ချက်ထက် ၁၃ ချက်လျှော့ရိုက်ပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။ အိုလီဗာဖစ်ရှာသည် နောက်ဆုံးနေ့က ၆၉ချက်ရိုက်ပြီး ချက်အိုးပင်း ဂေါက်သီးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုဖလားသည် ၄င်း၏ပထမဆုံးသော ဥရောပပြိုင်ပွဲ ဆုဖလားဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဖစ်ရှာသည် ဆွီဒင်ဂေါက်သီးကစားသမား မီခေးလ်ဘမ်းဘတ်ထက် နှစ်ချက်အသာရိုက်ပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ မီးခေးလ်သည် သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက်သာ လျှော့ရိုက်နိုင်ခဲ့သည်။ အိုလီဗာဖစ်ရှာသည် လန်ဒန်မြို့သားဖြစ်ပြီး ၂၀၀၅ ခုနှစ်က Walker Cup ပြိုင်ပွဲတွင် အသက်အငယ်ဆုံး ဂေါက်သီးကစားသမားဖြစ်ခဲ့သည်။ (အင်တာနက်)
စုစည်ဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment