ဘွားဘွားကြီးဒိုရာကို မိသားစုက စိတ်ပြေလက်ပျောက်ဖြစ်အောင် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးစင်တာကို တစ်ရက်လောက် ပို့လိုက် ကြပါတယ်။
စင်တာမှာ မနက်စာကို ကောင်းပေ့ညွှန်းပေ့ဆိုတောတွေကျွေးသလို သွားလေရာ စောင့်ရှောက်ပေးမယ့် သူနှစ်ယောက်ကလည်း အသင့်ရှိ နေပါတယ်။ သူ့ရဲ့ ဘီးတပ် ကုလားထိုင်လေးနဲ့ စင်တာရှေ့ ပန်းခြံထဲ သွားဖို့ ပြင်လိုက်ရုံနဲ့ တွန်းပေးမယ့်သူက အဆင်သင့်ပါဘဲ။
တစ်ခါကျတော့ သူ့ကိုယ်လေး ဘယ်ဘက်နည်းနည်းစောင်းတာနဲ့ သူနာပြုဆရာမကလာပြီး ပြန်တည့်ပေး၊ညာဘက်စောင်းတာနဲ့ချက်ခြင်း လာတည့်ပေးပါတယ်။ နောက်ရက် စင်တာက ပြန်လာတော့ အဆင် ပြေရဲ့လား၊ ၀န်ထမ်းတွေ ဂရုစိုက်ရဲ့လားလို့ သားသမီးတွေက ၀ိုင်းမေး တော့ ဘွားဘွားကြီး ဒိုရာက သူ့ကို ၀န်ထမ်းတွေက အရမ်းဂရုစိုက်ကြ တယ်လို့ပြောရင်း သူထပ်ပြောတာက "တစ်ခုပဲ ကွယ်၊ ဘွားဘွားလေ လည်ချင်တာကို သူတို့က ပေးမလည်ကြဘူးကွဲ့"တဲ့။
(မြန်မာတိုင်း(မ်)
မှပြန်လည်ဖော်ပြပေးထားပါသည်။ )
ရတနာထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)
(BADBOY)

No comments:
Post a Comment